ကလေးမြို့ကြေညာစာတမ်းအရ
ဒုတိယပင်လုံညီလာခံကြီးကို ကျင်းပဖို့ စိုင်းပြင်းနေကြသည်။
တိုင်းရင်းသားလူမူမျိုးစုများနှင့် ညီညွတ်ရေးအတွက် ဆွေးနွေးရမည့်
အခင်းအကျင်းကို ပြင်ဆင်ြခင်း တစ်ရပ်ဟု အဆိုပြုသူတွေက တင်သည်။ သို့သော်လည်း
မြန်မာ့နိုင်ငံရေးတွင် ပင်လုံပုံရိပ်သည် အကောင်းထက် အဆိုး၊ ယုံကြည်မှုထက်
သံသယကိုသာ ပွားစေနိုင်သည်ကို တွေ့ရသည်။ ပင်လုံကို စတင်ခ်ခဲ့သ့သည့်
ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် ပင်လုံနှင့်ပတ်သက်သည့်
အငြင်းပွားစရာများကို ချန်ထားရစ်ခဲ့သည်။ ပင်လ်လုံကြောင့် ၁၉၄၇
ဖွဲ့ စည်းပုံ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာသောအခါ ပြည်ထောင်စြုကီး
ခွဲထွက်လိုလျှင် ခွဲထွက်ပိုင်ခွင့်ကို ပေးအပ်လိုက်ရသည်။ ယခု
ဒုတိယပင်လုံကိုနားလည်ဖို့ ပထမပင်လုံကို အရင်စောကြောကြည့်ရန်လိုသည်။
ဒုတိယလား၊ တတိယလား
တကယ်တော့ ကျွန်တော်တို့ သိသော ပင်လုံပင်လျှင် ဒုတိယပင်လုံဖြစ်သည်။ သည့်မတိုင်ခင် ၁၉၄၆ မတ်လကတည်းကပင် တိုင်းရင်းသားခေါင်းဆောင်များနှင့် မြန်မာခေါင်းဆောင်များ ပင်လုံတွင် ပမာဏဆွေးနွေးခဲ့ကြဖူးသည်။ မည်သည့်သဘောတူညီချက်မျှ ရယူရန်မဟုတ်ဘဲ နားလည်ချစ်ကြည်မှုရရန်သာဖြစ်သည်။ သို့ဆိုလျှင် ၁၉၄၇ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်သည့် ပင်လုံအစည်းအဝေးသည်စင်စစ် ဒုတိယပင်လုံပင်ဖြစ်သည်။ ပင်လုံစတင်ဖို့ဖြစ်လာသည်က ဗိုလ်ချုပ်အောင်ဆန်းတို့ ဖ.ဆ.ပ.လ ခေါင်းဆောင်များ လန်ဒန်၌ ၀န်ကြီးချုပ် အက်တလီနှင့် ဆွေးနွေးရာမှဖြစ်သည်။ ဗြိတိသျှတို့က မြန်မာကိုယ်စား လှယ်အဖွဲ့တောင်းဆိုသည့်အတိုင်း တစ်နှစ်အတွင်း လွတ်လပ်ရေးပေး မည်။ သို့သော် သူတို့အခေါ် တောင်တန်းဒေသတော့ မပါဟုဆိုသည်။ ဗိုလ်ချုပ်က တောင်တန်းရော ပြည်မပါ အတူလွတ်လပ်ရေး ပေးဖို့ပြော တော့မှ တောင်တန်းသားတို့ သဘောတူလျှင် ပေးမည်ဟု ဖြစ်လာ သည်။ သို့နှင့် ဗိုလ်ချုပ်တို့ မြန်မာနိုင်ငံပြန်ရောက်သောအခါ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးဖို့ဖြစ်လာသည်။ ပင်လုံအစည်းအဝေးအတွင်း ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သော မြန်မာလူမျိုးစု ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ အဓိက ဆွေးနွေးကြသည်က တစ်နှစ်အတွင်း လွတ်လပ်ရေးရရန် ဖြစ်သည်။ ထိုလွတ်လပ်ရေးကို တောင်တန်းသားတွေပါ အပါယူဖို့ ဗိုလ်ချုပ် က တိုက်တွန်းသည်။ အပြန်အလှန်အားဖြင့် တောင်တန်းသားတို့၏ ယုံကြည်မှုရရန် လွတ်လပ်ရေးရပြီး ၁၀ နှစ်အတွင်း ခွဲထွက်ချင်က ခွဲထွက်ပါဟူသော ကတိကို ပေးသည်။ သို့နှင့် ၁၉၄၇ အခြေခံဥပဒေ တွင် ထိုအချက်သည် အထင်ကရ ပါလာခဲ့လေသည်။
