xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အလားအလာကောင်းနေသော ရေနံနှင့်သဘာဝဓါတ်ငွေ့

Thursday, December 30, 2010

အလားအလာကောင်းနေသော ရေနံနှင့်သဘာဝဓါတ်ငွေ့

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီ ၃၀ မှ လုပ်ကွက် ၅၂ ကွက်၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြောင်း၊ ဖော်ထုတ်ပြီး ကမ်းလွန်လုပ်ကွက်များထဲတွင် နိုင်ငံခြားကုမ္ပဏီများ မြှုပ်နှံနိုင်သည့် လုပ်ကွက်အရေ အတွက်မှာ ၂၂ ကွက်သာ ကျန်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။
    ကုန်းတွင်းလုပ်ကွက်များထဲ တွင် နိုင်ငံခြားကုမ္ပဏီရှစ်ခုမှ လုပ် ကွက် ၁၂ ကွက်တွင် ရင်းနှီးမြှုပ်နှံထားကြောင်း၊ အဆိုပါလုပ်ကွက်များသည် မန်းရေနံမြေ၊ ရေနံ ချောင်း၊ ချောက်၊ ငလှိုင်တွင်း၊ ကျောက်ဖြူ၊ အင်းတော်-ရေနံ၊ ရွှေ ဘို-မုံရွာ၊ မဟူတောင်၊ စစ်တွေ၊ ဇီးဖြူတောင်-နန်းတော်၊ ဟူးကောင်း၊ ဥရုရေနံမြေများတွင် မြှုပ်နှံထားခြင်း ဖြစ်ကြောင်းသိရသည်။

         ကမ်းလွန်လုပ်ကွက်များထဲ တွင် ရေတိမ်ပိုင်း၊ ရေနက်ပိုင်း လုပ်ကွက်များထဲမှလုပ်ကွက် ၃၀ ၌ နိုင်ငံခြားကုမ္ပဏီ ၂၂ ခုမှ ရင်းနှီး မြှုပ်နှံထားပြီး မုတ္တမကမ်းလွန်တွင် တည်ရှိသည့် ရတနာသဘာဝဓာတ် ငွေ့စီမံကိန်းနှင့် ဇောတိကစီမံကိန်း၊ တနင်္သာရီကမ်းလွန်တွင် တည်ရှိသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်း နှင့်ရခိုင်ကမ်းလွန်တွင် တည်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းများတွင် မြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။
    မြန်မာနိုင်ငံတွင် လက်ရှိဖော် ထုတ်ပြီး လုပ်ကွက်မှာ စုစုပေါင်း ၅၂ ကွက်ဖြစ်ပြီး လုပ်ကွက် ၃၀ မှာ နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်ပြီးဖြစ်ရာ ထပ်မံမြှုပ်နှံလိုသည့် နိုင်ငံခြား ကုမ္ပဏီများအတွက် လုပ်ကွက် ၂၂ ကွက်သာ ကျန်တော့သည့် အနေအထားဖြစ်ကြောင်း သိရသည်။
     ကျန်ရှိသည့် လုပ်ကွက် ၂၂ ကွက်တွင် ကမ်းဦးရေတိမ်ပိုင်း၍ လုပ်ကွက် ၆ ကွက်နှင့် ရေနက်ပိုင်း ၌ ၁၆ ကွက်ဖြစ်ကြောင်း၊ အဆိုပါ ၂၂ ကွက်အတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများပြုလုပ်မည်ဆိုပါက ပြုလုပ်နိုင်ကြောင်း သိရသည်။
     "ကမ်းဦးရေတိမ်ပိုင်းမှာ ၆ ကွက်၊ ရေနက်ပိုင်းမှာ ၁၆ ကွက် စုစုပေါင်း ၂၂ ကွက်မှာ မြှုပ်နှံမယ် ဆိုရင် မြှုပ်နှံနိုင်ပါတယ်။ ကျန်တဲ့ ကမ်းလွန်လုပ်ကွက်တွေမှာတော့  လုပ်ကွက် ၃၀ ကို နိုင်ငံခြားကုမ္ပဏီ ၂၂ ခုက သဘောတူညီချက် ၂၉ ခု လက်မှတ်ရေးထိုးပြီး လုပ်ကိုင်နေ ပါတယ်"ဟု စွမ်းအင်ဝန်ကြီးဌာန စွမ်းအင်စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာ-မလေးရှား နှစ်နိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍအခွင့်အလမ်းများအကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
     မြန်မာနိုင်ငံတွင် နိုင်ငံခြား ကုမ္ပဏီများ၏ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် မြှုပ်နှံထားမှု စုစုပေါင်းပမာဏမှာ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅ ဘီလျံနီးပါး ရှိနေကြောင်း သိရသည်။
     မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်ပို့မှုသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွင်းက ၈ ဒသမ ၂၉ Billion Cubic Meters တင်ပို့ပြီး အာရှပစိဖိတ်ဒေသတွင် ဒုတိယ တင်ပို့မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။
ကမ်းလွန်လုပ်ကွက်များတွင် နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံထားမှုအချို့
ကုမ္ပဏီအမည်   လုပ်ကွက်
TOTAL M-5,M-6
PETRONAS   M-12,M-13,M-14
DAEWOO INTERNATIONAL A-1,A-3
PTTPI M-3,M-4,M-7,M-11,M-9
CNOOC        A-4,M-10
ESSAR         A-2
NGWE          M-8
TWINZA OIL(ASIA)LTD       YEB
CNPC INTERNATIONAL LTD          AD-1,AD-6,AD-8
MPRL E & P   A-6
RIMBUNAN PETROGAS       M-1
PETROVIETNAM      M-2
DAEWOO INTERNATIONAL AD-7
ONGC VIDESH         AD-2,AD-3,AD-9
DAEWOO INTERNATIONAL AD-7
PETRONAS    MD-4,MD-5,MD-6