xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ၀ီကီလိခ်မှ ထိပ်တန်းဖော်ပြမှုများ

Tuesday, December 21, 2010

ဝီကီလိခ်မှ ထိပ်တန်းဖော်ပြမှုများ


စတော့ဟုမ်း - ခရာတွတ်၍အသိပေးသော ၀က်ဘ်ဆိုက် ၀ီကီလိခ်သည် တိုတောင်းသည့် အချိန်ကာလ အတွင်း (ယခုရက် သတ္တပတ်အတွင်း) ထုတ်ဖော်ပြလိုက်သည့် သံတမန်ကြေးနန်း ၂၅၀,၀၀၀ အနက်မီးမောင်း ထိုးခံရ သည့် မှတ်တမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
နောင်လည်းထပ်လာစရာရှိသေးကြောင်းဝီကီလိခ်တည်ထောင်သူ ဂျူလီ ယန် အက်ဆန်းက တနင်္လာနေ့တွင် ဖို့ဘ် မဂ္ဂဇင်းအား ပြောကြားရာ၌ သူ၏ ၀က်ဘ်ဆိုက်သည် အဓိက 'ကန်' ဘဏ် တစ်ခုနှင့်ပတ်သက်သည့် ထောင်သောင်း ချီသည့် မှတ်တမ်း များကို ဖော်ထုတ်ရန် အစီအစဉ်ရှိ ကြောင်း၊ ဤထုတ်ဖော်မှု ကြောင့် ဘဏ်တစ်ခု၊ သို့မဟုတ်နှစ်ခု ပိတ်ပစ် သွားနိုင်ကြောင်း ပြောခဲ့သည်။
ယခင် ၀ီကီလိခ်၏ ထိပ်တန်း ထုတ် ဖော်မှုများကို ဖော်ပြထားသည်။
၂၀၁၀ ပြည့် နှစ်၊ နိုဝင်ဘာလ ၂၈ ရက် ထုတ်ဖော်ချက် အသစ် ကို "Cablegale" ဟု အမည်ပေးပြီး ၀ီကီလိခ်သည် ကြေးနန်း ၂၅၁,၂၈၇ ခန့်အား စတင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဤကြေးနန်းများ မှာ ကမ္ဘာတစ်ဝန်းရှိ 'ကန်'သံရုံး ၂၇၄ ခုတို့မှဖြစ်ပြီး ကြေးနန်း ၁၅,၆၅၂ စောင် တို့မှာ သက်ဆိုင်သူသာ ကြည့်ခွင့်ဖတ်ခွင့်ရှိသည့် ကြေးနန်းများဖြစ်သည်။ ထုတ်ဖော်ချက်များနောက်ကွယ်မှလူများသည် အလွန်လေး နက်သည့် အပြစ်အားကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်မှ ပြောဆိုခွင့်ရှိသူ ရောဘတ်ဂစ်ဘ်က ပြောခဲ့သည်။
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၂
"Iraq war logs" ဟုခေါ်သည့် အီရတ်စစ်မှတ်တမ်းများကို ၀ီကိလိခ်က ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ထို အချိန်က အကြီးဆုံး စစ်ဘက်ဆိုင်ရာ ထုတ်ဖော်မှုများအဖြစ် လူသိများခဲ့သည်။
"SIGACT" ဟု ခေါ်ဆိုသည့် အရေး ကြီးသည့်တိုက်ပွဲအစီရင်ခံစာ ၃၉၁,၈၃၂ များမှာ ဇန်န၀ါရီလ ၂၀၀၄ ခုမှ ၂၀၀၉ ခုနှစ်ကုန်အထိ အီရတ် စစ်ပွဲအတွင်းက အမေရိကန် တပ်သားများ ရေးသားခဲ့ သည့် အစီရင်ခံစာများဖြစ်ပြီး ညှဉ်းပန်း နှိပ်စက်ခဲ့သည့် အသေး စိတ် ဖြစ်ရပ်များ ဖော်ပြပြီး အရပ်သား ၆၆,၀၈၁ ယောက် သေဆုံး ခဲ့သည့် အနက် လူ ၁၅,၀၀၀ သေခဲ့ခြင်းကို ယခင်က ဖော်ပြခြင်း မရှိခဲ့ ကြောင်း ၀ီကီလိခ်က ပြောသည်။
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၅ ရက်
၂၀၀၄ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ပင်တဂွန်ဖိုင်တွဲများနှင့် စစ်မြေပြင် အစီ ရင်ခံစာများပါဝင်သည့် သက်ဆိုင်သူ များသာ ကြည့်ခွင့် ဖတ်ခွင့်ရှိသည့်အမေရိကန်စစ်ဘက်ဆိုင်ရာ မှတ်တမ်း ၇၇,၀၀၀ ခန့်ကို ၀ီကီလိခ်ကထုတ်ဖော်ခဲ့သည်။ ဤမှတ်တမ်းများသည် အာဖဂန် စစ်ပွဲမှ မှတ်တမ်းများ ဖြစ်ပြီး နောက်ထပ်မှတ်တမ်း ၁၅,၀၀၀ ရိုက်နှိပ် ဖော်ပြဦးမည်ဟု ၀ီကီလိခ်က ပြောသည်။ အရပ်သားများ ခံစားရ သည့်အတွေ့အကြုံများ ထိုမှတ်တမ်းများက အသေးစိတ်ဖော်ပြသည့်အပြင် ပါကစ္စတန်နှင့် တာလီဘန်တို့ အဆက် အသွယ်ရှိ နိုင်ဖွယ် ရာ မှတ်တမ်းများ ပါရှိရာ ဤကိစ္စကြောင့် ပင်တဂွန် ဒေါသထွက်ခဲ့ရပြီး ၀ီကီလိခ်မှာလည်း မီးမောင်းထိုး ခြင်းခံခဲ့ရသည်။
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၅ ရက်
လွန်ခဲ့သည့် သုံးနှစ် ခန့်က ဘဂ္ဂဒက်၌ အမေရိကန် Apache စစ်ရဟတ်ယာဉ် က တိုက်ခိုက်ပစ်ခတ်ခဲ့ရာတွင် ရိုက်တာ သတင်းဌာနမှ ၀န်ထမ်းနှစ်ဦးနှင့် လူ အချို့ သေဆုံးခဲ့သည့် ဗီဒီယို အခွေကို ၀ီကီလိခ် က ဖော်ပြခဲ့သည်။ အခင်းဖြစ် ပွားစဉ်က သေနတ်၌ တပ်ဆင် ထား သည့် ကင်မရာမှ ရိုက်ထားသည့်အခွေ ၌ ရဟတ်ယာဉ်မှူးများနှင့် မြေပြင်ရှိ လေယာဉ်ထိန်းသိမ်းရေးအဖွဲ့တို့ ပြော ဆိုကြသည့် စကားများ၌ ဘဂ္ဂဒက်လမ်း ပေါ်က လူများကို လက်နက်ကိုင်သူပုန် ဟုဆိုကာ ပစ်မိန့်တောင်းခဲ့ပုံများပါဝင် ခဲ့သည်။ ဤဗီဒီယိုခွေအား စစ်ဘက် ခရာတွတ်ပြီး အသိပေးသူများထံမှ ရရှိ ခဲ့ကြောင်း ၀ီကီလိခ်က ပြောခဲ့သည်။
၂၀၀၉ ခုနှစ်
ဗြိတိန်နိုင်ငံရှိ East Anglia တက္ကသိုလ်ရှိ ရာသီဥတုသုတေသနယူနစ်မှ သုတေသနအရာရှိများအကြား အငြင်းပွားစရာမှတ်တမ်းများ နှင့် အပြန်အလှန် ပေးပို့ခြင်းတို့ကို ရိုက်နှိပ် ဖော်ပြခဲ့သည့် ၀က်ဘ်ဆိုက် များတွင် ၀ီကီလိခ် လည်း ပါဝင်သည်။ ဤ ပေါက် ကြားမှုကို ရာသီဥတုပြောင်းလဲမှုအပေါ် သံသယ ရှိသူများက အီးမေးလ်များ သည်သူတို့၏အရေးကို ထောက်ခံ ကြောင်းပြောကြားခဲ့ရာမှ "climategate" ဟု အမည်တွင်လာသည့်အငြင်းပွားမှု ကမ္ဘာတစ်ဝန်း ပေါ်ပေါက်ခဲ့သည့် ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တွင် သုတေသနပညာရှင်များ မမှား ယွင်းကြောင်း တွေ့ရှိခဲ့သည်။
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်
၂၀၀၁ ခုနှစ်က နယူးယော့ခ်နှင့် ၀ါရှင်တန်မြို့များ တိုက်ခိုက်ခြင်းခံခဲ့ရ စဉ်က ထောင်သောင်းချီသည့် ပေဂျာ မက်ဆေ့ဂ်ျများကို နိုဝင် ဘာလမှစပြီး ၀က်ဘ်ဆိုက်က စတင်ရိုက်နှိပ်ထုတ်ဝေနေပြီဖြစ်သည်။ ၀ီကီလိခ်ကမည်ကဲ့သို့ ရရှိခဲ့ခြင်းကို ဖော်ပြခြင်းမပြုခဲ့သော်လည်း ထိုအချိန်က နည်းပညာဘလော့ဂ်များ က စစ်မှန်ကြောင်း ထောက်ခံကြသည်။
၂၀၀၈ ခုနှစ်
ဗြိတိန်နိုင်ငံမှ ဗြိတိသျှအမျိုးသား ပါတီ (BNP)၀င် တစ်သောင်းကျော်တို့၏ အမည်များ၊ လိပ်စာများ၊ တယ်လီဖုန်းနံပါတ်များနှင့် အလုပ် အကိုင်တို့ကို ၀ီကီလိခ်က ၎င်း၏ ၀က်ဘ်ဆိုက်ပေါ် တွင်တင်ထားသည်။ ဤပေါက်ကြားမှု ကြောင့် ရဲအရာရှိတစ်ဦးထက်မနည်း အလုပ် မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်က ဗြိတိသျှရဲတပ်ဖွဲ့ဝင်များ နှင့် အကျဉ်းထောင်အရာရှိများ၊ ဗြိတိသျှ အမျိုးသားပါတီ (BNP) ထဲသို့ မ၀င်ရန် တားမြစ်ခဲ့သည်။ BNP သည် ထိုစာရင်း ကို ထုတ်ဝေသူအား တရားစီရင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ
'ကန်'သမ္မတ ရွေးကောက်ပွဲအတွက်ပြိုင်ဆိုင်နေကြချိန်၌ ဆာရာပါလင်၏ကိုယ်ရေးအီးမေးလ်ငွေစာရင်းမှာ ဟက်လုပ်ခြင်းခံရပြီး အချို့ အီးမေးလ်တို့ကိုလည်း ၀ီကီလိခ်ဆိုက်ပေါ်တွင်တင်ခဲ့သည်။ ထုတ်ပြန်ချက်တစ်ခု၌ မက်ကိန်း ပါဝင်စည်းရုံးလှုံ့ဆော်ရေးအဖွဲ့မန်နေဂျာ ရစ်ဒေးဗစ်ကဤအပြုအမူသည် ပြည်နယ်အုပ်ချုပ်ရေးမှူး၏သီးသန့်တည်ရှိမှုအား ကျူးကျော်ခြင်းနှင့်ဥပဒေချိုး ဖောက်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
၂၀၀၇ ခုနှစ်
၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် စာမျက်နှာ ၂၃၈ မျက်နှာရှိ ဂွမ်တာနာမိုအကျဉ်းစခန်းအတွက် အမေရိကန်ကြည်းတပ်၏ သင်ကြားပို့ချမှု စာအုပ် အား ၀က်ဘ်ဆိုက်က ဖော်ပြထုတ်ဝေခဲ့ သည်။ အသေးစိတ် ရေးသားထားသည့် ထိုစာအုပ်တွင် ထိန်းသိမ်းခြင်းခံထားရ သူများ ကို ဆုလာဘ်အဖြစ် သန့်စင်သုံး စက္ကူလိပ်များ ပေးနိုင်သည်ဟု ပါရှိရာ အခွင့်အရေးအဖွဲ့များ၏ ဝေဖန်ခြင်းကို ခံရသည်။
၂၀၀၇ ခုနှစ်
ထူထောင်ပြီး တစ်နှစ်အကြာ၌ ၀ီကီ လိခ်သည် ပေါက်ကြားမှုများကို တရား ၀င် စတင်ဖော်ပြခဲ့သည်။