xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သူတို့မြင်သော ဒေါ်အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေးပေးစာ

Thursday, August 4, 2011

သူတို့မြင်သော ဒေါ်အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေးပေးစာ

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကို ပံ့ပိုးရန် အတွက် ကျွန်မအနေနှင့် ကိုယ်စွမ်း ရှိသမျှ ပါဝင်ကြိုးပမ်းပေးရန် အသင့် ရှိပါသည်ဟု ရေးသား ထားသော ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့် ပေးစာမှာ ဇူလိုင် ၂၈ ရက်တွင် ထွက်ရှိလာခဲ့သည်။ ထိုပေးစာ၏ အဓိကဆိုလိုရင်း မှာ လက်ရှိဖြစ်ပွားနေသော တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပဋိပက္ခအပေါ် နိုင်ငံရေး နည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် နှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲရေး။ ”အမျိုးသား ရင် ကြားစေ့ရေး ကို စစ်ရေးနည်းများဖြင့် တည် ဆောက်၍ မရနိုင်ပါ။ နိုင်ငံရေးနည်း လမ်းဖြစ်သော ဆွေးနွေးညှိနှိုင်းဖြေ ရှင်းခြင်းဖြင့်သာ တည်ဆောက်သွား ကြရ မည်ဖြစ်ပါသည်။ နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းနိုင်ကြမှသာလျှင် ပြည် ထောင်စုကြီးအနာဂတ်ကို အာမခံ နိုင်မည့် စစ်မှန်သော တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို ရရှိမည်ဖြစ် ပါသည်။ စစ်မှန်သော ငြိမ်းချမ်းပြေ လည်မှုမရရှိလျှင် ပြည်တွင်းစစ်မီးဟူ သည် ကျယ်ပြန့်သွားနိုင်သည့် အန္တရာယ်ရှိတတ်ပါသည်” ဟု ထို အိတ်ဖွင့်ပေးစာ တွင်ဒေါ်အောင်ဆန်း စုကြည်က ဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာအပေါ် တခြားနိုင်ငံ ရေး ကျွမ်းကျင်သူများကရော မည် သို့ရှုမြင်သနည်း။ ထို့ထက်ပို၍ ၄င်း တို့၏ ငြိမ်းချမ်းရေးအမြင်၊ ငြိမ်းချမ်း ရေးကို တောင့်တနေကြသော ပြည် သူများကလည်း သိချင်ကြမည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။ ထို့ ကြောင့် ‘သူတို့မြင်သော ဒေါ်အောင် ဆန်းစုကြည်၏ ငြိမ်းချမ်းရေးပေးစာ’၊ Popular  News မှ တင်ဆက် လိုက်ပါသည်။
အယ်ဒီတာအဖွဲ့



