xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဂုဏ်ယူစရာ နိုဘယ်ဆု

Tuesday, December 21, 2010

ဂုဏ်ယူစရာ နိုဘယ်ဆု


ယခုနှစ် (၂၀၁၀) အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆု ကြီးကို ရရှိသွားသူ တရုတ်နိုင်ငံမှ လူရှောင်ဘို (Liu Xiaobo) အား ဂုဏ်ပြုပါ၏...။ ၂၀၁၀ အတွင်းမှာ အစ္စရေး နှင့် ပါလစ်စတိုင်း စစ်ရေးပြဿနာ၊ အီရက်၊ အာဖဂန်နှင့် အမေရိကန် စစ်ရေးပြဿနာ၊ ဇင်ဘာဘွေနိုင်ငံ၏ ငြိမ်းချမ်းရေးပြဿနာ၊ မတည်ငြိမ်နိုင်သေးတဲ့ အိုင်ဗီကို့ ပြဿနာ၊ လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ အနီ၊ အဝါ၊ အပြာ ပြဿနာ၊ နောက်ဆုံး မြောက်ကိုရီးယားနဲ့ တောင်ကိုးရီးယားပြဿနာ... စတဲ့ မငြိမ်းချမ်းတဲ့ ပြဿနာပေါင်းများစွာကို ငြိမ်းချမ်းအောင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ဖြေရှင်းသူပေါင်း များစွာ ရှိတဲ့အထဲမှာမှ ထောင်ထဲကနေ ငြိမ်းချမ်းရေး နိုဗယ်ဆု ကို ရရှိသွားသဖြင့် ပိုပြီးတော့ လေးစားမိပါကြောင်း.....။


အလားတူပဲ... ၂၀၀၈ ခုနှစ် ကုန်ခါနီးမှာ သမ္မတ ဖြစ်သွားပြီး ခြေတစ်လှမ်းပဲလှမ်းရသေးတယ် ၂၀၀၉ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ် ဆုကြီးကို ရရှိသွားသော လောလောဆယ် ပြဿနာပေါင်းများစွာဖြင့် နာမည်ပျက်နေသည့် အမေရိကန် သမ္မတ အိုဘားမား (Obama) ကိုလည်း လေးစား ဂုဏ်ယူကြောင်း ပြောကြားလိုပါ၏။ အီရက် (Iraq) စစ်ပွဲကြောင့် သေဆုံးခဲ့သော လူပေါင်း ၁၀၉၀၃၂ ယောက်အစားလည်းကောင်း၊ အာဖဂန် (Afghanistan) စစ်ပွဲမှာ သေဆုံးခဲ့တဲ့ အမေရိကန် တပ်သား သုံးထောင်ခန့်နှင့် အာဖဂန် နိုင်ငံသား တစ်သိန်းကျော်အတွက် စစ်ပွဲဖန်တီးသူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အား လေးစားဂုဏ်ယူမိပါကြောင်း ထပ်လောင်း ပြောကြားလိုပါ၏။


အလားတူ..... အသက် ၄၃ နှစ်အရွယ် ၁၉၈၈ ခုနှစ်မှ နိုင်ငံရေးစလုပ်ပြီး ၈၉ ခုနှစ်မှာ အကျယ်ချုပ်ကျခံရင်း ကိုယ့်အိမ်ထဲမှာကို အိပ်လိုက်စားလိုက်နှင့် ၁၉၉၁ နိုဘယ် ဆုကြီးကို ရရှိသွားသည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လေးစား ဂုဏ်ယူပါကြောင်း တစ်လက်စတည်း ပြောကြားလိုပါ၏။ နိုင်ငံတကာ ပတ်ပြီး ကမ္ဘာစစ်ကြီး ဖြစ်လုဆဲဆဲ အခြေအနေကို ထိန်းသိမ်းပေးခဲ့သည့် ဦးသန့် တောင် ငြိမ်းချမ်းရေးနိုဘယ်ဆုမရခဲ့ပဲ အရေးအခင်းဖြစ်အောင် ကမကထ လုပ်ကာ အိမ်ထဲမှာနေရင်း ထူးထူးခြားခြား ဆုရသွားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပိုမို လေးစားမိကြောင်း ထပ်လောင်းပြောကြားလိုပါ၏။


ထို့အတူ ၂၀၁၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုအား အမေရိကန် နှင့် နေတိုး တို့ မှ အုပ်ချုပ်နေသူများ၊ သို့မဟုတ် အမေရိကန်နှင့် နေတိုးတို့အား ဘာလုပ်လုပ် ထောက်ခံနေသည်း တောက်တိုမယ်ရ ခိုင်းဖက် နိုင်ငံများမှ အုပ်ချုပ်သူများ၊ သို့မဟုတ် အမေရိကန်နှင့် နေတိုးတို့နှင့် အဆင်မပြေသည့် နိုင်ငံများမှ အစိုးရကို ဆန့်ကျင်သူများ ထဲမှ တစ်ဦးဦး ဖြစ်မည်မှာ မုချမလွဲပင် ဖြစ်ပေလိမ့်မယ်။ မတော်တဆ ဒီကြားထဲ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ပြန်ကျခဲ့ပါက နိုဘယ်ဆု အား ဒုတိယ အကြိမ် ထပ်မံ ရရှိပါလိမ့်အုံးမည်။ ဒေါ်အောင်ဆန်းစုကြည်ခမျှာလည်း နေရင်းထိုင်ရင်း ရလိုက်တဲ့ ဆုတွေက သောက်သောက်လဲမို့ အခန်းတောင် မဆံ့တော့ပေ။ ထင်ထင်ရှားရှား ပြစရာ အလုပ်ကြီးအကိုင်ကြီးသော်လည်းကောင်း၊ အောင်မြင်မှုသော်လည်းကောင်း တစ်ခုမှမရှိသော်လည်း တစ်နှစ်ကို ခေါင်းစဉ်အမျိုးမျိုးနှင့် ဆုပေါင်း ၁၀၀ ကျော်လောက် ရလျှက်ရှိပေသည်။ မြင်းပွဲများမှာ ဘယ်မြင်းဆုရမလဲ သွားလောင်းမယ့်အစား ဒေါ်အောင်ဆန်းစုကြည် ဆုရမရ လောင်းပါက ဒေါ်အောင်ဆန်းစုကြည်ဖက်က ထည့်သူအားလုံး သူဌေးဖြစ်လိမ့်မယ်။ မြင်းလောက် မပြေးရ၊ ချွေးမထွက်ရ၊ မပင်ပန်းရသော်လည်း အိပ်လိုက်စားလိုက်နှင့် မသေမချင်း ဆုများကို ဆက်လက် လက်ခံပျော်မွေ့ဂုဏ်ယူနေလိမ့်ဦးမည်....။
( Myanmar Express မှကူးယူဖေါ်ပြပါသည် )