xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ပညာရှင် ၉ ဦးမှ စာတမ်း ၉ စောင် ဖတ်ကြားတင်သွင်း

Friday, August 19, 2011

အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ပညာရှင် ၉ ဦးမှ စာတမ်း ၉ စောင် ဖတ်ကြားတင်သွင်း

နေပြည်တော်တွင် ကျင်းပပြုလုပ်နေသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့  တွင် ပညာရှင် ၉ ဦးမှ စာတမ်း ၉ စောင် ဖတ်ကြားတင်သွင်းခဲ့ကြောင်းသိရှိရပါသည်။
 
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ နှစ်နာရီခန့်တွင်စတင် ခဲ့ပြီး နိုင်ငံတော် သမ္မတဦးသိန်းစိန် တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည် ။ ၄င်းနောက်အခမ်းအနားကို အပိုင်း (၁) မက်ခရိုစီးပွားရေးပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍ နှင့် အပိုင်း (၂) နိုင်ငံတော်၏ စီးပွားရေးအခြေခံများကဏ္ဍ ဟူ၍ အပိုင်း ၂ ပိုင်းခွဲခြားကျင်းပခဲ့ပြီး အပိုင်း (၁)တွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က လည်းကောင်း ၊ အပိုင်း ( ၂ )တွင် အငြိမ်းစားသံအမတ်ကြီး ဦးကျော်တင့်ဆွေက လည်းကောင်း သဘာပတိများအဖြစ် အသီးသီး ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို ည ၈ နာရီခန့်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည် ။

အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့  တွင် ပညာရှင် ၉ ဦးမှ စာတမ်း ၉ စောင် ဖတ်ကြားတင်သွင်းခဲ့ရာ အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။
အပိုင်း (၁) မက်ခရိုစီးပွားရေး ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍ

၁။ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးမူဝါဒ  -  ( ဦးစိုးသိန်း ၊ ဥက္ကဋ္ဌ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး ကော်မတီ)

၂။ မြန်မာနိုင်ငံ၏ ရ - သုံးငွေစာရင်းကို လေ့လာခြင်း ( ဦးစံသိန်း)

၃။ ၂၀၁၅ အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း အဖွဲ့ဝင်သစ်များအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ
( ဒေါက်တာဇော်ဦး )

၎။ Reforming Government – Business Relations in Myanmar ( ဒေါက်တာကျော်ရင်လှိုင်)


၅။ Myanmar Political Economy of Development - ဒေါက်တာ တင်မောင်မောင်သန်း (ISEAS, Singapore)

၆။ အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတက်မှု  - (  ဒေါက်တာခင်မောင်လွင် )

အပိုင်း (၂) နိုင်ငံတော်၏ စီးပွားရေးအခြေခံများကဏ္ဍ

၁။ တိုင်းပြည်၏ ထုတ်လုပ်မှုစွမ်းအားနှင့် တိုင်းပြည်ဝင်ငွေဆိုင်ရာ စာရင်းဇယားများအတွက် ပြုပြင်ပြောင်း လဲရန် လိုအပ်ချက်များ - ဒေါ်ဝင်းမြင့် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်းရေးဆွဲရေး ညွှန်ကြားမှု ဦးစီးဌာန (စီမံကိန်း))

၂။ စိုက်ပျိုးရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုများ
- ဒေါက်တာဒေါ်သိင်္ဂိမြင့် (ကထိက၊ လယ်ဝေးစိုက်ပျိုးရေး တက္ကသိုလ်)

၃။ နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ပို့ဆောင်ရေးကဏ္ဍ၏ အနာဂတ်မျှော်မှန်းချက် -  ဦးဝင်းဖေ (ညွှန်ကြားရေးမှူးချုပ်၊ ပို့ဆောင်ရေးဦးစီးဌာန)

Voice Of Myanmar