ပင်လုံ တစ္ဆေ္ဆ
ပင်လုံသည်
တိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးမှုအတွက်
မျိုးဆက်ချပေးရာဖြစ်ခဲ့သည့်အပြင် နောင်အခါ ခွဲထွက်ခွင့် တောင်းဆို ရန်
ရည်ညွှန်းရာတွင်လည်း ပင်လုံကတိ၊ ပင်လုံစာချုပ်က အမြဲတမ်း ကပ်ပါနေခဲ့ သည်။
ပင်လုံကြောင့် တိုင်းရင်းသားတွေနှင့် အတူတကွ လွတ်လပ်ရေး ယူပေးနိုင်ခဲ့သလို
ပင်လုံကြောင့်ပင် လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ၁၉၅၈ တွင် တစ်စခန်း
ထလာခဲ့ရသည်။ ထိုအချိန်က ပြည်တွင်းသောင်းကျန်းမှု ဒီရေတက်နေချိန်
ဖြစ်သောကြောင့် ၁၀ အတိအကျပြည့်သောအချိန်တွင် မရှင်းနိုင်ခဲ့။ ထို့အပြင်
အိမ်စောင့် အစိုးရအုပ်ချုပ်နေသော ကာလဖြစ်သဖြင့်လည်း တိုင်းရင်းသား အရေးကို
နောက်တန်းပို့ထားခဲ့ရသည်။ ထို့ကြောင့် ပင်လုံသည် ပေါင်းစည်းရေးလား၊
ခွဲထွက်ရေးလား ဆိုသည့် မေးခွန်းတို့ မြန်မာ့နိုင်ငံရေးသမိုင်းတွင်
တောက်လျှောက်ကပ် ပါလာခဲ့သည်။ ယခု ဒုတိယပင်လုံဆိုသော ၂၁ ရာစု ပင်လုံညီလာခံ
တွင်လည်း အဆိုပါမေးခွန်းက မေးစရာမလိုအောင် ကပ်ပါနေဦးမည် ဖြစ်သည်။
ပင်လုံကြောင့်ပင် ၁၉၆၀ ပထစ အစိုးရပြန်တက်လာချိန်တွင်
တိုင်းရင်းသားခေါင်းဆောင်များ တစ်စခန်းထလာသည်။ သို့အတွက် ကြောင့် ၁၉၆၂ တွင်
တပ်မတော်က မလွဲမရှောင်သာ အာဏာသိမ်း ခဲ့ရသည် ဟူသော အမှတ်အယူတို့ကလည်း
ရှိနှင့်နေသည်။ လက်ရှိ ပင်လုံဟု ခေါ်ဝေါ်သုံးစွဲနေသူတို့သည် အဆိုပါအချက် ကို
သတိပြုမိလျှင် တိုင်းရင်းသားတို့နှင့် ချစ်ကြည်မှုရရန် အခြား တစ်နည်းဖြင့်
ကြိုးစားသင့်ပေသည်။ တိုင်းရင်းသားလူမျိုးစုများသည် လည်း နိုင်ငံရေးအင်အားစု
တစ်ရပ်အနေနှင့် ရှိနှင့်နေပြီးဖြစ်သည့်အပြင် လာလတ္တံ့သော
ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသား ပါတီများ မှာ ကိုယ်စားလှယ်များလည်း
ပါဝင်၍ အရေးဆိုကြဦးမည်ဖြစ်ရာ တိုင်းရင်းသားများနှင့်
ပိုမိုပေါင်းစည်းရေးကား တိမ်ကောသွားမည့် အရာတော့ မဟုတ်ပါ။
ပင်လုံ နောက်ဆက်တွဲ
ပင်လုံ၏
နောက်ဆက်တွဲအနေနှင့် ၁၉၆၀ ဇွန်လတွင် တောင်ကြီး၌ ကျင်းပခဲ့သည့်
တောင်ကြီးညီလာခံ၊ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်း
အသံလွှင့်ရုံတွင် ကျင်းပသည့် ထိုခေတ် နိုင်ငံ ရေးပါတီများနှင့်
တိုင်းရင်းသားခေါင်းဆောင်များ၏ ပထမအကြိမ် ဆွေးနွေးပွဲ၊ မတ်လ ၁ ရက်နေ့တွင်
ကျင်းပသည့် ဒုတိယအကြိမ် ဆွေးနွေးပွဲ တို့သည်
မြန်မာ့နိုင်ငံရေးသမိုင်းတစ်ကွေ့တွင် လွန်စွာ အရေးပါခဲ့သည်။ အဆိုပါ
တောင်ကြီးညီလာခံနှင့် ရန်ကုန်အသံလွှင့်ရုံရှိ ဆွေးနွေးပွဲ များသည်
ခွဲထွက်ရေးအတွက် ရည်ရွယ်သလား၊ ပေါင်းစည်းရေးကို
