ဘုန်းကြီးတို့
ဘာသာမှာတော့ ဗုဒ္ဓကိုယ်တိုင်က ဟောတာ။ ဘာရည်ရွယ်ချက်နဲ့ ဟောတော်မူသလဲလို့
မေးရင် ရည်ရွယ်ချက် (၂)ပါး။ (၁)အားလုံး သတ္တဝါတွေဟာ ကောင်းကျိုးတွေ
ဖြစ်စေချင်ပါတယ်။ ငါ့ကိုးကွယ်သူ ဖြစ်ဖြစ်။ ငါ့မကိုးကွယ်သူပဲ ဖြစ်ဖြစ်
ဗုဒ္ဓကို ယုံကြည်လို့ပဲ ဖြစ်ဖြစ်၊ မယုံကြည်လို့ပဲဖြစ်ဖြစ် မည်သည့်
သတ္တဝါမဆို၊ သက်ရှိ သတ္တဝါတိုင်းရဲ့ အပေါ်မှာ ကောင်းကျိုးတွေ ဖြစ်စေချင်ပါ
တယ်။ တစ်ညီတည်း မိုးရွာသလို ဗုဒ္ဓရှင်တော်ရဲ့ မေတ္တာနဲ့ ကရုဏာ။
မိုးရွာတယ်ဆိုရင် ကောက်ပဲသီးနှံလေးတွေ ရှိတဲ့နေရာ ရွာသလိုပဲ ကောက်ပဲသီးနှံ
မရှိတဲ့ တောအုပ်ကြီးထဲလည်း ရွာချလိုက်တာပဲ။ ပိုးကောင်လေးတွေ မရှိတဲ့
နေရာရွာသလိုပဲ။
ပိုးကောင်လေးတွေရှိတဲ့နေရာလည်း ရွာချလိုက်တာပဲ။
မိုးနဲ့တူတယ်တဲ့တစ်ညီတည်းသွားတယ်။ မြတ်ဗုဒ…္ဓ…၏မေတ္တာနဲ့ကရုဏာသည်
မိုးလိုလူကောင်းသူကောင်းတွေချည်းပဲ မိုးရေချမ်း နဲ့ဆွတ်ဖျန်းပါစေ မဟုတ်ပါ
ဘူး။ လူဆိုး သူဆိုးတွေအပေါ်လည်း မိုးရွာသွန်းပြီး ဆွတ်ဖျန်းမှာပဲ မိုးက
တစ်ညီတည်းရွာတာ။ လူတွေသာအေးချမ်းပါစေ မဟုတ်ဘူး။ တိရစ္ဆာန် တွေလည်း
အေးချမ်းပါစေ။ မိုးကတစ်ညီတည်းရွာတာ။ မြတ်ဗုဒ္ဓရဲ့ မေတ္တာ ကရုဏာ
ဘာနဲ့တူသလဲဆိုတော့ မိုးနဲ့ တူပါတယ်။ မြတ်ဗုဒ္ဓရဲ့မေတ္တာ၊ ကရုဏာအောက်မှာ
အားလုံးအေးချမ်းပါစေ။ သတ္တဝါလောကတစ်ခုလုံးရဲ့
ကောင်းကျိုးကိုဖြစ်နိုင်တဲ့မကောင်း ကျိုးကိုတားဆီးမယ်ဆိုတဲ့ ရည်ရွယ်
ချက်(၂)ပါး။ လောကကြီး ဒုက္ခဖြစ်မှာကို တားပေးမယ်။
ကောင်းကျိုးဖြစ်ထွန်းစေမယ်။ အဲ့ဒီ ရည်ရွယ်ချက် (၂)ပါးနဲ့ ပေါ်ထွန်းလာတဲ့
ဗုဒ္ဓဘုရားသည် ဓမ္မကိုဟောသွားပါတယ်။ အဲဒီဓမ္မကိုလိုက်နာကျင့်သုံးရတဲ့
ပုဂ္ဂိုလ်တို့ဘဝဆိုတာလေ သံသရာ ခရီးသွားရတာနဲ့တူတယ်။ သံဆို တာ ရေပဲ။
သရဆိုတာမရှိဘူး။ ရေမရှိတဲ့ သဲထူတဲ့ခရီးရှည်ကြီး သံ သရာခရီးရှည်ကြီးသွားတဲ့
ပုဂ္ဂိုလ် ဟာ(သွားရင်းသွားရင်း)နဲ့အလွန်ပူလောင်လာပြီးရေငတ်တယ်။ မြေပြင်မှာပဲ
သွားသွား။ ဝေဟင်မှာပဲသွားသွား (၃၁)ဘုံသွားကြတဲ့ခရီးသည်အကုန်လုံးဟာ
မင်းစည်းစိမ်ခံစားလို့ သွားနေစေကာမူ၊ အကျဉ်းထောင်မှာပဲ နေကြစေကာမူ အဲဒီ
ခရီးသည်အကုန်လုံးဟာ သံသရာခရီးသည်တွေပါပဲ။ သူ့အတိုင်းအတာနဲ့
သူဆာလောင်နေကြတယ်။ အဆာပြေနေတဲ့ သတ္တဝါဘဝမှာ မရှိဘူးနော်။ ရာဂ၊ ဒေါသကင်းတဲ့
သတ္တဝါမျိုးပဲ ရေငတ်ပြေတယ်။ အဆာပြေကြတယ်။ ရာဂ၊ ဒေါသနဲ့ သတ္တဝါမှန်သမျှ
အကျဉ်းသားပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူပဲဖြစ်ဖြစ်၊ လာလှူတဲ့
အလှူရှင်သူဋ္ဌေးတွေပဲဖြစ်ဖြစ်၊ မင်းစိုးရာဇာတွေပဲဖြစ်ဖြစ်၊ နတ်ပြည် (၆)ထပ်က
နတ်တွေပဲဖြစ်ဖြစ်၊ ရာဂ၊ ဒေါသရှိနေသေးသမျှ သူတို့ သံသရာခရီးသည်လိုပဲ
ပန်းပြီးနွမ်းနေကြတယ်။ ဆာလောင်နေကြတယ်။ အဲဒီအပန်းကိုဓမ္မနဲ့ပြေစေရမယ်။
သံသရာခရီးသည် နွမ်းနေတယ်ဆိုရင် ဓမ္မနဲ့လန်းဆန်းစေရမယ်။ ဆာတယ်။ ငတ်တယ်ဆိုရင်
ဓမ္မနဲ့အဆာပြေကြမယ်။ ထမင်းကိုတော့ တစ်နေ့ (၂)ကြိမ်စားစား၊ (၃)ကြိမ်စားစား၊
ကြိုက်သလိုစား အဆာမပြေပါဘူးဗျာ။ ဓမ္မကို တစ်ကြိမ်မြိန်မြိန်ယှက်ယှက်
စားလိုက်ရလို့ရှိရင် တစ်သံသရာလုံးအတွက် အဆာပြေကုန်ကြမှာပါ။
ဓမ္မဆိုတဲ့အာဟာရကို စားသုံးဖို့အတွက် အားလုံးကို ဒီကနေ့ဘုန်းကြီးတို့
တိုက်တွန်းပါတယ်။
အဲဒီတော့ဓမ္မသည် သတ္တဝါတွေရဲ့ဘဝကို
အောက်တန်းကနေ၊ အထက်တန်းသို့ သယ်ဆောင်သွားတာ ၊ဓမ္မသည်သယ်ဆောင်ခြင်း လို့
အဓိပ္ပါယ်ရှိသည်။ အဓမ္မသာကျင့်လိုက်ရင် အထက်တန်းကနေ အောက်တန်းသူက ခေါ်သွား
မယ်။ကိုယ့်နည်းနဲ့ကိုယ် နားလည်ထားဖို့ လိုကြတယ်။ ဓမ္မ၊
အဓမ္မအစွမ်းသတ္တိရှိပုံခြင်း မတူ ဘူးဟေ့။ အဓမ္မသည် ဒုက္ခ
နယ်ပယ်ကိုပို့လိမ့်မယ်။ ဓမ္မသည် သုခနယ်ပယ်သို့ပို့လိမ့်မယ်။
အဲဒီ့နှစ်ခုရဲ့ခြားနားမှုကို ဒီကနေ့ အကျဉ်းသူ၊ အကျဉ်း သားများ၊တရားသဘင်ကို
နား ဆင်နေကြတဲ့သူအားလုံးတို့ဘဝ ကို ဒုက္ခနယ်ပယ်ထဲ ရောက် မသွားအောင် အဓမ္မကို
ရှောင် ကြပါစို့။ ဓမ္မကို ဆောင်ကြပါစို့ လို့။ မြတ်ဗုဒ္ဓရဲ့၄၅နှစ်တာ
ကာလလုံးဟောတော်မူတဲ့ ဒီဓမ္မထဲကို ပါဝင်လာတဲ့အထိ ကျင့်သုံးစရာ ကျင့်စဉ်တွေ
(ethical System)ပေါ့ တိုတို ချုပ်ရင်သုံးခုရှိတယ်။ သီလ ပိုင်းရယ်၊
သမာဓိပိုင်းရယ်၊ ပညာပိုင်းရယ်။ ဒီသုံးခုပေါင်း တာဟာဓမ္မပဲ။ သီလဆိုတာ
စည်းကမ်းပါပဲ၊မကောင်းမှုတွေ ကို မပြုမိအောင်၊ မပြောမိ အောင်၊
ကိုယ်နှုတ်နှစ်ပါးကို ထိန်းထားပေးတဲ့ စည်းကမ်း တွေဟာ အဲဒါသီလ။ ခုနသီလ
ဆောက်တည်သွားတာရှစ်ပါးတဲ့။ ငါးပါးပဲအရင် စဉ်းစားကြည့်ရအောင်။ (၁)က
ပါဏာတိပါတာ။ ဘာကြောင့်မသတ်ရမှာလဲ အဓိပ္ပါယ်က အသက်ရှိတဲ့သတ္တဝါတိုင်း
လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ်၊ ကိုယ့်အသက်နဲ့ ကိုယ့်ခန္ဓာကိုယ်ကို
ချစ်ကြတယ်။ အသတ်ခံရတဲ့ သတ္တဝါတွေလည်း ကိုယ့်အသတ်၊ ကိုယ့်ခန္ဓာကိုယ်ကို
ချစ်မြတ်နိုးတယ်။ ကိုယ့်အသက်နဲ့
ခန္ဓာကို ချစ်မြတ်နိုးသူတိုင်းသည် ကိုယ့်အသက်နဲ့ ခန္ဓာကိုယ်ကို
စောင့်ရှောက်ပိုင်ခွင့်၊ ထိန်းသိမ်းပိုင်ခွင့်၊ ကာကွယ်ပိုင်ခွင့်ရှိကြတယ်။
ဒါဟာ(Universal Law) ဗုဒ္ဓဟောကာမှ ပေါ်လာလို့ (Buddhist Law) လို့ခေါ်ကြတယ်။
ဗုဒ္ဓမပွင့်ခင်ကတည်းက ဒီ Universal Law ဟာရှိပါတယ်။ အဲဒါ ပါဏာတိပါတာ
ဝေဒါမဏိဆိုတာ ဒီအဓိပ္ပါယ်လေးပါနှစ်ခုတည်း။ ကိုယ့် အသက်နဲ့ခန္ဓာကိုယ်ကို
ချစ်မြတ်နိုးကြတယ်။ ဒါကြောင့် အခြားတစ်ပါးသော ပုဂ္ဂိုလ်သည်
ဖျက်ဆီးပိုင်ခွင့်မရှိဘူး။ ငရဲကျသွားမှာလား။ ငရဲကလွတ် နတ်ပြည်တက်
သွားမှာလား အဲဒီအထိမစဉ်းစားသေးနဲ့ဦး။ ဒီသီလဟာ လူတိုင်းအတွက် ဖြစ်တယ်။
ခရစ်ယာန်ရော၊ ဟိန္ဒူရော၊ Buddhist ရော၊ ဂျူးရော၊ အစ္စလာမ်ရော၊
အဲဒါလောက်လက်ခံရင် ဒါဟာ Universal Law သူတစ်ပါးအသက်ကို
မသတ်ဘူးဆိုတဲ့ကိစ္စမှာ ပြောင်းပြန်လေး စဉ်းစားပါဦးတဲ့။ သတ္တဝါတစ်တွေ အသက်နဲ့
ခန္ဓာကြာကြာတည်ပါစေ ဆိုတဲ့စိတ်ကလေးနဲ့ ဒီသီလကိုထိန်းတဲ့
ဒါထက်တိုတိုပြောရရင် အသက်ခန္ဓာနဲ့ တည်နေတဲ့ သတ္တဝါကလေးတွေ သေဘေးမှလွတ်ကြပါစေ။
ပါဏာတိပါတာ ဝေဒါမဏိထဲ လွတ်တာ ပါ,ပါသွားတယ်။ အဲဒါအားလုံး
ကျင့်သုံးဖို့ဓမ္မပါပဲ။ ဘယ်ဘုရား(ကိုးကွယ် ကိုးကွယ်)ဘယ်ွသိ
ကိုပဲကိုးကွယ်ကိုး ကွယ်။ ဘယ် God မှမကိုးကွယ်ချင်လဲနေ။ ဒီစိတ်ထားနဲ့
