xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဗြိတိန်တွင် အကြမ်းဖက်မှုများ ၄ ရက်မြောက်ဆက်ဖြစ် ၀န်ကြီးချုပ်က အရေးပေါ်လွှတ်တော်အစည်းဝေးခေါ်

Wednesday, August 10, 2011

ဗြိတိန်တွင် အကြမ်းဖက်မှုများ ၄ ရက်မြောက်ဆက်ဖြစ် ၀န်ကြီးချုပ်က အရေးပေါ်လွှတ်တော်အစည်းဝေးခေါ်

လုံခြုံရေးတာဝန်ယူရသူတွေက ဆန္ဒပြသူတွေကို ဒီလိုရိုက်တိုင်း အာဏာရှင်အစိုးရကို ကာကွယ်နေတာဆိုပါရင်...

ဗြိတိန်နိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက် အဓိကရုဏ်းတွေဟာ ဒီကနေ့ ၄ ရက်မြောက်နေ့မှာတော့  လန်ဒန်မြို့ တခုတည်းတင် မကတော့ပဲ ဗြိတိန်နိုင်ငံက တခြားမြို့တွေမှာပါ ကူးစက် ဖြစ်ပွားနေပြီဖြစ်ကြောင်း သိရှိရပါတယ်။


ယုံကြည်ချက်ကြောင့်ဆန္ဒပြနေကြတာလေ..ချွင်းချက်မရှိလွှတ်ပေးလိုက်ကြပါလား


ဒီပြဿနာကို ဖြေရှင်းဖို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က လွှတ်တော်ကို ခေါ်ယူထားပါတယ်။ လမ်းမတွေပေါ်မှာလည်း ရဲအင်အားကို ၃ ဆနီးပါး အရေအတွက်အားဖြင့် ၁၆၀၀၀ လောက်ထိ တိုးပြီး ချထားလိုက်ပါတယ်။

ဒီလို အကြမ်းဖက်မှုဖြစ်စဉ်အတွင်း နှစ်ဘက်သေဆုံးသူ အနည်းဆုံး ၂၀ ကျော်ခန့် ရှိမယ်လို့ဒေသခံတွေက ဆိုနေကြပေမယ့် အစိုးရကတော့ ၃ ဦးသာရှိတယ်လို့ တရားဝင် သတင်းထုတ်ပြန်ပါတယ် ။ အလားတူပဲ အစိုးရထုတ်ပြန်တဲ့ ဖမ်းဆီးထားသူ ၁၀၂၅ ယောက်ဆိုတဲ့အရေအတွက်ဟာ အမှန်တကယ်ဖမ်းထားတာ ထက် အလွန်အင်မတန်ဘဲ နည်းနေတဲ့ ဖေါ်ပြချက်ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုဖြစ်နေတဲ့ အဓိကရုဏ်းတွေဟာ နှစ် တော်တော်များများအတွင်း ဗြိတိန်က မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေထဲမှာ အဆိုးဝါးဆုံးဖြစ်ပြီး အဆောက်အဦးများ ၊ မော်တော်ယာဉ်များ ၊ ဘတ်စ်ကားဂိတ် ၊ ဈေးဆိုင်တော်တော်များများလုယက် မီးရှို့တာခံခဲ့ရပြီး လန်ဒန်မြို့က နေရာ တော်တော်များများမှာ ရဲတွေနဲ့ လူငယ်တွေလည်း အပြန်အလှန် တိုက်ခိုက်တာတွေကနေ သေဆုံးမှုတွေထိ ရှိခဲ့ပါတယ်။


ဒီအဖြစ်အပျက်တွေကို ကြည့်ပြီး ဗြိတိန်ဝန်ကြီးချုပ်က တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ အခြေအနေပဲ လို့မှတ်ချက်ချပြောဆိုခဲ့ပြီး အရေးပေါ်လွှတ်တော် အစည်းဝေးခေါ်ယူထားပါတယ် ။ 
 
အကြမ်းဖက်မှုတွေဟာ ဘာမင်ဂန်၊ လီဗာပူးနဲ့ ဘရစ်စတို မြို့တွေမှာလည်း ဖြစ်ပွားနေပြီး အဲဒီမှာ မီးရှို့မှုတွေ၊ ပစ္စည်းလုယူမှုတွေလည်း ဖြစ်ပွားနေပါတယ်။ အဆိုးဆုံးကတော့ မန်ချက်စတာ ဒေသမှာဖြစ်ကြောင်း သိရပါတယ်။ ဒေါသူပုန်ထနေကြတဲ့ လူငယ် ရာပေါင်းများစွာဟာ ပြတင်းတံခါးတွေကို ရိုက်ခွဲ၊ ဆိုင်တွေကို လု၊ ဗြိတိန်နိုင်ငံရဲ့ တတိယ အကြီးမားဆုံးမြို့မှာ အဆောက်အဦးတွေကို မီးတင်ရှို့နေကြ တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဘာမင်ဂမ်မြို့မှာတော့ ဒုတိယနေ့အဖြစ် အကြမ်းဖက် တာတွေ ပိုများလာတယ်လို့ သတင်းတွေက ဆိုကြပါတယ်။

ဒီကနေ့မှာ ကျင်းပမယ့် ဗြိတိန်နဲ့ နယ်သာလန် ကစားကြမယ့် ဘောလုံးပွဲစဉ်ကိုလည်း အမှတ်မထင် ဖျက်သိမ်းလိုက်ပြီး လာမယ့်စနေနေ့မှာကျင်းပမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေလဲ ရွှေ့ဆိုင်းရမယ့် အခြေအနေမျိုးဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ် ။

ငြိမ်ဝပ်ပိပြားမှု ပြန်လည်ရရှိအောင် ဆောင်ရွက်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က  ပြောဆိုလိုက်ပြီး အဓိကရုဏ်းဖြစ်အောင် အကြမ်းဖက်ကြသူတွေကို အပြစ်ပေး အရေးယူမယ်လို့လည်း ပြောလိုက်ပါတယ်။ အခုလို အကြမ်းဖက်မှုဟာ ရာဇ၀တ်မှုသက်သက် သာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ လန်ဒန်မြို့ရဲ့ နေရာတော်တော်များများဟာ မီးလောင်နေသောမော်တော်ကားများ ပျက်စီးနေသောအဆောက်ဦးများ မီးခိုးငွေ့များနဲ့ ဖြစ်နေပြီး  စစ်တလင်းနဲ့ တူနေတယ်လို့ ဆိုပါတယ် ။

စီးပွားရေး မကောင်းတဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ပြီးခဲ့တဲ့ အပတ်အတွင်း ရဲက ပစ်ခတ်တဲ့အတွက် လူတယောက် သေဆုံးသွားခဲ့ရာက အခုလို အကြမ်းဖက်တာတွေ ဖြစ်ပေါ်လာ ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar