xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အိုးဘိုထောင်မှာ သာတဲ့လ ( ၁ )

Wednesday, December 15, 2010

အိုးဘိုထောင်မှာ သာတဲ့လ ( ၁ )

ကျေးဇူးရှင် သီတဂူဆရာတော် ဒေါက်တာ ရှင်ဉာဏိနိဿရက ထောင်ထဲ ရောက်သည်နှင့် ထောင်ဆေးရုံသို့ သွားကြည့်သည်။ မန္တလေးအိုးဘိုထောင် ဆေးရုံမှာ အင်းစိန်ထောင်ဆေးရုံနှင့် သဘာဝချင်းမတူ။ သို့သော် သန့်ရှင်းအောင်၊ လေဝင်လေထွက် ကောင်းအောင် စီစဉ်ထားသည်။ ထောင်ဆေးရုံမှ အကျဉ်းသားအချို့ကို ပိုက်တန်းလန်းနှင့် လူအများပင် တွေ့ခဲ့ရသည်။ မန္တလေးအိုးဘိုထောင် သီတဂူအလှူပွဲသည် အင်းစိန်ထောင် အလှူပွဲလို မဟုတ်။ သီတဂူ အလှူရှင်များသည် သူ့အဖွဲ့နှင့်သူ ခွဲ၍ လှူဒါန်းကြခြင်း ဖြစ်သည်။ သီတဂူဆရာတော်ကတော့ သေဒဏ်ကျ ခံထားရသူများထံ ကိုယ်တိုင် သွားရောက်၍ မေတ္တာပို့ကာ အားပေးစကား ပြောကြားကာ ကိုယ်တိုင် လှူဒါန်းခဲ့သည်။ မန္တလေးအိုးဘိုထောင်၌ ကြိုးသမားများသည် သီတဂူဆရာတော် ဘုရားအား မန္တလေးအိုးဘိုထောင်ထွက်လက်ရာတစ်ခုဖြစ်သည့်ကြိုးပုတီးပေါင်း များစွာကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ သူတို့တတ်နိုင်သည့်အလှူကို သူတို့ ကုသိုလ်ပြုကြခြင်းဖြစ်သည်။ သီတဂူဆရာတော်ဘုရားသည် ကြိုးသမားများထားရာ ကြိုးတိုက် အခန်းကျဉ်းထဲသို့လည်း ကိုယ်တိုင် ဝင်ရောက်လေ့လာသည်။ ကြိုးတိုက် ထဲမှာမိလ္လာချောင်ထိ ကိုယ်တိုင်ဝင် ကြည့်သည်။ပြီးတော့ မိမိဘက်လှည့် ပြီး ''ဟေ့ ကိုဆံရှည် ဂန်ဖလားစနစ် မဟုတ်တော့ဘူး။ မိလ္လာစနစ်ဖြစ် သွားပြီ''ဟုမိန့်သည်။ သီတဂူဆရာ တော်ဘုရားသည် လက်တွေ့ဆန် သောဆရာတော်ဖြစ်သည်။ သီတဂူ ဆရာတော်ဘုရားသည် ဘာသာခြားများကိုလည်းကောင်း မခွဲခြား။ ထောင်ကျ အကျဉ်းသားများအားလုံး ကို တပြေးညီလှူဒါန်းကုသိုလ်ပြု မေတ္တာပို့ခဲ့သည်။ နေ့လယ်ရောက် တော့ သီတဂူဆရာတော်ဘုရားအား ဆွမ်းကပ်ကာ သီတဂူအဖွဲ့သားများကို လည်း နေ့လယ်စာဖြင့် တည်ခင်းဧည့် ခံသည်။ လူအုပ်များထဲတွင် မိမိ သူငယ်ချင်းကိုဘုန်းကျော်နှင့် မိတ်ဆွေ များတွေ့ရသလို ရုပ်ရှင်သရုပ်ဆောင် စိုးမိုးကြည်တို့ဇနီးမောင်နှံကိုလည်း တွေ့ရသည်။ အာရှတော်ဝင်မှ ဒေါက်တာမြတ်သူတို့သားအဖကိုလည်း တွေ့ရသည်။ ဆရာဦးမြတ်သူမှအင်းစိန်ထောင်နည်းတူ မန္တလေးအိုးဘိုထောင် ဆေးရုံတွင်လည်း ဆေးဝါးကုသနိုင်ရန် လှူဒါန်းသွားမည်ဟုဆိုသည်။ သည့် နောက်မိမိတို့အဖွဲ့အပြင်သို့ထွက်ကာ တူးတူးဆိုင်တွင် ထမင်းသွားစားကြသည်။ ပြီးတော့ မန္တလေးအိုးဘိုထောင်ထဲပြန်ဝင်ကြသည်။ တရားဟောသည့်နေရာ တွင် အကျဉ်းဦးစီးဌာနမှဆရာဦးမင်းစိုးကိုယ်တိုင် ကင်မရာထောင်ထားတာ တွေ့ရသည်။ ဆရာဦးမင်းစိုးသည် သီတဂူဆရာတော်ဘုရား တရားဟော မည့်နေရာကို ကြိုတင်ပြင်ဆင်ခဲ့ရဟန်တူသည်။ ထောင်ကျအကျဉ်းသားများထဲမှ တရားနာခွင့်ရသူများသည် မဲနှိုက်ကြရသည်ဟုဆိုသည်။ တရားနာခွင့်ရသည့် ထောင်ကျအကျဉ်းသားများသည် ကိုယ်တွေကို တစ်ယောက်ပြီး တစ် ယောက် ဝိုင်းနှုတ်ဆက်ကြသည့် အတွက် ဝမ်းသာဝမ်းနည်းဖြစ်ရသည်။ ကျုပ်တို့က လျှပ်တစ်ပြက်ကို ဖတ်ကြ တယ်ဟုလည်းဆိုကြသည်။ ကြိုးဒဏ် ကျခံရသောလူငယ်တစ်ဦးက မိမိကို လေးလေးအတွက်ဟုဆိုကာ ကြိုး ပုတီးတစ်ကုံး လက်ဆောင်ပေးလိုက် သည့်အတွက် စိတ်မကောင်းဖြစ်ရ သည်။ သီတဂူဆရာတော်က မိမိလက်ထဲမှ ကြိုးပုတီးများကိုကြည့်ကာ ''ကိုဆံရှည်မှာလည်း ကြိုးပုတီးတွေနဲ့ပါလား။ ငါတို့တော့ သည်တစ်ခေါက် ကြိုးပုတီးဆိုင်ဖွင့်လို့ရတော့မယ်ထင်တယ်''ဟုမိန့်သည်။ ခဏနေတော့ သီတဂူဆရာတော်ဘုရားက တရားချီးမြှင့်ခဲ့သည်။ ၁၃၇၂ခု၊သီတင်းကျွတ်လဆန်း(၈)ရက်၊နေ့လယ်(၁၂း၃၅)တရား မန္တလေးဗဟို အကျဉ်းထောင်အတွင်း အကျဉ်းသူ၊ အကျဉ်းသားများနဲ့ တာဝန်ရှိကြတဲ့ ဝန်ထမ်းများအားလုံး၊အလှူရှင်များအားလုံးတို့ကောင်းမှုအတွက် ပေါင်းစုလို့ စီရင်ကျင်းပသော သီတဂူဓမ္မသဘင်ကို ယခုအခါ မေတ္တာသရဏံ နဲ့ စတင်ဖွင့်လှစ်ပါပြီ။ ဓမ္မသဘင်သို့ရောက်ရှိလာကြသော တရားချစ်ခင်သူတော် စင်အပေါင်းတို့နှင့်တကွ (၃၁)ဘုံ၊ အနန္တစင်္ကြာစဠာ၌ ရှိကြကုန်သောအနန္တ သတ္တဝါတို့ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေလို့ ဆင်းရဲခပ်သိမ်းကင်းငြိမ်း ကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ မေတ္တာဓာတ်ဖြန့်ဝေပြီး ဓမ္မသဘင် ကို စတင်လိုက်ပါပြီ။ မြတ်ဗုဒ္ဓရဲ့ဘုရား ဖြစ်သည်မှအစ နိဗ္ဗာန်ဝင်သည်အထိ ၄၅နှစ်တာကာလ ဟောသွားသမျှ၊ မိန့်ကြားတော်မူသွားသမျှ၊ ပညတ် တော်မူသွားသမျှစကားရပ်တွေအကုန်လုံး အလွန်လှပတဲ့စာလုံးလေးတစ်လုံးထဲ မှာပေါင်းပြီးသိမ်းထားတယ်။ အဲ့ဒါ ဘာလဲလို့ဆိုရင် ''ဓမ္မ''လို့ခေါ်တယ်။ ဓ တစ်လုံးနဲ့ မနှစ်လုံးဆင့် ဓမ္မလို့ဖတ် လိုက်ရင် ပါဠိပုဒ်မပျက်ဘူး။ ဓားမလို့ အသံထွက်နေကြတယ်။ အဲဒါ ဘုန်းကြီး တို့ ဓမ္မကိုလာပြောပြတယ်။ ဓမ္မကို လာဟောပြတယ်။ သာမာန်အားဖြင့် ကြည့်လိုက်ရင် ဒီကနေ့ (၂)မျိုးများမြင်နေမလားလို့။ တစ်ဖက်က အကျဉ်းသား။ တစ်ဖက်ကအကျဉ်းသားမဟုတ်ဘူး။ ''နတ္ထိဘိက္ခဝေအနမသတ္တေ သံမာဏေ'' အလွန်ရှည်လျားသော ဘဝသံသရာမှာ မရောက်ဖူးသော မဖြစ်ဖူးသော နေရာရယ်လို့ ဘယ်မှာမှမရှိဘူး။ (၃၁)ဘုံမှာအနာဂမ်နဲ့ ရဟန္တာ ဗြဟ္မာကြီးတွေ နေတဲ့ဘုံ ၅ဘုံရှိတယ်။ အဲဒီ(၅)ခုကို ခေါ်တယ် ''သုဒ္ဒကအာဝါသ'' ရှင်းသန့်တဲ့ ပုဂ္ဂိုလ်တွေ ရဲ့နေရာဟာ အဲဒီ(၅)ခုပဲရှိတယ်။ ဘာရှင်းသန့်လဲလို့ မေးရင် ရာဂနဲ့ဒေါသ။ အဲ့ဒါကင်းပြီးတော့ ရှင်းသန့်တယ်။ ဗြဟ္မာ(၂ဝ)ထဲမှာ (၅)ခုပဲရှိတယ်။ ဘုန်းကြီးတို့တစ်တွေ မရောက်ဖူးတာဟာ အဲ့ဒီ(၅)ခုပဲ။ ဘာကြောင့်မရောက်ဖူးလဲလို့ နားလည် လွယ်အောင်ပြောရင်အနာဂမ်မဖြစ်ဖူးသေးလို့။ အနာဂမ်မဖြစ်သေးရင် ရာဂနဲ့ ဒေါသလည်းပဲမကင်းဘူး။ ရာဂနဲ့ဒေါသမကင်းရင်အဲဒီသုဒ္ဒကဝါသဘုံကို မရောက်ဖူးဘူး။ အဲဒီသုဒ္ဒကဝါသဘုံကလွဲရင် (ဒီလူတွေ)၂အကျဉ်းသားတွေရော အကျဉ်းထောင်စောင့်ရှောက်တဲ့သူတွေရော၊ လာလှူကြတဲ့အလှူရှင်တွေရော ဘုန်းကြီးတွေရော အားလုံးရောက်ဖူး တာကြီးပဲ။ အဝီစိကနေဘဝဂ်ထိ။ သုဒ္ဒ ဝါသဘုံကလွဲရင် ကျန်တဲ့နေရာတွေ အကုန်လုံး ဘုန်းကြီးတို့တစ်တွေ ရောက် ဖူးတယ်ဆိုတာကြီးပဲ။ အကျဉ်းကျတာ မဟုတ်တဲ့ ဒီလူတွေအကုန်လုံး အကျဉ်း ထောင်ထဲလည်း ရောက်ဖူးတာချည်းပဲ ပေါ့။ မရောက်ဖူးတာ ဘာမှမရှိဘူး။ အဲဒါ ကလည်း အကျဉ်းထောင်ထဲကလာကြ တဲ့သူတွေဒါလေးနှစ်လုံးသွင်းကြ၊တို့ ရောက်ဖူးတဲ့နေရာဟောင်းပဲ။သံသရာမှာ မရောက်ဖူးတဲ့နေရာက ခုနက(၅)ဘုံပဲ။ ကိုယ်ရောက်ဖူးတဲ့နေရာဟောင်းပြန် ပြောင်းပြီးသတိမရတော့တာဘာကြောင့် လဲဆိုတော့ အဝိဇ္ဇာထူလို့။ ဒါတွေပြန် ပြီးတော့ မသိနိုင်၊မကြည့်နိုင်ဖြစ်ကုန်ကြတာ။အဝိဇ္ဇာကထူလွန်းတော့ သူဖြစ်ဖူး တဲ့ဒုက္ခတွေ၊ ကိုယ်ရောက်ဖူးတဲ့ဘဝဆိုးတွေ ပြန်မသိကြရှာတော့ ဘာဖြစ်ကုန် လဲ။တို့နေရာမဟုတ်ဘူး။ ဘယ်သူတို့နေရာဒီလိုမျိုးခွဲခြားတဲ့သဘောကြီးပေါ်သွား တယ်။အဝိဇ္ဇာထူပြီးတော့ ဘဝဟောင်းကိုမေ့ကြတဲ့အခါမှာလွန်ကျူးမှုတွေ လွယ် လွယ်ကူကူဖြစ်ကြတယ်။ ရာဂ၊ဒေါသရဲ့သောင်းကျန်းမှုဟာ။ အဝိဇ္ဇာရယ်၊ လောဘရယ်၊ဒေါသရယ်အဲဒီတရားသုံးပါးကို(၁)ကတော့ ထိန်းထားနိုင်ဖို့နဲ့နှစ်က တော့ခေါင်းပါးသွားဖို့နဲ့သုံးကတော့အြ<ွကင်းမဲ့ဖယ်ရှားဖို့။အဲဒါဘာလုပ်ရမလဲဆိုတော့ အရင်ဆုံးဓမ္မကို နာကြားကြရမယ်။နာရုံနဲ့မပြီးဘူး။ကျင့်သုံးကြရမယ်။ဓမ္မရဲ့စွမ်း ရည်သတ္တိက အဲဒီတရားဆိုးတွေက(၁)ထိန်းထားနိုင်တယ်။ (၂)ဖယ်ရှားနိုင်တယ်။ သံသရာတစ်လျှောက်လုံး(၃၁)ဘုံသားတိုင်းကိုဒုက္ခပေးတဲ့သတ္တဝါတိုင်းကို ဒုက္ခ ပေးတဲ့ဒီကိလေသာတရားဆိုးကိုထိန်းချုပ်ဖို့တားဆီးဖို့ ဖယ်ရှားဖို့အကျင့်ကောင်းတွေ ဟာ ဓမ္မထဲမှာရှိနေတယ်ဆိုတာလေးတွေ ဘုန်းကြီးကဒီမှာလာပြောပြတာ။ အဲဒီဓမ္မ ကိုသိရကြားရလို့ရှိရင် အကျဉ်းထောင်ထဲမှာတခြားအလုပ်ဘာမှမရှိဘူးဆိုတော့ အဲဒီဓမ္မကိုကျင့်ပြီးတော့ မိမိတို့ရဲ့ဘဝကိုမြှင့်တင်ပေးနိုင်တယ်။ အမြင့်ဆုံး ပြောမယ်ဆိုရင် မိမိတို့ရဲ့ဘဝကိုလွတ်မြောက်စေနိုင်တယ်။ ဒီဓမ္မပဲအခြားမရှိပါ ဘူး။ဆုံးမသည့်အတိုင်းသာကျင့်နိုင်ကြမယ်ဆိုရင် ဘဝအောက်တန်းကိုမကျ ရအောင်။အကယ်၍အောက်တန်းမှာကျနေသော်လည်းပဲ အထက်တန်းကို ရောက်အောင် အဲသလို ဘဝကိုအောက်တန်းဘဝမှအထက်တန်းဘဝသို့ သယ် ဆောင်သွားတတ်တဲ့သတ္တိအထူးဟာဓမ္မ။ ဓမ္မရဲ့သတ္တိစွမ်းရည်ထူးကို တစ်ခွန်း၊ နှစ်ခွန်းလောက်ပဲ မိန့်ကြားတာ။ အဲ့ဒီဓမ္မကိုကျင့်ထားသိထားတဲ့သူကို အဲဒီဓမ္မက သယ်ဆောင်သွားမှာ။ အောက်တန်းဘဝကနေ အထက်တန်းဘဝကိုသယ်သွား မှာ။ ကိုယ်ကျင့်တဲ့ဓမ္မကကိုယ့်ကိုသယ်သွားမှာ။ ကိုယ့်ကိုကိုယ်အားကိုးဆိုတဲ့ အဓိပ္ပါယ်။ ကိုယ့်မှာကျင့်ထားတဲ့တရားရှိရင်။ ဓမ္မရဲ့အစွမ်းသတ္တိဟာ ဘယံ ထိတ်လန့်ခြင်း၊ကြောက်ရွံ့ခြင်းကိုဖယ်ရှားနိုင်တယ်။ ကြောက်စိတ်တွေဝင်လာရင် ဒီဓမ္မကိုကျင့်သုံးထား ကြောက်စိတ်တွေပြေသွားမယ်။ ထိတ်လန့်မှုတွေဖြစ်လာရင် ဓမ္မနဲ့နှင် ပြေသွားနိုင်တယ်။ ဒုက္ခံ၊ ကိုယ်ရောစိတ်ရော ဆင်းရဲရင်ဓမ္မနဲ့နှင်။ ဒုက္ခကိုဖြေပေးနိုင်တယ်။ ဒုက္ခတိ၊ ဘဝအောက်တန်းကို ဆင်းတော့မယ်ဆိုရင် ကိုယ့်ကိုကိုယ်သိဓမ္မနဲ့သာနှင်လိုက် အထက်တန်းဘဝကိုပြန်တက်လာမယ်။ ဘဝကိုသိပ်ညစ်နေရင် ကိုယ့်ကိုကိုယ်သိရင် ဘဝဖြူစင်အောင်ဓမ္မနဲ့ဆေး၊ တကယ်တမ်းဒါတွေပြောခွင့်ရလို့ ဘုန်းကြီးတို့က ဝမ်းသာတယ်။ အဲဒီဓမ္မကို ဘယ်သူဟောသလဲမေးရင် လူဟောတယ်။ နတ်ဟောတယ်။ ဗြဟ္မာဟော တယ်။ တခြားဘာသာတရားတွေပြောသလိုပြောရင်'God' ကဟောတယ်။ 'God'ရဲ့ Messenger တွေကတမာန်တော်တွေကဟောတယ်လို့ တခြား ဘာသာတရားတွေမှာရှိလိမ့်မယ်။ 
                                                                                                                မြတ်ခိုင်
( အပိုင်း ၁ ပြီးပါပြီ )