xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: KIA လက်နက်ကိုင်တို့ ရက်စက်မှုကမ်းကုန်လေပြီ တာပိန်ရေအားလျှပ်စစ်မှပြန်လာသောကားအား ရက်စက်စွာပစ်ခတ် ၊ ၇ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

Friday, August 5, 2011

KIA လက်နက်ကိုင်တို့ ရက်စက်မှုကမ်းကုန်လေပြီ တာပိန်ရေအားလျှပ်စစ်မှပြန်လာသောကားအား ရက်စက်စွာပစ်ခတ် ၊ ၇ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

KIA တို့ပစ်ခတ်မှုကြောင့်သေဆုံးသွားကြသူများ

တာပိန် (၁)ရေအားလျှပ်စစ်မှ ပြန်လာသောမော်တော်ယာဉ်တစ်စီးအား KIA လက်နက်ကိုင်အဖွဲ့မှ စောင့်ကြို၍ ရက်စက်စွာပစ်ခတ်ခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၈ ဦးအနက် ၇ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည် ။

 
လက်နက်ငယ်ကျည်များ အချက်ပေါင်းများစွာထိမှန်ထားသော မော်တော်ယာဉ်အားတွေ့ရစဉ်
 
ဖြစ်ပွားပုံမှာ တာပိန်ရေအားလျှပ်စစ်တွင် လေအေးပေးစက် ပြုပြင်ပြီး မိုးမောက်သို့ပြန်လာသော မော်တော် ယာဉ်တစ်စီးအား တာပိန်မိုးမောက်လမ်း မိုင်တိုင် ၁၉ နှင့် ၂၀ အကြားအရောက်တွင် ကြိုတင်စောင့်နေသော KIA အဖွဲ့က လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ဒုရဲအုပ် ၁ ဦး ၊ ယာဉ်မောင်း ၂ ဦး ၊ လေအေးပေးစက်ပြုပြင်သူ ၂ ဦး ၊ စကားပြန် ၁ ဦး ၊ စုစုပေါင်း ၆ ဦးမှာ နေရာတွင်ပင် သေဆုံးပြီး အခြား လေအေးပေးစက်ပြုပြင်သူတစ်ဦးနှင့် ရဲတပ်သားတစ်ဦးမှာ ဒဏ်ရာများဖြင့် နီးစပ်ရာတပ်မတော်စစ်ကြောင်းသို့လာရောက် သတင်းပို့ခဲ့ကြောင်း ၊ အဆိုပါဒဏ် ရာရရှိသူနှစ်ဦးအနက် လေအေးပေးစက်ပြုပြင်သူ မောင်သော်လင်းထွန်းမှာ ၀မ်းဗိုက်တွင်ရရှိထားသော ဒဏ်ရာဖြင့် ထပ်မံသေဆုံးသွားကြောင်း သိရှိရပါသည် ။

အဆိုပါဖြစ်စဉ်အား ပြည်ပအသံလွှင့်ဌာနတစ်ခုဖြစ်သော ဘီဘီစီ အသံလွှင့်ဌာနကထုတ်လွှင့်ချက်တွင် KIA အဖွဲ့က သူတို့အနေဖြင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုမရခင်က ထောင်ထားသောမိုင်း အား နင်းမိပေါက်ကွဲခြင်းသာဖြစ်ကြောင်း လိမ်ညာထုတ်လွှင့်ခဲ့ကြောင်းလဲ သိရှိရပါသည် ။

KIA လက်နက်ကိုင်အဖွဲ့သည် နိုင်ငံတော်မှ တည်ဆောက်နေသော ရေအားလျှပ်စစ် တည်ဆောက်ရေးများအား ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပြီး ဇွန် ၈ ရက် နေ့လယ်ပိုင်းက ကချင်ပြည်နယ် တာပိန် ရေအား လျှပ်စစ် စီမံကိန်းတွင် လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသည့် တပ်မတော် လုံခြုံရေးတပ်ဖွဲ့မှ စစ်သည် တစ်ဦးအား KIA အဖွဲ့ ဒွန်ဘုံစခန်းမှ ခေါ်ယူ စစ်ဆေးပြီး ကျည်ဆန်များ ထည့်ထားသည့် ကျောပိုးအိတ်အား သိမ်းဆည်း ထားခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော် အရာရှိနှစ်ဦးက KIA စခန်းသို့ သွားရောက် ဖြေရှင်းရာ ၄င်းအရာရှိ နှစ်ဦးကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ KIA အဖွဲ့က ထပ်မံဖမ်းဆီး ထိန်းသိမ်း ထားခဲ့ပြန်သည်။
ထို့ပြင် အခြေချ စစ်ဗျူဟာမှူး ဦးစီးသည့် စစ်ကြောင်းသည် ဗန်းမော်မှ တာပိန် ရေအား လျှပ်စစ် စီမံကိန်းသို့ ချီတက်လာစဉ် KIA ဆက်ဆံရေးရုံး ဆန်ခါစခန်းမှ လည်းကောင်း၊ တာပိန် ရေအား လျှပ်စစ် စက်ရုံအ၀င် တောင်ကုန်းထိပ် ထုံးဘိုမှ လည်းကောင်း KIA အင်အားစုများက စောင့်ကြိုပြီး ပစ်ခတ် တိုက်ခိုက်မှုများ စတင် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် မိမိစစ်ကြောင်း အနေဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ပြီး KIA အဖွဲ့မှ ဖမ်းဆီး ထိန်းသိမ်း ထားသည့် အရာရှိနှစ်ဦးကို ဇွန် ၉ ရက်တွင် ပြန်လည် ခေါ်ဆောင်ခဲ့ကြရသည့်ဖြစ်စဉ်မှစတင်ကာ ၁၇ နှစ်ကြာ ရရှိပြီးသား ငြိမ်းချမ်းရေး ပျက်ပြားခဲ့ရကြောင်း သိရှိရပါသည် ။