ဒီကျင့်စဉ်ကတော့ မလိုအပ်ဘူးလား လိုအပ်ပါတယ်။ မသတ်တော့ဘူးဆိုရင် တုတ်တွေ၊
ဓားတွေ လက်နက်တွေတောင် မကိုင်တော့ဘူး။
လက်နက်တွေတောင်ချတယ်။ တရားမှန်တော့
တစ်ပါးသော သတ္တဝါရဲ့ သေခြင်းဆိုတဲ့ဒုက္ခအပေါ်မှာကိုယ်က ကရုဏာသက်ရောက်တယ်။
အဲဒါကြောင့် ဒီသီလဆိုတဲ့အပိုင်းဟာ စည်းကမ်းလို့ဆိုပေမယ့်
စိတ်ဓာတ်ပိုင်းတွေအများကြီး ပါတယ်။ စိတ်ဓာတ်က မြင့်မားနေလေ ခံယူချက်တွေ
မြင့်မားနေလေ စည်းကမ်း ပိုင်းမှာကောင်းနေမှာပဲ။ စိတ်ဓာတ်ခံယူချက် နိမ့်လေလေ
စည်းကမ်းပိုင်းလည်းပဲ အားနည်းလာတတ်တယ်။ သတ္တဝါလေးတွေပေါ်မှာသနားတတ်ရမယ်။ သတ္တ
လောကကြီးနဲ့ ပါဝင်ပူးပေါင်းပြီး အားလုံး စောင့်ရှောက်
ထိန်းသိမ်းကြရမယ်တဲ့။ သီလဆိုသည်က (Discipline to
control)ကိုယ်နှုတ်နှစ်ပါးကိုထိန်းမယ်။ Not to do any evil မကောင်းမှုတွေ
မပြုမိအောင်ထိန်း။ ပါးစပ်ကလည်းပဲ Not to speak any evil မပြောမိမဆိုမိအောင်
ပါးစပ်ကိုလည်းပဲထိန်းထား ရမယ်။ အဲဒါတွေပဲ လောကကြီးအရပြောရင် Universal
discipline / Universal Law ကာယကံနဲ့ဝစီကံ ထိန်းနိုင်ပြီဆိုရင်
ကိုယ်နှုတ်နှစ်ပါးမှာ သန့်ရှင်းသွားပြီ။ အဒိန…္နဒါနာဝေဏာမဏိ
မပေးတဲ့ပစ္စည်းမယူဘူး ပေးတာပဲယူမယ်။ ပစ္စည်းပိုင်တဲ့
ပုဂ္ဂိုလ်တွေတံခါးဖွင့်ပြီး အိပ်နိုင်နေနိုင်ကြပြီ ဆိုလို့ရှိရင်
အဲဒီနောက်ကွယ်က ဘာပါလာပြီလဲဆိုတော့ မေတ္တာပါလာပြီ။ သီလရဲ့အခြေခံဟာ မေတ္တာစိတ်
ဓာတ်ဖြစ်သွားပြီ။ မုသာဝါဒါဝေဒါမဏိ ပြန်ကြည့်လိုက်ဦး။ မဟုတ်တာမပြောဘူး။
သစ္စာဝါဒီဟုတ်တာပဲ ပြောမယ်။ သစ္စာသံဒေါ လောကကြီးကို အမှန်တရားတွေနဲ့ပဲ
ဆက်သွယ်မယ်။ ယုံကြည်စိတ်ချဖွယ် လူတစ်ယောက်အဖြစ် ရောက်အောင် ငါကျင့်သုံးမယ်။
ဒီစကားလုံးထဲမှာ အဓိပ္ပါယ်တွေအများကြီးပါတယ်။
ငါသည် လူသား အားလုံးထဲမှာ ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ဖြစ်စေရမယ်။
(Realiable is the worthy)ရေးလိုက်ရတဲ့စာချုပ်တွေ၊စာတမ်းတွေ၊အာမခံတွေ
တင်လိုက် ရတာဘာဖြစ်လို့လဲ။ မယုံဘူးလေ။ (Trust Worthy) မဖြစ်ဘူးလေ။ မုသာဝါဒါ
