အဇာတသတ်
တိတ္ထိဆရာ ၆ယောက်ဆီ ရောက်ပြီးပြီ။ ငြိမ်းချမ်းရေးတရား နာရလား။ မနာရဘူး။
ခုနှစ်ကြိမ်မြောက် အစည်းအဝေးခေါ်တယ်။ ငါစိတ်တွေ ဆင်းရဲလွန်းလို့
ပြောကြစမ်းပါ။ ဘယ်သွား တရားနာရမလဲ။ တန်ဆောင်မုန်း လပြည့်နေ့ကြီး။
ဘယ်သူမှမပြောဘူး။ ငြိမ်နေတယ်။ ကြာတွေက ပွင့်လို့။ လကလည်းပဲ ကြည်လင်နေအောင်
သာတယ်။ ကောင်းကင်ကလည်းပဲ မြူတွေ။ ဆီးနှင်းတွေမရှိဘူး။ ဒီလောက်
သာယာကြည်နူးဖွယ် ကောင်းတဲ့ညချမ်း၊ ကာလမှာ ငါဘယ်သွားတရားနာရမလဲ။ ဘုရင်ကြီး
စိတ်ဆင်းရဲနေတယ်။ ခြောက်အုပ်စုက ဂိုဏ်းဆရာခြောက်ယောက်ဆီ ပို့ပြီးပြီ။
နောက်တစ်ခုက ဘုရားဆီပို့ပို့ပဲ ကျန်တော့တယ်။
ဆရာဝန်ကြီးဇီဝက။ ဗုဒ္ဓဘာသာ၊ ကျောင်းဒကာ၊ သောတပန်သူ အဲဒီအစည်းအဝေးမှာ ပါတယ်။
ဒါပေမယ့် သူမပြောရဲဘူး။ ငြိမ်နေတယ်။ ဘာဖြစ်လို့လဲ။ တိတ္ထိကိုးကွယ်တဲ့အုပ်စုက
ခုနှစ်ပုံ၊ပုံရင် ခြောက်ပုံရှိတယ်။ ဗုဒ္ဓယုံကြည်တဲ့သူက တစ်ပုံပဲရှိတယ်။
အဲဒါပဲ လောကမှာအနှစ်ကို အနှစ်ရံသော အုပ်စု၊အနှစ်ကို အကာရံသောအုပ်စု၊ အကာကို
အနှစ်ရံသောအုပ်စု။ အကာကို အကာရံသောအုပ်စု။ အဖွဲ့အစည်းလေးမျိုးရှိတယ်။
ခေါင်းဆောင်ကလည်း အနှစ်ရှိတယ်။ နောက်လိုက်တွေကလည်း အနှစ်ရှိတယ်။
ဒါအကောင်းဆုံး။ ခေါင်းဆောင်က အနှစ်ရှိပေမယ့် နောက်လိုက်တွေက အကာကြီးပဲဆိုဒါ
မကောင်းနိုင်ဘူး။ ခေါင်းဆောင်က အကာဖြစ်နေပေမယ့် နောက်လိုက်တွေက
အနှစ်ရှိတယ်ဆိုရင် ဒါကောင်းချင်လဲ ကောင်းနိုင်တယ်၊ မကောင်းချင်လည်း
မကောင်းနိုင်ဘူး။ အကာကိုအကာရံပြီ ဆိုရင်တော့ မကောင်းတော့ဘူး။ အဇာတသတ်ရဲ့
အနီးအနားအကာတွေ များနေတယ်။ အနှစ်ရှိတာ တစ်အုပ်စုတည်း။ ပရိသတ်ကငြိမ်နေတယ်။
ဟဲ့ပြောကြပါတဲ့။ မပြောဘူး၊ ဇီဝကမင်းပြောလို့ ဘုရင်က အမိန့်ထုတ်တော့ ဇီဝက
ထပြောတယ်။ ဘာကြောင့်ဇီဝက ဆရာကြီးမပြောပဲ ငြိမ်နေတာလဲ။ အကာမဖြစ်အုပ်စုက
များနေတယ်။ အနှစ်ရှိတဲ့အုပ်စုက နည်းလွန်းလို့ မပြောရဲဘူး။ ဒီလိုဖြစ်နေတယ်။
ဘုရင်က ပြောဆိုတော့မှ ဗုဒ္ဓဂေါတမဆီသွားတဲ့။ ညဦးယံဇီဝကရဲ့အစီအမံနဲ့
