xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်တော်ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေး

Friday, August 19, 2011

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်တော်ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေး


နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ်ချုပ်အောင်ဆန်းပုံချိတ်ဆွဲထားသောသမ္မတအိမ်တော်၏ ဧည့်ခန်းမတွင်တွေ့ဆုံနေစဉ်
 
နေပြည်တော်တွင် ယနေ့ပြုလုပ်နေသော နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန်ရောက် ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့သည် တွေ့ဆုံမှု များ ပြုလုပ်နေသဖြင့် အလုပ်ရုံဆွေးနွေးပဲ ကျင်းပမည့် အချိန်ကို တစ်နာရီခန့် နောက် ဆုတ်ရွှေ့ဆိုင်းခဲ့ရကြောင်းသိရှိရပါသည် ။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်ရုံဆွေးနွေးပွဲ မစတင်မီခေတ္တတွေ့ဆုံ ခဲ့ပြီး ညနေ ၄နာရီမှ ၅ နာရီအထိ သမ္မတအိမ်တော်တွင် ထပ်မံ၍ တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည် ။

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ဝန်းကျင်ကို လိုက်လံကြည့်ရှုလျက်ရှိပြီးနေပြည်တော်သို့ပထမဆုံးအကြိမ် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် ၏လုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာနမှ အမျိုးသမီးရဲတပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက် လျက်ရှိကြောင်းလည်းသိရှိရပါသည် ။

နေပြည်တော်၌ ပြုလုပ်သော အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် လာရောက်ကြိုခေါ်သာ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး ဝင်းနိုင်ထွန်းနှင့်အတူ နံနက် ၈ နာရီ ၄၀မိနစ် တွင် ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဦးခွန်သာမြင့် ၊ ဒေါ်စုစုလွင်တို့လည်း အတူလိုက်ပါသွားကြောင်း သတင်းရရှိပါသည် ။

Voice Of Myanmar