ဦးကိုကိုလှိုင်
ဦးကိုကိုလှိုင်
နိုင်ငံတော်သမ္မတနိုင်ငံရေးအကြံ ပေး
သိပ်ထူးထူးထွေထွေတော့ ပြောစရာမရှိပါဘူး။ သူပြောတဲ့ဟာ တွေက အကုန်မှန်နေတာပဲ။ နိုင်ငံ တော်ရဲ့ မူဝါဒကလည်း သူ့ထုတ် ပြန် ကြေညာချက်အတိုင်းပါပဲ။ တစ်သဘောတည်းပါပဲ။ နှစ်ပေါင်း ၅ဝ ကျော် လောက် တိုက်ခိုက်လာပြီး ဘာအကျိုးမှလည်း မရှိတဲ့အ တွက်ကြောင့်မို့လို့ ပြီးခဲ့တဲ့ တပ်မတော် အစိုးရလက်ထက်မှာ ငြိမ်း ချမ်းရေးလုပ်ခဲ့ကြတာပေါ့။ ငြိမ်း ချမ်းရေးလုပ်ခဲ့လို့ အဲဒီဒေသတွေမှာ အတိုင်း အတာအလျောက်တိုးတက် ဖွံ့ဖြိုးခဲ့တယ်။ အခုပြန်ပြီးတော့မှ ဒီ လိုတိုက်ခိုက်တယ်ဆိုတော့ မလို လားအပ် တဲ့ပြဿနာပေါ့။ ဘယ်သူ မှလည်းမလိုချင်ပါဘူး။ နိုင်ငံတော် အစိုးရကလည်း ဆက်ပြီးတော့ နိုင်ငံ တည်ဆောက်ရေးကိစ္စတွေမှာ အ နှောင့် အယှက်ဖြစ် မှာ မလိုပါဘူး။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှပဲ ဖွံ့ဖြိုး တိုးတက်ရေးက လုပ်နိုင်မှာလေ။ ဒါကလည်း အမှန်အတိုင်းပါပဲ။ အဲ ဒီလိုလုပ်ဖို့အတွက် လည်း တစ်ယောက် နဲ့တစ်ယောက် အပြန်အလှန်နား လည်မှု၊ အပြန်အလှန်ယုံကြည်မှု တွေ တည်ဆောက်ရမယ်ဆိုတာ လည်း အမှန်ပဲ။ နောက်တစ်ခုက ဘာလိုသလဲ ဆိုတော့ ဒီလို အပြန် အလှန်နားလည်ဖို့ကိစ္စမှာ ပါးစပ် ကပြောနေရုံနဲ့ မရဘူး။ လက်တွေ့ ကလည်း တိုင်းရင်းသားအကုန်လုံး က တန်းတူညီမျှတိုးတက်ဖွံ့ဖြိုးဖို့ အတွက် အကုန်လုံးဝိုင်းလုပ် ကြရ မယ်။ ဒါကလည်း လက်တွေ့အခြေ အနေအရကိုပဲ အကုန်လုံးတန်းတူ ညီမျှတိုးတက်အောင် ဝိုင်းလုပ်တဲ့အ ခါ တန်းတူညီမျှတိုးတက်လာမှ တစ် ယောက်နဲ့ တစ်ယောက်ယုံကြည်ကြ မှာ။ ဘာကြောင့်လဲဆိုရင် တစ်ခုက တိုးတက်တယ်။ တစ်ခုက မတိုး တက်ဖူးဆိုရင် အဲဒါကိုကြည့်ပြီး ဘယ်လိုမှ တည်ဆောက် လို့ရမှာ မ ဟုတ်ဘူး။ အဲဒီဒေသတွေမှာ လူမှု ရေးပိုင်း၊ စီးပွားရေးပိုင်း တိုးတက်ဖို့ တွေလည်း လိုတယ်။ ပြီးခဲ့တဲ့နှစ် ၂ဝ အတွင်းမှာလည်း လုပ်ခဲ့တယ်။ တိုးတက်သင့် သလောက် တိုးတက် တယ်။ ဒါပေမဲ့ ထပ်ပြီးတော့ လုပ် ဖို့လည်း အများကြီးကျန်နေသေးတယ်။ တစ်ခုရှိတာ အဲဒီလိုလုပ်ဖို့အ တွက်က ညီညီညွတ်ညွတ်ရှိဖို့လို လာပြန်ရော။ ဆိုတော့ ဒီဟာတွေ က အပြန်အလှန်ဆက်စပ်နေကြ တာ။ လုပ်ကြရမယ့်ကိစ္စတွေက နိုင်ငံရေးတစ်ခုတည်းတင်မဟုတ်ဘူး။ လူမှုရေး၊ စီးပွားရေးပါ ဖွံ့ဖြိုး တိုးတက် အောင်လုပ်ဖို့လိုတယ်။ အဲဒီလို လုပ် ဖို့ကြပြန်တော့လည်း လုံခြုံရေးပိုင်း က ပြန်လိုလာပြန်ရော။ အဲဒီလိုတွေ နဲ့ အပြန်အလှန် မှီတည်နေကြတာ။ အဓိက အကျဆုံးကတော့ ဒီလိုနားလည်မှုတည်ဆောက်ဖို့က နိုင်ငံရေးအရ နားလည်မှုတည် ဆောက်နိုင်တယ်။ အပြန်အလှန်ယုံ ကြည်နိုင်ဖို့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံဖို့လို မယ်။ တစ်ယောက်သဘောထားကို တစ်ယောက် နားလည်နိုင်ကြရမှာ ပေါ့။ အပြန်အလှန်သဘောထားကို နားလည်ကြရမယ်။ အဲဒီအတွက် လည်း ကြိုးပမ်းနေကြပါတယ်။ သိသလောက်တော့ ကချင် ပြည်နယ်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ရှိတယ်။ တခြားဒေသတွေ မှာလည်း သူ့လမ်းကြောင်းနဲ့သူရှိ ကြမှာပေါ့။ ဖြစ်နိုင်သလောက်က တော့ အင်အားသုံးတဲ့နည်းထက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းတဲ့နည်း ကို အကုန်လုံးက လိုလားကြမှာပဲ။ ဒါပေမဲ့ အမြင်တွေကတော့ အမျိုး မျိုးရှိကြမှာပဲ။ အပြင်ဘက်က ပယောဂတွေလည်းပါတတ်တယ်။ နွားကွဲရင် ကျားဆွဲတတ်တယ်။ အပြင်ဘက်က ပယောဂတွေက လည်း ငြိမ်းချမ်းရေး မဖြစ်အောင်၊ သဘောတူညီချက်တွေ မရအောင် လိုက်ပြီးတော့ ကြိုးကိုင်နေတာတွေ၊ သွေးထိုးနေတာတွေ၊ မြှောက်ပေး တာတွေ၊ လက်နက်တွေ ပေးနေတာတွေ၊ ဒါတွေကလည်း ရှိတာ ပေါ့။ ဒီအခက်အခဲတွေကလည်း စိန်ခေါ်မှုတွေပေါ့။ ဒါတွေကျော်လွှား ပြီးတော့မှ တစ်ယောက်နဲ့တစ် ယောက် ညီအစ်ကိုအချင်းချင်း၊ မိသားစု အချင်းချင်း ပြဿနာလို့ သဘောထားပြီးတော့မှ ဆွေးနွေး နိုင်မှာ။ ဆွေးနွေးနိုင်မယ့်လမ်း ပေါက်တွေကလည်း အများကြီးပဲ လေ။ လွှတ်တော် အစည်း အဝေး တွေ ရှိတယ်။ ဒီလွှတ်တော်အစည်း အဝေးတွေကနေလည်း ပြောနိုင်တယ်။ အကောင်းဆုံးကတော့ တရား ဥပဒေ၊ အခြေခံဥပဒေတွေ ကနေ ပြောကြဆိုကြ လို့ရှိရင် ပိုပြီးတော့ လည်း တရားဝင်တယ်။ ပိုပြီးတော့ လုပ်နည်းကိုင်နည်းကပိုကောင်းတာ ပေါ့။ အဲဒါကိုလည်း ဝိုင်းပြီး ကြိုး စားကြဖို့ လိုတာပေါ့။အပြင်ဘက်မှာ ရှိနေတဲ့ ထင်ရှားတဲ့လူတွေ၊ တိုင်း ရင်းသားလူမျိုးစုတွေနဲ့ ထိတွေ့ဆက် ဆံတာ အရင်တုန်းကလည်း လုပ်ခဲ့ တယ်။ စသည်ဖြင့် အကုန်လုံးရဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှု လည်းလို ပါတယ်။ အဲဒီတော့ အားလုံးဝိုင်း လုပ်ကြရင်ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအပေါ်မှာ ဘယ်လောက်အ ထိ မျှော်လင့်ရမလဲဆိုတာ နည်းရောင်း များရောင်းတောင်းပြည့်ဆို တာလိုပေါ့နော်။ အကုန်လုံးဝိုင်းလုပ် ကြရင် အားလုံးပိုပြီးတော့ ကောင်းမှာပေါ့။