ဘုရားဆီသွားကြပြီ။ ရောက်ပြီ မြတ်စွာဘုရားရှေ့တော်မှောက်ရောက်။
ဘုရင်ကြီးကဘုရားနဲ့ သံဃာကိုရှိခိုးတယ်။ သူရဲ့ဖြစ်ကြောင်းကုန်စင်ကိုပါ
ဘုရားထံလျောက်ထား သံတော်ဦးတင်တယ်။ မြတ်စွာဘုရားကိုယ်တော်မြတ်က
ဘုရင်ကြီးနှလုံးစိတ်ဝမ်း အေးချမ်းကြောင်း။ ဓမ္မဟောတယ်။ ဓမ္မသည်
ဆုံးမတဲ့အတိုင်း သာကျင့် မယ်ဆိုရင် အောက်တန်းကနေ
အထက်တန်းကိုပို့ပေးလိမ့်မယ်။ အဓမ္မသာ ကျင့်လိုက်ရင်တော့ အထက်တန်းကနေ
အောက်တန်းကို စုန်သွားကြမယ်။ အဲဒီဓမ္မဟောတယ်။ ပြီးလည်းသွားရော
အဇာတသတ်ရှင်ဘုရင်က ဘုရားကို အိုအလွန့် အလွန်ကျေနပ်ဖွယ်
နှစ်သက်ဖွယ်ကောင်းတဲ့ တရားပါလား။ မှောက်ထားတဲ့အိုးကို လှန်လိုက်သလို၊
အုပ်ထားတာကို ဖွင့်ပြသလို လမ်းမှားလျောက်နေတဲ့ ပုဂ္ဂိုလ်ကို
ဒီလမ်းလျှောက်ရမယ်လို့ ညွှန်ကြားလိုက်သလိုပဲ။ အမှောင်ကြီးထဲမှာ မီးတိုင်ကြီး
ထွန်းပြလိုက်သလိုပဲ ဘဝလမ်းကြောင်းကို အစုန်ကနေအဆန်ကို တက်နိုင်ပြီဘုရား။
အရှင်ဘုရားနှင့် သံဃာတော် အရှင်မြတ်တို့အား ဘုရားတပည့်တော် ဆည်းကပ်ကိုး
ကွယ်ပါသော်။ အဇာတသတ်ဘုရင်ကြီးနှလုံး စိတ်ဝမ်းအေးချမ်းတယ်လို့
အဓိပ္ပါယ်ရှိတယ်။ တစ်တိုင်းလုံး တစ်ပြည်လုံးက သူ့ကိုဘာပဲပြောလဲ
အဖေသတ်ပြီးတော့နန်းလုတဲ့ဘုရင်။ အဖေကလည်း ဘယ်လိုအဖေမျိုးလဲ။
ဘုရားကျောင်းဒယကာ။ သောတပန်အရိယာ။ အဲဒီလောက်ကောင်းတဲ့အဖေကို သတ်ပြီးတော့
နန်းလုတဲ့ဘုရင်။ တံတွေးခွက်ပက်လက် မျောနေတဲ့ဘုရင်ကြီး။ သူကိုယ်တိုင်
နှလုံးစိတ်ဝမ်းအေးချမ်းအောင် တတိုင်းလုံး တစ်ပြည်လုံးရဲ့ ယုံကြည်စိတ်ချမှု
CONFIDENCE ပြန်ရအောင် သူဘာလုပ်ရမလဲ။ တပည့်တော်သည် တရားဘုရင်မင်းတရားကို
အာဏာတန်ခိုး အစိုးတရ ဖြစ်ချင်လွန်းလို့ သတ်မိတယ်ဘုရား။ ဝန်ခံနေပြီနော်။
သြကာသရဲ့ အဓိပ္ပါယ်က သိပ်ကြီးကျယ်တယ်။ သြကာသဆိုတာ ခွင့်လွှတ်ပါ။
အပြစ်ရှိခဲ့ရင် ခွင့်လွှတ်ဖို့ တောင်းပန်တောမယ် ဆိုရင် ကိုယ့်အပြစ်ကို
ရှင်းရှင်းလင်းလင်း ကြေငြာရမယ်။ ဒီမှာကြေငြာတယ်လေ။ အဇာတသတ်က