ဝေဒါမဏိဖြစ်ရမယ်။ Social relation လူမှုဆက်ဆံရေးအရ အဆင့်မြင့်စေဖို့
မုသာဝါဒါဟာ တန်ဖိုးကြီးမားတယ်။ အဲဒါဘာသာရေးတရားလို့ မအောက်မေ့နဲ့။
လောကကြီးရဲ့ရေးရာ။ အပေါ်ကို တက်လာအောင် တင်ပေးတဲ့တံတား (သို့မဟုတ်ရင်) ဓမ္မ။
လောကမှာမြတ်ဗုဒ…္ဓရဲ့ စကားလုံးကို ရွတ်ပါရစေ။ အကျဉ်းထောင်မှာ
ရှိကြတဲ့ဘုန်းကြီးတို့ ဒါယိကာ၊ ဒါယိကာမ နှစ်မျိုးစလုံးကို
ဗုဒ္ဓရဲ့စကားလုံးတွေ ကိုကြားရရင် ဗုဒ္ဓကြွလာတယ်လို့ နှလုံးသွင်းစမ်းပါ။
ဒီစကားလုံးတွေ ရှိနေသေးသမျှ ဗုဒ္ဓရှိနေဦးမှာပဲ။ ဗုဒ္ဓစကားတွေ
ကွယ်သွားတဲ့နေ့ဟာ ဘုရားကွယ်တဲ့နေ့ပဲ။ ပြောပြမယ်။ လောကကြီးကို
အလွဲလွဲအချော်ချော်မဖြစ်အောင် စကားပြောပါ။ လူသားတွေလမ်းမှားကို
ရောက်မသွားအောင်။ ဘဝဇောက်ထိုး ဆင်းမသွားအောင် စကားပြောကြပါ။ လောကကြီးကို
လွဲသွားအောင် မလုပ်ပါနဲ့။ စကားတစ်လုံးဟာ လောကကြီးကို သိပ်ဒုက္ခပေးတယ်။
ဟိုဘက်က လူတစ်ယောက်သည် လူတစ်ယောက်ကို ဓားနဲ့ထိုးလိုက်တယ်။ အဲဒီလူကဘာပြောလဲ
ဆိုရင် လူဆိုတာ ရုပ်တို့ရဲ့ အစုအဝေးကြီးပဲတဲ့။ ဓားကလည်း ရုပ်ကလပ်။
အသက်တွေဇီဝိတတွေ မပြောတော့ဘူ။။ လူရဲ့ခန္ဓာကိုယ်ထဲကို ဓားတစ်ချောင်း
ထိုးသွင်းလိုက်တာဟာ ရုပ်တို့ရဲ့ အစုအဝေးကြီးထဲကို ရုပ်ကလပ်တစ်ခု ဝင်သွားတာ။
ဘာအပြစ်မှမရှိဘူး။ သတ်မှုလည်း မဖြစ်ဘူး။ သေမှုလည်းမဖြစ်ဖူး။
အဲဒီလိုဟောပြောချက်မျိုးကို ကြားဖူးတယ်။ ဟောတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။
အဲဒါကိုကြိုက်သွားပြီ ဆိုရင် လောကကြီး မှောက်လိုက်မယ့်ဖြစ်ခြင်း။
ဖမ်းမှုလည်းမရှိဘူး သေမှုလည်းမရှိဘူး။ ဘာမရှိလို့လဲ။ လူကိုမရှိတဲ့
အတွက်ကြောင့်။ တစ်ခုနဲ့ တစ်ခု ထိုးကြိတ်နေကြတာ ရုပ်ပဲတဲ့။(Dialatical
Materialism )ဆိုတဲ့ရုပ်ဝါဒဟာ အဲဒီထဲကစတာ။ အဲဒါကို ဘယ်သူဟောသွားလဲ ဆိုရင်
မြတ်ဗုဒ္ဓအထက် အနှစ် ၃ဝ,၄ဝ လောက်မှာ စောပြီးတော့ ပေါ်ပေါက်နေသော ရာဇဂြိုဟ်မှာ
အခြေချ၍ နေကြသော ဘာသာရေးခေါင်းဆောင်ကြီး (၆)ယောက် ရှိတယ်။
မြတ်ခိုင်
( အပိုင် ၂ ပြီးပါပြီ )