အမှန်တကယ်ကြိုးပမ်းခဲ့လေသလား ဆိုသည်ကတော့ ယနေ့တိုင် မကွဲပြားလှသေးပေ။
သို့သော် အဆိုပါ တောင်ကြီးညီလာခံသည် ခွဲထွက် ရေးအတွက်မဟုတ်ပါဟု
ပင်လုံကိုယ်စားလှယ် တောင်ကြီး ဦးထွန်းမြင့် က ဒေါက်တာအေးချမ်းကို
နောက်အခါမှာ ပြန်လည်ပြောပြခဲ့သော ကြောင့် ဒေါက်တာအေးချမ်းက စာသင်ရင်း
ကျွန်တော်တို့ကို ထည့်ပြော သွားတာ မှတ်မိနေသည်။ သို့သော် သေချာသည်က
ထိုကာလအတွင်း တိုင်းရင်းသားတို့သည် ပိုမိုလွတ်လပ်သည့်
အုပ်ချုပ်ပိုင်ခွင့်ကိုတော့ လိုလားခဲ့ဟန်တူသည်။
ထို့ကြောင့် ပင်လုံ၏
နောက်ဆက်တွဲတို့သည်လည်း တိုင်းရင်းသား အရေး ပြေလည်ရာပြေလည်ကြောင်းအတွက်
လမ်းစမရနိုင်ဖြစ်ခဲ့ရသည်။ ယခုတခါ ဒုတိယပင်လုံဟုခေါ်သည့် တိုင်းရင်းသားအရေး
ဆွေးနွေးပွဲ သည်လည်း ပင်လုံဆိုသည့် နာမည်ကြောင့်ရော၊ တိုင်ရင်းသားတို့၏
ခွဲထွက်ရေး လိုလားချက်တွေကြောင့်ပါ အောင်မြင်မှုရနိုင်ခြေ နည်းပါး နေသေးသည်။
အခြေအနေအရပ်ရပ်ကြောင့် ပြည်ထောင်စု ပြိုကွဲထွက် သွားလျှင်
အားလုံ၏စိတ်ထဲတွင် တနုံ့နုံ့ဖြစ်ကျန်ခဲ့ကြမည်မှာ မလွဲချေ။
ခါးသီးလှသည့် ဥပမာ
ပြည်ထောင်စုကြီးပြိုကွဲတာ
မဟုတ်ပေမယ့် တိုင်းပြည်နှစ်ရပ်ပြို ကွဲသွားပုံကိုတော့ ကျွန်တော်
စူးစမ်းလေ့လာခဲ့ဖူးသည်။ ချက်ကိုစလို ဗက်ကီးယားနိုင်ငံမှာ
နိုင်ငံရေးအပြောင်းအလဲများဖြစ်ပြီး ကွန်မြူနစ် ခေတ်က ပေါင်းစည်းခဲ့ကြသည့်
ချက်နှင့် စလိုဗက် နှစ်နိုင်ငံ ပြိုကွဲသွား ကြပုံဖြစ်သည်။ ထိုအကြောင်းကို
နောက်တစ်ချိန် စာသင်ခန်းထဲတွင် ပြန်ပြောကြသောအခါ ချက်နှင့် စလိုဗက်
နှစ်နိုင်ငံစလုံးက ပြည်သူတွေက မျက်ရည်စက်လက်နှင့် မပြိုကွဲဖို့
အားထုတ်ခဲ့ကြလင့်ကစား နှစ်ဖက် နိုင်ငံရေးခေါင်းဆောင်များ၏
ဆုံးဖြတ်ချက်နှင့် လမ်းခွဲကြဖို့ ဆုံးဖြတ် ခဲ့ကြသည်။ ထိုအချက်သည်
ကတ္တီပါလမ်းခွဲဟု အမည်တွင်ခဲ့သော် လည်း နောင်တွင် သမိုင်းတွင်သည့်
အမှားကြီးအဖြစ် နှစ်နိုင်စလုံးက ပြည်သူတွေ တနုံ့နုံ့
ပြန်ပြောနေကြဆဲဖြစ်သည်။ ခွဲထွက်ရေးထက် ပေါင်းစည်းရေးက ပိုကောင်းသည်မှာ
မှန်သော်လည်း အမှန်တကယ် နားလည်မှုရှိရှိ ပေါင်းစည်းနိုင်ကြရန်
အချိန်ယူကြရမည်ဖြစ်သည်။ ပေါင်းစည်းရေးကို အလျင်စလိုလုပ်လျှင် ခွဲထွက်ရေးကို
အားပေးသကဲ့သို့ရှိပေလိမ့်မည်။ ၁၉၄၇ နှစ်ဦးပိုင်းက ချုပ်ဆိုခဲ့သည့်
ပင်လုံစာချုပ်သည် တစ်နှစ်အတွင်း လွတ်လပ်ရေးရ ရန်ဟူသည့် အကြောင်းပြချက်ဖြင့်
အလျင်စလို ချုပ်ဆိုခဲ့သဖြင့် နောင် တစ်ချိန်တွင်
ခွဲထွက်ရေးလမ်းစဖြစ်ခဲ့ရသည်ကို သတိပြုစရာရှိပေ သည်။ ထို့အတွက်ကြောင့် ယခု
ဒုတိယပင်လုံဟုခေါ်သော တိုင်းရင်းသား အရေး ဆွေးနွေးပွဲကိုလည်း အချိန်ယူဖို့
လိုအပ်လှပေသည်။
ကျော်လင်းဦး
( Myanmar Express မှ ကူးယူဖေါ်ပြသည် )