''နောင်ဒီပြစ်မှုမျိုး မဖြစ်အောင် စောင့်ထိန်းဖို့ရန်အလို့ငှာ
ဘုရားတပည့်တော် တောင်းပန်ပါတယ်။ အရေးကြီးတဲ့ အပိုငးလေးများ ဖြစ်ပါတယ်။
အပြစ်ကို ကြေငြာရမယ်။ နောင်မလွန်ကျူးပါဘူးလို့ ကတိပြုရမယ်တဲ့။
ဒါအဇာတသတ်လုပ်သွားတာ။ အဲဒီတော့မှ မြတ်စွာဘုရားက အပြစ်သိလို့ဝန်ခံတယ်။
တောင်းပန်တယ်ဆိုရင် အဲဒီအပြစ်ကို တို့များ ခွင့်လွှတ်ပါတယ်။ CONFECTION
ဝန်ခံတယ်။ ပြီးတော့ APLOGISE တောင်း ပန်တယ်။ အဲဒီနှစ်ခုကိုလုပ်တယ်ဆိုရင်
မြတ်စွာဘုရားကိုယ်တော်မြတ်က (၁) သည်းခံခြင်းနှင့် (၂)ခွင့်လွှတ်ခြင်း၊
အပြစ်ရှိတဲ့သူက ဝန်ခံခြင်းနှင့် တောင်းပန်ခြင်း ဒီလေးချက် ဟန်ချက်ညီရင်
ငြိမ်းချမ်းရေးဆိုတာ ကောင်းကောင်း ရတယ်။ အဇာတသတ်ဘဝ ငြိမ်းချမ်းသွားပြီ။
ဒါကြောင့် ဘုရားမိန့်တယ်။ အေး အဇာတသတ်ဘုရင်တို့ အရိယာပုဂ္ဂိုလ်တို့ရဲ့
သာသာနာမှာဝန်ခံခြင်းနှင့် တောင်းပန်ခြင်းဟာ ကြီးပွားဖို့အလားအလာ
ရှိသွားပြီ။ လွန်ကျူးမိပါပြီ။ သည်းခံပါခင်ဗျာ။ နောက်တစ်ခါလည်း
လွန်ကျူးတာပဲ။ သည်းခံပါခင်ဗျာ။
ကန်တော့ပါတယ်။ ခင်ဗျာ။ ပြီးတော့လည်း လွန်ကျူးတာပဲ။ အဲဒီလိုလုပ်နေရင်
သိပ်ကြီးပွားစရာ အရှိဘူး။ အဲ့ဒီမှာ မြတ်စွာဘုရားက သံဃာတွေကို လှည့်ပြောတယ်။
တန်ဆောင်မုန်း လပြည့်နေ့ ဇီဝကရဲ့သရက် ဥယျာဉ်ကြီးထဲမှာ ရဟန်း ၅ဝဝ
လည်းရှိတယ်။ ဆီမီးတွေလည်း ညီးညီး ထိန်ပြီး ထွန်းထားတယ်။ ဘုရင်ကြီး
သိပ်ကြောက်နေမှာ စိုးလို့။ လုံခြုံရေးတွေနဲ့ ဆင်တပ် ၅ဝဝ၊ မြင်းတပ် ၅ဝဝ၊
ရထားတပ် ၅ဝဝ၊ ခြေလျင်တပ် ၅ဝဝရံထား တယ်။ အဲဒီလို တပ်လေးတပ်နဲ့ ဘုရင်ကြီး
အနားရံထားတယ်။ သူကအဖေကို သတ်ထားတော့ သူ့ကိုယ်သူ စိတ်မချတော့ဘူး။ သူ့မှာ
သားတစ်ယောက် ရှိတယ်။ ဥဒယဘဒ္ဒဆိုတဲ့ သားကလေး။ သူသံဃာတော်တွေကို ကြည့်တယ်။
သံဃာ ၅ဝဝက ကျောက်ဆင်းတုလေးတွေ လိုပဲ ငြိမ်ပြီးထိုင်နေတာ။ သံဃာ ၅ဝဝက
ကျောက်ဆင်းတုလေးတွေ အဇာတသတ်ဘုရင်က ငါ့သား ဥဒယဘဒ္ဒ ဒီဘုန်းကြီးတွေလို
ငြိမ်နေမှ ကောင်းမယ်လို့ ဒီလိုသွားတွေးတာ။ ဒီလိုငြိမ်နေတဲ့
ဣနြေ္ဒမရှိရင်တော့ ငါလည်းပဲ စိုးရိမ်ရတယ်။ အဲဒိဇာတ်လမ်းက
သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ ရာဇဂြိုလ်မှာ (သားက အဖေသတ်)နဲ့ မင်းဆက်
ခုနှစ်ဆက် ဒီလိုအာဏာလုဖူးတယ်။ ခုနှစ်ဆက်မြောက်မင်းကျမှ တစ်တိုင်းလုံး၊
တစ်ပြည် လုံးက ကိုင်းကွာတို့ တိုင်းပြည် နာမည်ပျက်လောက်အောင် သားက အဖေသတ်၊
နန်းလုတာ တစ်ပြည်လုံးကဆူးတွေ၊ ဆောက်တွေ၊ ဓားတွေ၊ လှံတွေ၊ ခရင်း တွေ၊ဂွတွေ၊
မီးဖိုချောင်ထဲက မိန်းမတွေကလည်း ကျည်ပွေ့တွေ၊ ယောင်းမတွေ ကိုင်ပြိး
နန်းတော်ထဲဝင်ချတာ နောက်ဆုံး မင်းဆက်ကို ဖြုတ်ပစ်လိုက်တာ။ အဲဒီထဲက
ရာဇဂြိုလ်ပျက်သွားတာ။ မြတ်စွာဘုရားမိန့်တဲ့စကားက . .
ရဟန်းတို့ဒီဘုရင်ကြီးက သူ့
ဘဝကိုသူကိုယ်တိုင်ဖျက်ဆီးပစ်တာ။ ငါ့ဘဝပျက်ပြီ။ ဟိုကောင်ဖျက်တာ။
ဒီကောင်ဖျက်တာ မဟုတ်ဘူးနော်။ ကိုယ့်ဟာကိုယ်ဖျက်ကြတာ။ အကယ်၍သာ
ဒီဘုရင်သည်အဖေကို မသတ်မိရင် ဒီသာသနာမှာပဲ ငါ့မျက်မှောက်မှာပဲ
ဓမ္မစက္ခုဥာဏ်ကို ရလိမ့်မယ်။ တရားမျက်လုံး နိဗ္ဗာန်ကိုမြင်တဲ့ မျက်လုံးရမယ်။
နိဗ္ဗာန်ဝင်မယ်ပေါ့။ အဖေကို သတ်မိတဲ့ပြစ်မှုကြီးကြောင့် လက်တစ်ကမ်းရောက်နေတဲ့
နိဗ္ဗာန် ဆိုင်းငံ့ လုပ်လိုက်ရတယ်။ မင်းချက်ချင်းမဝင်နဲ့ဦး။
ဒီပြစ်မှုရှိတယ်။ အဲ့ဒါကြောင့် အပြစ်လွတ်ဖို့ အားလုံး အရေးကြီးတယ်။
နိဗ္ဗာန်ကိုဝင်မယ်။ ပုဂ္ဂိုလ် တစ်ယောက် ဘယ်လောက်ဆိုင်းငံ့ တယ်မှတ်လဲ။
နှစ်သင်္ချေနဲ့ ကမ္ဘာတစ် သိန်းတဲ့။ အဲဒီတော့ မြတ်စွာဘုရားက ဆက်မိန့်တယ်။
ကိုယ့်ကိုကိုယ် ဖျက်ဆီးကြတာတဲ့။ မိတ်ဆွေယုတ်တွေနဲ့ ပေါင်းမိလို့ ဤကဲ့သို့
ဘဝပျက်ဆီးရရှာတယ်။ NOT THE ASSOCIATE WITH THE FOOL နောက်နှစ်သင်္ချေ
ကမ္ဘာတစ်သိန်း ကြာသောအခါ ဒီပုဂ္ဂိုလ်ဟာ ဝိဇိတာဝီ ဆိုတဲ့
ပစ္စေကဗုဒ္ဓါဖြစ်ဦးမယ်။ မြတ်စွာဘုရားရဲ့ တရားကို နာပြီးတော့ အဇာတသတ်ရဲ့
နှလုံးသားထဲမှာဗောဓိမျိုး စေ့ကြဲသွားပြီတဲ့။ ကိုင်း အဲဒီတော့ သြကာသအကျိုး
အင်မတန်ရှိပါတယ်။ သြကာသရဲ့အကျိုးနဲ့ဘုရင်နှလုံစိတ် ဝမ်းချမ်းမြေ့သွားတယ်။
အပြစ်ရှိ ကြောင်း တောင်းပန်ခြင်းဝန်ချခြင်း၊ ကန်တော့ခြင်းသည်
(၁)နှလုံးစိတ်ဝမ်း အေးချမ်းကြောင်း ဖြစ်တယ်။ (၂)ကတော့ နောက်အနာဂတ်
ကြာမြင့်သောကာလမှာ ပစ္စေကဗုဒ္ဓလည်း ဖြစ်နိုင်သေးတယ်ဆိုတော့ အနာဂတ်မှာ
ကြီးပွားမယ့်လမ်း ဖြစ်နိုင်သေးတယ်။ အားလုံးကိုကြီးပွားစေချင်ပါတယ်။
နှလုံးစိတ်ဝမ်းလည်း အားလုံးအေးချမ်းစေချင်ပါတယ်။ အလွန်သြဇာအာဏာ ကြီးမားသော
အလွန်အရသာပြည့်စုံသော မြတ်စွာဘုရားတော် ဓမ္မကိုကြားနာရသောအခါမှစ၍
အဇာတသတ်မင်းကြီးသည် (အလွန်၊အလွန်) ချမ်းသာစွာ အိပ်စက်ရလေပြီ။
ဒီတရားနာပြီးတဲ့ အချိန်ကစ ဘုရင်ကြီးချမ်း ချမ်းသာသာ အိပ်ရပါပြီတဲ့ အပြစ်ကို
သြကာသနဲ့ ဖယ်လိုက်တဲ့ ကျေးဇူးနဲ့ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ပစ္စေကဗုဒ္ဓါ
ဖြစ်မယ်။ တကယ်ဆို အဖေသတ်တဲ့အတွက် အဝီစိငရဲမှာကျဖို့ အခုတော့
လောဟကုဘ္မီငရဲမှာ နှစ်ခြောက်သောင်းပဲ ခံရမယ်။ အဝီစိသွားရင် ကမ္ဘာဆုံးအောင်
ခံရမယ်။ သြကာသလို့ ကန်တော့တဲ့ကျေးဇူးကြောင့် လျှော့ရက်တွေ
အများကြီးရသွားတယ်။ မင်းတို့တစ်တွေ အားလုံးလည်း သြကာသရဲ့ကျေးဇူးရဲ့
လျှော့ရက်တွေ အများကြီး ရစေချင်ပါတယ်။ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ
အဇာတသတ်မင်းကြီးလို အိပ်စက်တော်မူနိုင်ကြပါစေ။ သတ္တဝါလောကကြီး တစ်ခုလုံးပဲ
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။ အကျဉ်းထောင် ကြီးကြပ်တဲ့ပုဂ္ဂိုလ်တွေ
အားလုံးလည်း ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။ အကျဉ်းသားတွေ အားလုံးလည်း
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။ တိုင်းသူပြည်သားတွေ အားလုံးလည်း ချမ်းသာစွာ
အိပ်စက်နိုင်ကြပါစေ။ ရှိသမျှ အနန္တသတ္တဝါတွေ အားလုံးလည်း ချမ်းသာစွာ
အိပ်စက်နိုင်ကြပါစေလို့ ဆုတောင်းပြီးတော့ တို့များရဲ့ ဟောပြောပွဲ
နိဂုံးချုပ်အပ်ပါတယ်။ အားလုံးပဲချမ်းသားစွာ အိပ်စက်နိုင်ကြပါစေ ကုန်သတည်း။