xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန် ရဟတ်ယာဉ်တစ်စင်း အာဖဂန်တွင်ပျက်ကျ အမေရိကန် ၃၁ ဦးနှင့်အာဖဂန်စစ်သည် ၇ ဦးသေဆုံး

Sunday, August 7, 2011

အမေရိကန် ရဟတ်ယာဉ်တစ်စင်း အာဖဂန်တွင်ပျက်ကျ အမေရိကန် ၃၁ ဦးနှင့်အာဖဂန်စစ်သည် ၇ ဦးသေဆုံး

 
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာနေတိုးစစ်အုပ်စုရဲ့  ရဟတ်ယာဉ်တစီး ဒီကနေ့ မနက်ပိုင်းမှာ ပျက်ကျခဲ့လို့ အမေရိကန်တပ်ဖွဲ့ဝင် ၃၁ ဦးနဲ့ အာဖဂန်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးသွားတယ်လို့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းကအတည်ပြု ပြောပါတယ်။ အခုလို ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးရတဲ့လူ အရေအတွက်ဟာ ၂၀၀၁ ခုနှစ် အာဖဂန်စစ်ပွဲစတင်ကတည်းကဆိုရင် အများဆုံးသေဆုံး မှုဖြစ်ကြောင်း လည်းသိရပါတယ် ။

အာဖဂန်နိုင်ငံ ကဘူးမြို့တော်တွင် ပျံသန်းနေသော CH - 47 ရဟတ်ယာဉ်တစ်စင်း
 
တာလီဘန်တွေကတော့ အဲဒီရဟတ်ယာဉ်ကို ဒုံးကျည်နဲ့သူတို့ပစ်ချခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ အတွင်း သူတို့ဘက်ကလည်း ၈ ဦး သေဆုံးခဲ့ရတယ်လို့သတင်းထုတ်ပြန်ပါတယ် ။


အာဖဂန်ရှိနေတိုးစစ်အုပ်စု တာဝန်ရှိသူတွေကလည်း ရဟတ်ယာဉ်ပျက်ကျတဲ့ကိစ္စကို အတည်ပြု ချက်ပေး ပါတယ်။ ဒါပေမဲ့ လူအသေအပျောက်နဲ့ ထိခိုက်မှုတွေကိုတော့ အသေးစိတ် ပြောကြားခြင်းမရှိပဲ ဒီအဖြစ်အပျက်ဟာ ရန်သူရဲ့ တိုက်ခိုက်မှုကြောင့်ဖြစ်တယ် လို့သာ ယေဘူယျ ဖြေကြားသွားပါတယ် ။


ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ CH-47 Chinook helicopter အမျိုးအစားဖြစ်ပါတယ် ။ အာဖဂန်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၃၃၀၀၀ ကို ၂၀၁၂ ခုအတွင်းဆုတ်ခွာမယ်လို့ အမေရိကန် တို့ကကြေငြာထားပြီး ဒီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားရင်တောင် အာဖဂန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၈၀၀၀၀ လောက်ကျန်နေ ဦးမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ် ။