မောင်ဝံသ

ဆရာမောင်ဝံသ
စာရေးဆရာ၊ သတင်းစာဆရာ

အခုတိုက်ပွဲပြန်ဖြစ်တယ်။ အပစ်အခတ်တွေ ပြန်ဖြစ်တယ်ဆို တာက ပထမတုန်းက ၁ဝနှစ် ၁၅ နှစ်လောက်ကြာပြီ။ ငြိမ်းချမ်းရေးအ ဖွဲ့တွေဆိုပြီး အပစ်အခတ်ရပ်စဲရေး လုပ်ထားတာ။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာ နိုင်ငံရေးအရ ဖြေ ရှင်းရသေးတာမဟုတ်ဘူး။ နိုင်ငံရေးအရ ဖြေရှင်းတာ မရှိ ဘဲနဲ့ နောက်ထပ်စနစ်တစ်ခုပြောင်း လိုက်တော့ အဲဒီအပေါ်မှာ အခြေခံ ပြီးတော့ အပစ်အခတ်ရပ်စဲရေးပျက် သွားတယ်။ ဖြေရှင်းရမယ့် နည်း လမ်းက နိုင်ငံရေးအရ ဖြေရှင်းရမှာ။ လိုချင် တဲ့ဆန္ဒတွေရှိမယ်။ ဒါတွေကို ညှိနှိုင်းပြီး လုပ်ရမှာပေါ့။ အဲဒါကြောင့်မို့ ကျွန်တော်က ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက် ပြည်သူ့ ခေတ်ဂျာ နယ်မှာ ရေးတဲ့ဆောင်းပါး မှာ ”အစိုးရသစ် ရက် ၁ဝဝ အတွင်း မှာ ကချင်နဲ့ကရင်မှာ အတိုက်အ ခိုက်တွေ ပြန်ဖြစ်တယ်။ အသေအ ပျောက်တွေရှိခဲ့တယ်။ ဟိုနေရာ၊ ဒီ နေရာတွေမှာ ဗုံးဖောက်ခွဲမှုတွေဖြစ် တယ်။ ကျွန်တော်တို့ စိတ်မချမ်းသာ ဘူး။ ဗမာပဲသေသေ၊ ကချင်ပဲသေ သေ၊ ကရင်ပဲသေသေ ညီအစ်ကို တွေ သွေးရင်းသားရင်းတွေသေကြ တာ။ ဘယ်လိုမှ ဝမ်းမသာနိုင်ဘူး။ တိုင်းရင်းသားတွေရဲ့ ပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေး နည်းနဲ့ပဲ ဖြေရှင်းမယ်လို့ သက်ဆိုင် သူအားလုံးက သန္နိဋ္ဌာန်ချသင့်ပါပြီ” လို့ဆိုပြီး ကျွန်တော်ရေး ခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ သဘောထားက ဒီအတိုင်းရှိတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်မှာ ဒီမိုကရေစီခေါင်း ဆောင်။ သူ့မှာလည်း သူ့ရဲ့ ပုဂ္ဂိုလ် ရေးအရ အလေးချိန်တွေရှိတာပေါ့။ ဒီလိုပုဂ္ဂိုလ်ကနေပြီးတော့ တတ်နိုင် သမျှပါဝင်ပြီး ကူညီမယ်။ ဖြေရှင်း မယ်ဆိုတော့ ဒါကောင်းတဲ့ လက္ခ ဏာပဲ။ ဒေါ်အောင် ဆန်းစုကြည်က ဘာမှမကြာသေးခင်ကပဲ အစိုးရ သစ်က ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ပြီး ဆွေးနွေး ထားတယ်။ ကြေညာချက် ထုတ် တယ်။ တိုင်းပြည် ပြည်သူလူထု ကိုယ်စိတ်နှစ်ပါးချမ်းသာအောင် သူတို့ ဆွေးနွေးကြတယ်။ တိုင်ပင် ကြတယ်ဆိုတော့ ဒီလိုအနေအ ထားရှိတဲ့ ပုဂ္ဂိုလ်က သူ့အနေနဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပါဝင်ပြီး လုပ်ခွင့်ရလို့ရှိရင် သူလည်း သူ တတ်နိုင်သမျှကူညီမယ်လို့ မျှော်လင့် ပါတယ်။ အဲဒီလိုဆို ပိုပြီး ကောင်းမွန်တဲ့ အဖြေရနိုင်မယ်လို့ ယုံကြည် တယ်။

