ဓမ္မထဲမှာပါဝင်တဲ့
သီလတစ်လုံးထဲရဲ့ အဓိပ္ပါယ်ဟာ အားလုံး အတွက် လူ့ဘဝနဲ့ တစ်ထပ်တည်းကျတယ်။
ဗုဒ္ဓမပွင့်မီ ဆရာကြီး (၆)ယောက်ရဲ့ စကားတွေဟာ အကုန်လုံး မုသာဝါဒတွေကြီးပဲ
မဟုတ်ဘူးလား။ မုသာဝါဒ စကားတွေဟာ လောကကြီးတစ်ခုလုံးကို တစ်လွဲတစ်ချော်
ဖြစ်စေတယ်။ မုသာဝါဒတွေ များများပြော ပြီးတော့ တိုင်းပြည်နဲ့လူမျိုးကို
လမ်းမလွဲမိပါစေနဲ့။ ကိုယ်ကျင့်ကောင်းမှ တန်ဖိုးရှိကြမယ်။ အရင်းအနှီး
ရှိကြမယ်။ ဒါကြောင့် ဘဝရဲ့တန်ဖိုး၊ ဘဝရဲ့တန်ခိုးကို အကျင့်တရားနဲ့
မြှုပ်နှံရင်းနှီးကြပါ။ သီလကောင်းမှ အကျင့်ကောင်းမှ ဘဝရဲ့လွတ်မြောက်ခြင်း
တစ်ခုကိုရတယ်။ အကျဉ်းထောင်ထဲမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေ လွတ်မယ့်ရက်ကို
အကုန်မျှော်တယ်နော်။
အကျင့်ကောင်းရင် လွတ်မြောက်ခြင်းကို ရတယ်။ လွတ်မြောက်ခြင်းဆိုတဲ့
ချမ်းသာအတွက် အားလုံး ကိုယ့်ကျင့်တရား အရင်းပြုရမယ်။ ကိုယ်ကျင့်
တရားကောင်းရင် တစ်ချက်ထဲမှတ်ထား။ အပြစ်မှ လွတ်မြောက်တယ်။ သတ်တဲ့အပြစ်
မရှိတော့ဘူး။ ခိုးတဲ့အပြစ် မရှိတော့ဘူး။ အပြစ်မှလွတ်မြောက်ခြင်းကို ရပါတယ်။
တစ်ချက်မှတ်ထား။
နောက် Second State သမာဓိ။ သမာဓိဆိုတာက
Stability of mind စိတ်ရဲငြိမ်နေတဲ့သဘောလေး။ တစ်ခုတည်းသော အာရုံအပေါ်မှာ
Focus လုပ်တာ။ အားလုံးသော နားထောင်နေတဲ့ ပရိသတ်ဘုန်းကြီးရဲ့ အသံပေါ်မှာ
ချိန်ထားတယ် မဟုတ်လား။ စိတ်ကလေးချိန်ထားသလိုပဲ။ ကိုယ့်အခန်းလေးထဲ၊
ကိုယ့်နေရာထဲရောက်ရင် ငြိမ်နေတဲ့မီးတိုင်လေးပေါ်မှာ စိုက်ကြည့်။ အဲဒီအပေါ်မှာ
စိတ်ကငြိမ်နေပြီဆိုရင် Focus တက်လာမယ်။ စိတ်တန်ခိုး။ အဲဒီတန်ခိုးက ဘယ်မှ
လွတ်မြောက်စေသလဲဆိုရင် ''နိဝဒ္ဒန'' ။ ဗုဒ္ဓရဲ့စကားလေးတွေလည်း ပြောခွင့်ပြုပါ။
စိတ်ရဲ့အနှောင်အဖွဲ့။ မင်းတို့စိတ်ထဲမှာ အုတ်တံတိုင်းကြီးတွေ ကာထားတာ
နှောင်ဖွဲ့တာ။ ထိုင်းလာတယ်၊ မှိုင်းလာတယ်။ အိပ်ချင်ခြင်း၊ ငိုက်မြည်းခြင်း။
ဒီနေ့ဒံပေါက် ကျွေးထားတယ်။ ဒီအချိန်ဟာ အတော်အိပ်ဖို့ကောင်းတဲ့ အချိန်ပဲကွ။
ငါတောင် အိပ်ချင်တယ်။ ခဏလောက်အိပ်ပြီးမှ ပြန်ဟောရင် မကောင်းဘူးလား ဟား ဟား
ဟား။ အဲဒီလို အိပ်ချင်ခြင်း၊ ငိုက်မြည်းခြင်း၊ ထိုင်းမှိုင်းခြင်းဟာ စိတ်ရဲ့
အနှောင်အဖွဲ့။ စာလိုပြောရအောင် ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိလံမိဒ္ဒ၊ ဥဒ္ဒစ္ဒ္စနဲ့
ကုဂ္ဂုစ္တ။ ဥဒ္ဒစဆိုတာက ပျာပုံထဲမှာ ခဲပစ်လိုက်သလိုပြန့်ပြီး လွင့်သွားတာ။
စိတ်တွေပြန့်နေရင် အဲဒါမင်းတို့ အကျဉ်းထောင်ထဲ ရောက်တာ။ မန္တလေးအကျဉ်းထောင်က
တစ်ထောင်။ အဲလိုစိတ်က ပြန့်နေရင် ထောင်တစ်ထောင် ထပ်ကျမယ်။ အဲဒါ
စိတ်ကိုမပြန့်အောင်၊ စုနေအောင်ထိန်းရမယ်။ ဒီအချိန်အကောင်းဆုံးပဲ။
လုပ်ခွင့်အရဆုံးပဲ။
နောက်တစ်ခုက လုပ်မိတဲ့မကောင်းမှုကို
ပြန်တွေးပြီး စိတ်မအေးရင် အဲဒါ ထောင်တစ်ခုထပ်ကျတယ်။ စိတ်အနှောင်အဖွဲ့၊
မလုပ်ဖြစ်လိုက်သော လက်လွတ်သွားသော ကောင်းမှုတွေကို ပြန်တွေးတွေးနေရင်လည်းပဲ
စိတ်မအေးဘူး။ စိတ်မအေးစရာနှစ်မျိုး။ လုပ်မိသောမကောင်းမှုများ၊ မလုပ်ဖြစ်သော
ကောင်းမှုများ။ အဲဒီအတွေးတွေကို တတွေးတွေးနဲ့ စိတ်မအေးနိုင်ရင် အဲဒီလူဟာ
ထောင်ကျတာပဲ။ ထောင်ထဲနေရတဲ့ အကျဉ်းအကျပ်ထဲ အဲဒီစိတ်အကျဉ်းအကျပ်က
ပိုဆိုးတယ်။ အဲတော့ အတောင်(၁ဝဝ)လောက် ကျယ်ပြန့်တဲ့တိုက်ကြီးထဲမှာ
တစ်ကိုယ်လုံး မြုပ်သွားလောက်အောင် ဆိုဖာကြီးတွေနဲ့
ခင်းထားတဲ့ကုတင်ကြီးတွေပေါ်မှာ၊ အိပ်ရာကြီးတွေပေါ်မှာ လေအေးစက်၊ ရေခဲသေတ္တာထဲက
စားစရာအအေးတွေစားပြီးနေ ပေမယ့် အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ ခေါင်းထဲမှာ
ခုပြောတဲ့နှစ်မျိုးရှိနေရင် အဲဒီပုဂÕ္ဂိုလ်ကြီးတွေစိတ်
အကျဉ်းထောင်ရောက်နေတာ။ မန္တလေး
အကျဉ်းထောင်ထဲ နေပေမယ့် အဲဒီနှစ်မျိုးမရှိရင် အကျဉ်းထောင်က လွတ်တယ်။
အဲတော့ ပကတိအကျဉ်းထောင်ရယ်၊ စိတ်အကျဉ်းထောင်ရယ်။ စိတ်ရဲ့ အကျဉ်းအကျပ်ထဲ
နေမယ်ဆိုရင် လွတ်မြောက်အောင် ဖယ်ရှားနိုင်တဲ့ စိတ်ကျင့်စဉ်ကို ကျင့်မယ်။
နောက်တစ်ခုက ဆုံးဖြတ်ချက် မကျဘူး။ ဟုတ်မှဟုတ်ပါ့မလား၊ မဟုတ်ဘူး ထင်တယ်၊
ဟုတ်ပြီ ထင်တယ်။ အဲသလို ဖြစ်နေတဲ့ကိစ္စကို ဝီစိကိစ္စ ခေါ်တယ်။
အသိဥာဏ်နည်းမှုပဲ။ ကိုယ့်ဟာကိုယ် မှားတယ်၊ မှန်တယ်ဆိုတာ မဆုံးဖြတ်တတ်ဘူး။
ဇဝေဇဝါတွေ ဖြစ်တာ။ အဲလို ဝီစိကိစ္စများတဲ့ ပုဂ္ဂိုလ်ဟာလည်း စိတ်အကျဉ်းအကျပ်
ကျတာ။ အဲဒီ ငါးခုကို အဘိဓမ္မာစာပေမှာ ခေါ်တယ်။ နိဝဒ္ဒန(၅)ပါး စိတ်ရဲ့
အကျဉ်းအကျပ်ငါးပါး။ စိတ်ရဲ့အကျဉ်းအကျပ် က လွတ်ဖို့စိတ်ကိုတစ်နေရာထဲမှာ၊
တစ်အာရုံထဲမှာ ခုမိအောင်ကြိုးစားရမယ်။ နှာသီးဖျားပေါ်မှာ စုမလား။ ထွက်လေ၊
ဝင်လေမှာစုမလား။ မဟာစည် ဆရာတော်ဘုရားကြီးတို့ လမ်းညွှန်ထားသလို ဝမ်းဗိုက်ရဲ့
အလယ်တည့်တည့်မှာ စုမလား။ တစ်ခုတည်းသော အာရုံပေါ် စိတ်ကို စုထားနိုင်ရင်
ထိန်းထားနိုင်ရင် စိတ်အကျဉ်းထောင် ငါးမျိုးက လွတ်မြောက်ပြီတဲ့။ အပြစ်မှ
လွတ်မြောက်အောင် သီလကျင့်၊ စိတ်အကျဉ်းထောင် လွတ်မြောက်အောင် သမာဓိကျင့်။
လွတ်မြောက်ခြင်း အဆင့်ဆင့်။
နောက်အမြင့်ဆုံးကျင့်စဉ်ကပညာ။ ပညာဆိုတာက
လွယ်အောင်ပြောရင် အသေးစိတ်သိအောင်လုပ်တာ။ ဘုန်းကြီးရှေ့မှာ အဝါရောင်လေးတွေ၊
အဖြူရောင်လေးတွေ။ ဘာခေါ်လဲ ပန်းတွေ၊ တစ်ချို့ကအနီ၊ တစ်ချို့ကအဝါ၊ (ဒီလို
ဒီလို) အရောင်တွေဟာ အရောင်ပဲ ပန်းမဟုတ်ဘူး။အနံ့ကောပန်းခေါ်လား၊ အနံ့
ဟာအနံ့ပဲ။ smell ပဲ။ It is not flower ။ဝါးကြည့်၊စားကြည့်။ ပိုးကောင်လေးတွေ
တော့ စားတယ်လေ။ လူလည်း တစ်ချို့ပန်းစားတယ်။ စားကြည့်ရင်အရသာ ရှိလား။ Tase
ဟာ Tase ပဲ။ပန်းမဟုတ်ဘူး။ အရောင်ရယ်၊အနံ့ရယ်၊အရသာရယ်။
စားကြည့်လို့ဝမ်းခေါင်းထဲများ ရောက်သွားရင် nutriment acid အာဟာရဓာတ်
ရှိတယ်။ အဲဒါကိုပန်းခေါ်လို့ရလား။ မရဘူး။ ဒါ Buddhist Philosophy
ဒီလေးမျိုးပေါင်းထားတာကို ပန်းခေါ် တယ်။ အရောင်ရယ်၊အနံ့ရယ်၊ အရသာ ရယ်၊
သြဇာရယ်။ ထပ်ပြီးအသေးစိတ် ချင်ရင် စိတ်လိုက်ဦး လက်ကလေးနဲ့
အပွင့်ကလေးကိုင်ကြည့်ပါ၊ နူးညံ့တယ်။ အရိုးကိုင်ကြည့်တော့ ကြမ်းတမ်းတယ်။
နူးညံ့ခြင်း၊ ကြမ်းတမ်းခြင်း၊ ပန်း မဟုတ် ဘူး ပထဝီဓာတ်။(လှုပ်လှုပ် လှုပ်လှုပ်)
သဘောလေး သူ့ထဲမှာရှိနေတယ်၊ ဝါ ယောဓာတ်။ ညှစ်ချရင်ဘာထွက်လဲ
အရည်ထွက်တယ်၊အာပေါဓာတ်။ ထိခါ
စ အေးအေးလေးကြာကြာကြီး ဆုပ် ထားတော့ အေးတာလေး ပြောင်းပြီးနွေး သွားတယ်။
အေးခြင်းနဲ့နွေးခြင်း၊ တေ ဇောဓာတ်။ ဓာတ်လေးပါး ဘယ်နှစ်မျိုး ပေါင်းလဲ။
(၈)မျိုးပေါင်းမှ ပန်းဖြစ်တယ်။ အဲဒါကြောင့်အားလုံး အကျဉ်းထောင်ထဲ
မှာနေပေမယ့် ပညာသင်လို့မဖြစ်ဘူး မအောက်မေ့ပါနဲ့။ အခန်းကျဉ်းလေးထဲမှာ
တင်ပျဉ်ခွေလေး ထိုင်ပြီးတော့ လောကတစ်ခု အတွင်းမှာ ဘာတွေ ပေါင်းစပ်ထားလဲ
ဆိုတာ နားလည်အောင် လေ့လာကြပါ။ အဲဒါ ပညာသင်တာ၊ အဲဒါ အဆင်မြင့်ပညာ ခေါ်တယ်။
အဲဒီပညာ သင်လိုက်ရင် ကိလေသာမှ လွတ်မြောက်ခြင်းကို ရတယ်။ ခန္ဓာကိုယ်မှာ
သင်လို့တတ်တဲ့ ပညာသည် ကိလေ သာမှလွတ်မြောက်ရင် မင်းတို့၊ ငါတို့
လွတ်မြောက်ပြီပေါ့။ ဒါပဲ အရေးကြီးတာပါ။
လေယာဉ်ပျံကြီးနဲ့ တစ်ကမ္ဘာလုံးသွားသွား၊
မာစီဒီးကားကြီးနဲ့ တစ်ပြည်လုံးပဲမွှေမွှေ အဲဒီပုဂ္ဂိုလ်တွေ ကိလေသာက
မလွတ်မြောက်နိုင်သေးရင် သူတို့တစ်တွေ ကိလေသာ အကျဉ်းသားပဲပေါ့။ ဟုတ်လား။
အကျဉ်းထောင်ထဲမှာ နေပြီးတော့ အဲဒီခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ရုပ်တို့ရဲ့
ဖွဲ့စည်းတည်ဆောက်ပုံ၊ နာမ်တရားတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ။ (သင်ရင်း)နဲ့
အဲဒီပညာတတ်ပြီး ကိလေသာကို ဖယ်ထုတ်နိုင်ရင် ဘဝတစ်ပါးမှလွတ်မယ်။
အဝိဇ္ဇာဘဝမှလွတ်မယ်။ လွတ်မြောက်ခြင်း(၃)မျိုး။ သီလကျင့် အပြစ်ကလွတ်၊
သမာဓိကျင့်စိတ်ရဲ့ အကျဉ်းအကျပ်ကလွတ်တယ်။ ပညာကျင့်တော့ ကိလေသာအနှောင်အဖွဲ့က
လွတ်တယ်။ အကျဉ်းထောင်ထဲမှာ နေပြီးတော့ လွတ်မြောက်ရေးကို
ကောင်းကောင်းကြီးရတယ် ဆိုတဲ့အကြောင်းကို မြတ်ဗုဒ္ဓက သင်ပေးထားပါတယ်။
မြတ်ခိုင်
( အပိုင်း ၃ ပြီးပါပြီ )