xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဖေ့စ်ဘွတ်နဲ့ တွစ်တာ လူမှုကွန်ယက်များ ပိတ်ပစ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်ကင်မရွန်းက လွှတ်တော်မှာပြော

Saturday, August 13, 2011

ဖေ့စ်ဘွတ်နဲ့ တွစ်တာ လူမှုကွန်ယက်များ ပိတ်ပစ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်ကင်မရွန်းက လွှတ်တော်မှာပြော

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက လန်ဒန်နဲ့ အခြားမြို့ကြီးတွေမှာ ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆူပူလုယက်မှုတွေအတွက် တရားခံလက်သည်တွေကို တွေ့ရှိခဲ့ပြီး၊ ဒီတရားခံတွေဟာ ဖေ့စ်ဘွတ်၊ တွစ်တာနဲ့ ဘလက်ဘယ်ရီ ဖုန်းတို့ ဖြစ်နေကြောင်း ကြာသာပတေးနေ့ ပါလီမန်မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်မှာ ဖေါ်ပြလိုက်ပါတယ် ။

"ထိတ်လန့်တုန်လှုပ်ဖွယ် အပြုအမူတွေကို ကြည့်ရသူတိုင်းက ဒီလိုဆိုးဆိုးရွားရွား ဖြစ်လာမှုဟာ လူမှုမီဒီယာကွန်ယက်တွေကတဆင့် စုဖွဲ့လာတာကိုတွေ့နေကြရတယ်။ လွတ်လပ်တဲ့ သတင်း စီးဆင်းမှုကို ကောင်းကျိုး အတွက် အသုံးပြုနိုင်သလို  ဆိုးကျိုးတွေ အတွက်လည်း အသုံးပြုနိုင်တယ်။ လူတွေက အကြမ်းဖက်ဖို့အတွက် လူမှုမီဒီယာတွေကို အသုံးပြုလာပြီ ဆိုရင်တော့ ကျနော်တို့ ဒါတွေကို ရပ်ပစ်ဖို့ လိုအပ်ပါတယ်" ဟု  ဒေးဗစ်ကန်မရွန်းက လူမှုမီဒီယာများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသည်။

 ဗြိတိန်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဖေ့စ်ဘွတ်၊ တွစ်တာ လူမှုကွန်ယက်ဝဘ်ဆိုဒ် နှစ်ခုနှင့် BlackBerry ဖုန်း ကုမ္ပဏီတွေကို အရေးပေါ်ဆွေးနွေးဖို့ ဆင့်ခေါ်ထားသည်ဟုလည်းသိရပါသည်။

ယဉ်ကျေးမှုဝန်ကြီး အိုင်ဗင် လူးဝစ် ကလည်း "လွတ်လပ်စွာ ပြောဆိုခွင့်ရော အများပြည်သူ လုံခြုံမှုရှိရေး ရော ၂ ခုလုံးဟာ ဒီမိုကရေစီရဲ့ အသက်တွေပါဘဲ။ ဒါကြောင့် လူမှုမီဒီယာတွေကို တလွဲသုံးပြီး ရာဇ၀တ်မှု ကျူးလွန်တာတွေကို တားမြစ်ဖို့ လုပ်တဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်" ဟု ပြောကြားလိုက်တယ်လို့ဆိုပါတယ် ။

တွစ်တာနဲ့ ဖေ့စ်ဘွတ် တာဝန်ရှိသူများကတော့ ဒီမိုကရေစီနှင့် မီဒီယာလွတ်လပ်ခွင့် ၀ါရင့်လှတဲ့ ဗြိတိန်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိနေပါ ကြောင်းနှင့် ဒေဗစ်ကင်မရွန်း အစိုးရရဲ့ မီဒီယာ ဆင်ဆာဖြတ်မှုကို လုံးဝကန့်ကွတ်သွားမည်ဖြစ်ကြောင်း ပြောဆိုတုန့်ပြန်ထားကြောင်း သတင်းရရှိပါတယ် ။


Voice Of Myanmar

သတင်းအရင်းမြစ်: Reuter , Xinhua