ဦးသိန်းညွန့်

ဦးသိန်းညွန့်
သင်္ဃန်းကျွန်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

တိုင်းပြည်အတွက် ငြိမ်းချမ်း ရေးရအောင်လုပ်တယ်ဆိုတာက တော့ ဒါလိုအပ်ချက်တစ်ခုကို ဝိုင်း လုပ်ကြတာပါပဲ။ တိုင်းပြည် မှာ နှစ် ပေါင်း ၆ဝ ကျော် ငြိမ်းချမ်းရေး ကင်းပြီး ပြည်တွင်းစစ်ဖြစ်နေရတာ။ နောက်ကိုယ့်အချင်းချင်း ပြည်တွင်း စစ်ရှိနေသမျှ ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုး တက်ရေးဟာလည်း မျှော်မှန်းသ လောက်ရမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီး ဆောင်ရွက် တဲ့အခါမှာ နှစ်ပေါင်း ၆ဝ ကျော် ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံ တွေကိုလည်း လေ့လာဖို့လိုအပ်ပါ တယ်။ စေတနာ မှန်ပေမယ့် လုပ် ဟန်ပြဿနာကိုလည်း မျက်ခြည်မ ပြတ်ဖို့လိုပါတယ်။ ဥပမာပြောရရငှ်ုဗ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကြိုး ပမ်းခဲ့တဲ့ ကာလမှာ တစ်ပါတီ စနစ် အောက် မှာသည်ပင်လျှင် အခြေခံ ဥပဒေကို ဘောင်အတွင်းက မဖြေ ရှင်းနိုင်ခဲ့တဲ့အတွက် အခြေခံ ဥပဒေ ကို လက်မခံခဲ့တဲ့အတွက် ငြိမ်းချမ်း ရေးပျက်ခဲ့တာတွေ လည်းရှိပါ တယ်။ အခုချိန်မှာ တိုင်းပြည်ရဲ့ ပြဿနာ ငြိမ်းချမ်းရေးကို ဖြေရှင်းမယ်ဆိုရင် မလွဲမသွေ ဖြတ်သန်းရမယ့်အချက် ကတော့ ဒီနေ့ အာဏာသက် ရောက်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လက်ခံမလား၊ လက်မခံဘူး လားဆိုတဲ့ကိစ္စ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေလက်ခံပြီးတော့ အဲဒီဘောင် အတွင်း က ဆောင်ရွက်မယ်ဆိုရင် ငြိမ်းချမ်းရေး အတွက် အဖြေတွေ ပေါ်လာမှာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လက်မခံဘဲနဲ့ အခြား နည်းလမ်း နဲ့ဆောင်ရွက်မယ်ဆိုရင်တော့ စေတနာ ဘယ်လောက်ကောင်း ကောင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ခရီး က ဝေးနေမှာပဲ။ ကြိုးပမ်းဆောင်ရွက်သူအား လုံးက မိမိရဲ့စေတနာတွေကို အရင်း ခံပြီး ဆောင်ရွက်တာ အားလုံး ကိုက တော့ ကျွန်တော် တို့က လေးလေး စားစား အသိအမှတ်ပြုရပါမယ်။ တစ်ကြိမ်တည်းမှာ မြန်မာနိုင်ငံရေးရဲ့ လက်တွေ့အခြေခံကို အရင်းခံမှသာ လျှင် ငြိမ်းချမ်းရေး အဖြေရမယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီအိတ်ဖွင့်ပေးစာက နှစ်မျိုး သက်ရောက်မှာပေါ့။ ကျွန်တော် သိ သမျှတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေက ကြိုဆို တယ်။ သမ္မတကြီးဦးဆောင်တဲ့ အစိုးရဘက်ကတော့ တုံ့ပြန်တာ မတွေ့ရသေးဘူး။ အဲဒီတော့ အခုလို ငြိမ်းချမ်း ရေးအတွက် ဆောင်ရွက်ချင်တာကို အိတ်ဖွင့်ပေး စာလုပ်တဲ့နည်းနဲ့ သွား မလား။ နိုင်ငံရေးမှာ တစ်ခါတလေ ဆက်သွယ်ရေးလမ်းကြောင်းကနေ သံခင်းတမန်ခင်းနည်းမျိုးကနေ ဆောင်ရွက်တဲ့နေရာကသွားမလား။ ဘယ်ကသွားရင် အကျိုးထင်အရာ ရောက်မလဲဆိုတာကတော့ အိတ် ဖွင့်ပေးစာပေးတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဆုံး ဖြတ်နိုင်ဖို့လိုတာပေါ့။



ဦးနိုင်ငွေသိန်း


ဦးနိုင်ငွေသိန်း (ဥက္ကဋ္ဌ)
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ

ဒါကတော့ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ပတ်သက်တာ ကြေညာထား တာကြာပါပြီ။  ကြိုဆိုပါတယ်။ လုပ် ဆောင်တဲ့နေရာ ပါမပါဆိုတာက တော့ တစ်ပိုင်းလေ။ ကြိုဆိုတယ်။ အားပေးပါ တယ်။ ဖြစ်နိုင် ရင်တော့ အကောင်းဆုံးပေါ့။ တိုင်းရင်းသား တွေပဲလေ။ ဒီ ဧရိယာတွေမှာ ဒုက္ခ ရောက်နေတာ အားလုံး တိုင်းရင်း သား တွေ ချည်းပဲ။ ဒီအိတ်ဖွင့်ပေးစာအပေါ်မှာ မျှော်လို့ ဘယ်လိုရမလဲဆိုတာ အစိုးရအပေါ်မှာ တည်တာပေါ့။ အစိုးရသစ်ပေါ်မှာ အများကြီးတည် ပါတယ်။ တစ်ခါတလေကျတော့ ခန့်မှန်းရခက်တယ်။ တကယ်ဆို တော့ ဒါလုပ်ကိုလုပ်ရမယ့်အရာ။ ရေရှည်မှာ မဖြစ်ဘူးလေ။ ပြည်တွင်း ရော၊ ပြည်ပရောက ဒါကို လုံးဝ အားမပေးဘူး။ မပြောနိုင် လို့သာ နေ နေကြတာ။ ဘဝင်မကျပါဘူး။ လူ မျိုးစုံ၊ ပါတီမျိုးစုံက မဖြစ်စေချင်ကြ တော့ဘူး။ နှစ်ပေါင်းက ကြာပြီ။ ဒါ ကြောင့် ဒီပေးစာအပေါ်မှာ တိုင်းရင်းသား အားလုံး အတွက် ကြိုဆိုတယ်။ ထောက်ခံတယ်။
ပေါ်ပြူလာသတင်းဂျာနယ်