xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မပြောချင်လို့ကြည့်နေတာကြာပြီ

Thursday, December 30, 2010

မပြောချင်လို့ကြည့်နေတာကြာပြီ


           ယခုတလော မြန်မာအတိုက်အခံဆိုသူများနှင့် ပြည်ပမှအသံလွှင့်ဌာနများတို့သည် သူတော်ချင်းချင်း
သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုသကဲ့သို့အတိုင်အဖေါက်ညီစွာဖြင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များထဲ
တွင် နိုင်ငံရေးအကျဉ်းသား၂၀၀၀ကျော်ရှိကြောင်းနှင့် သူတို့ကို ချက်ချင်းနှင့် ချွင်းချက်မရှိ လွှတ်ပေးကြ  ရန်
တောင်းဆိုမှုများအသံကျယ်ကျယ်လောင်လောင်အော်လျက်ရှိကြပါသည် ခေါက်ရိုးကျိုးနေသောအောက်ပါအ
ချက်လက်များပါဝင်သောထုတ်လွင့်ချက်များကို နေ့စဉ်ဆိုသလို တွင်တွင်ကြီးထုတ်လွှင့်နေကြပါသည် ၄င်းနိုင်
ငံရေးအကျဉ်းသားများကို ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူများဆိုပြီး အမည်တမျိုးဖြင့်လည်းခေါ် ကြ
ပါသေးသည်။
နိုင်ငံရေးအကျဉ်းသားဆိုသူများသည်
( ၁ ) အလွန်ရိုးသားပြီး ဖြူစင်သူများဖြစ်ကြသည်။
( ၂ ) HIV ဝေဒနာသည်များအားစောင့်ရှောက် ခြင်း ၊ ကလေးများအားအခမဲ့ ပညာသင်ကြားပေးနေခြင်း ၊
       မိဘမဲ့ကလေးများအား စောင့်ရှောက်ခြင်း အစရှိသော လူမှုရေးလုပ်ငန်းများကို တစ်ခုမဟုတ်တစ်ခု
       အောင်ရွက်နေသော အမျိုးကောင်းသားသမီးများဖြစ်ကြသည် ။
( ၃ ) လသားအရွယ် ခလေးငယ် ရှိကြသူများဖြစ်ကြသည် ။
( ၄ ) သမိုင်းသုတေသီများ ဖြစ်ကြသည် ။
( ၅ ) အပြင်မှာကျန်ခဲ့သူများကို NLD ကသော်လည်းကောင်း ၊ အဖွဲ့စည်းတစ် ခုခု ကသော်လည်းကောင်း 
       ထောက်ပံ့ပေးကမ်းမှ သာအဆင်ပြေကြသူများဖြစ်ကြသည်။
( ၆ ) မျက်စေ့ဝေဒနာ ၊ လေးဘက်နာ ၊ နှလုံးရောဂါ ၊ အရိုးကြီးပေါင်းတက်ရောဂါ ၊ အစာအိမ်ရောဂါ ၊မကြာခ
       သွေးသွင်းရသော သွေးကင်ဆာရောဂါ ၊ ကိုတစ်ခြမ်းလေဖြတ်ရောဂါ အစရှိသော ၉၆ ပါးရောဂါ များထဲ
       မှ တစ်ခုမဟုတ် တစ်ခု အချို့ နှစ်ခု သုံးခု စုပေါင်း၍ ခံစားနေရသော ဝေဒနာသည်များ ဖြစ်ကြသည် ။
( ၇ ) ထူးဆန်း၍ ရှားပါးသောဆေးတစ်မျိုးမျိုး ကိုစွဲသောက်နေရသူများဖြစ်ကြသည် ။
( ၈ ) စာဖတ်ခြင်းကို အလွန်အမင်း ၀ါသနာထုံသော စာပေချစ်သူများဖြစ်ကြသည်။
( ၉ ) အရိုးကြေကြေ အရေခမ်းခမ်း လုပ်မည်ဟု ကြွေးကြော်နေသော်လည်း အအေး ဒဏ်မခံနိုင် ကြသူများ
       ဖြစ်ကြသည် ။
(၁၀)သူမ ယောက်ျား ကျနေတဲ့ထောင်ကိုပြောင်းပေးရန်စာမကြာခဏတင်ပြီး မပြောင်းပေးပါက အစာငတ်ခံ
      မည် ၊ မိမိကိုယ်ကို သတ်သေမည်ဟု ဆိုကာ သတ္တိမကြာခဏပြနေသူ များလည်းဖြစ်ကြသည်။
(၁၁)အလွန်အမင်း အသန့်အပြန့်ကြိုက်ကြသူများဖြစ်ကြသည် ။
(၁၂)တရားထိုင်ခြင်းကို အံ့သြ စရာကောင်းလောက်အောင် တစိုက်မတ်မတ် နှစ်ရှည်လများကျင့်ကြံအား
      ထုတ်နေသူများဖြစ်ကြသည် ။

            စသည်စသည်ဖြင့်ပေါ့ဗျာ ပြောရင်ဆုံးမှာမဟုတ်ပါဘူး...ဒီလိုအံ့သြစရာကောင်းလောက်အောင် ထူး
ခြားမွန်မြတ်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေချည်းပဲရွေး ပြီးထောင်ကျနေတာအံ့သြ မဆုံးနိုင်အောင်ပင် ဖြစ်ရပါ
သည်။ အစိုးရပြောတာရှင်းပါသည် တည်ဆဲဥပဒေတစ်ခုခုကို မဖေါက်ဖျက်ပဲ ထောင်ကျနေသူတစ်ဦးမှ မရှိပါ
ဟုဆိုပါသည် ၊ ရှိလျှင်ထောက်ပြကြရန် ပြောထားပါသည် အချက်အလက်နဲ့အကိုးအကား မပါပဲ တောင်အော်
မြောက်အော်လုပ်နေကြတာမောရုံသာရှိမယ်လို့ ပြောချင်ပါတယ်။ဘယ်အစိုးရမဆို သူ့ကိုဆန့်ကျင်ပြီး ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်လောက်အောင်လုပ်လာရင်တော့ အရေးယူမှာပဲ လက်ပိုက်ကြည့်နေတဲ့အစိုးရမျိုး ဘယ်မှာမှရှိမှာမဟုတ်ပါဘူး။
 
            နောက်ဆုံးတစ်ခုပြောချင်တာက စားချင်တာစားချင်ရင် ၊ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပတ်ဝန်းကျင်မှာ
အပူအပင်ကင်းကင်းနဲ့သက်တောင့်သက်သာ ကျကျနန နေချင်ရင် ၊ မိသားစုဝင်တွေနဲ့ အတူတကွ ဥမကွဲအ
သိုက်မပျက်နေချင်ရင် ကိုပ်ကြိုက်တဲ့စာပေတွေကို စိတ်ကြိုက်ဖတ်ချင်ရင် အထူးကုဆေးခန်းကြီးတွေမှာ ဆေးရုံတွေမှာ စိတ်ကြိုက်ကျန်းမာရေးစောင့်ရှောက်မှု လိုချင်ရင် တစ်ခုတည်းနဲ့ အကောင်းဆုံးနည်းလမ်းကတော့ အစကတည်းက ထောင်မကျအောင်နေကြပေါ့ဗျာ။
                                                                                                    ( ဒေါက်တာဆိတ်ဖွား )