xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လွှတ်တော်အစည်းအဝေးများခေါ်ယူ

Monday, August 1, 2011

လွှတ်တော်အစည်းအဝေးများခေါ်ယူ

မတ်လကုန်က ရပ်နားထားတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး များကို သြဂုတ်လ ၂၂ ရက်နေ့မှာ ပြန်လည် ကျင်းပဖို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြည်ထောင်စု လွှတ်တော် ကြေညာချက် အမှတ် ၁/၂၀၁၁ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အလားတူပဲ အမျိုးသား လွှတ်တော် ဥက္ကဌ အနေနဲ့ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ အနေနဲ့ သူရ ဦးရွှေမန်းတို့ကလည်း ကြေညာချက်များ ထုတ်ပြန်ပြီး သြဂုတ်လ ၂၂ ရက်နေ့မှာ လွှတ်တော် ခေါ်မယ့် အကြောင်း ကြေညာချက်များကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှာဖေါ်ပြခဲ့ပါတယ် ။