xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံပိုင်သတင်းစာများ၏ စာမျက်နှာ ၂၀

Tuesday, August 16, 2011

နိုင်ငံပိုင်သတင်းစာများ၏ စာမျက်နှာ ၂၀

ယနေ့ထုတ် ကြေးမုံသတင်းစာ၏ စာမျက်နှာ ၂၀


သြဂုတ်လ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၏ စာမျက်နှာ ၂၀ (နောက်ကျောဖုံး) မှာ ၂၀၀၇ ခုနှစ် ထဲကနေ့စဉ်မပြတ်ဖေါ်ပြနေတဲ့ စာမျက်နှာတစ်ဝက်ခန့်ရှိတဲ့ ဆောင်ပုဒ်များပါရှိမလာတော့တာတွေ့ရပါတယ် ။

ယမန်နေ့ ထုတ်သတင်းစာများအထိဖေါ်ပြခဲ့သော ဆောင်ပုဒ်များ

အလေးထားဖတ်ရှုသူမရှိသော်လည်း နေ့စဉ်ဖေါ်ပြနေမှုအပေါ် ထိရောက်မှုမရှိကြောင်း ၊ အရင်အစိုးရရဲ့ မူအတိုင်းသွားနေလို့သာ ဒါတွေမပြောင်းတာနေမှာပေါ့..၊ အစရှိသဖြင့် ဝေဖန်မှုများ ဖြစ်ပေါ်လာပြီး မကြာခင်မှာပဲ ခုလိုပြောင်းလဲမှုတွေ ပြုလုပ်လာတာဖြစ်ပါတယ် ။ 

သတင်းစာများမှာပယ်ဖျက်လိုက်သလို ပြည်တွင်းထုတ် စာစောင်အမျိုးမျိုးမှာမထည့်မနေရ ထည့်နေရတဲ့ အဆိုပါစာသားများကိုလည်း ထည့်သွင်းဖေါ်ပြရန်မလိုတော့ကြောင်း ၊ အလားတူပင် ဗွီဒီယို များတွင်လည်း အဆိုပါစာသားများ ထည့်သွင်းဖေါ်ပြရန်မလိုတော့ကြောင်းသိရပါတယ် ။


အစိုးရသစ်တက်လာပြီးနောက်ပိုင်း သတင်းနှင့်မီဒီယာ မူဝါဒများကို တဖြည်းဖြည်းပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်လာရာမှာ ယခုအခါ နိုင်ငံပိုင်သတင်းစာများတွင်ပါ အခုလို သိသာတဲ့ ပြောင်းလဲမှုတွေလုပ်ဆောင်လာတဲ့အတွက် နိုင်ငံပိုင်သတင်းစာများ၏ သတင်းတင်ဆက်မှု ပုံစံများပါ ပြောင်းလဲလာနိုင်မလား အကောင်းဘက် မျှော်လင့်နေသူတွေလည်း ရှိနေကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar