xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထိုင်းနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပ

Sunday, July 3, 2011

ထိုင်းနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပ

 အတိုက်အခံဖွေထိုင်းပါတီမှ ၀န်ကြီးချုပ်ဟောင်းသက်ဆင်၏ညီမ ယင်းလတ်ရှင်နာဝပ်ထရာ
 
ယနေ့တွင် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝှမ်းတွင် ကျင်းပလျက် ရှိကြောင်း သတင်းရရှိပါသည် ။ခုကျင်းပနေတ့ရွေးကောက်ပွဲဟာ လက်ရှိအာဏာရပါတီနဲ့ အရင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိုထောက်ခံ သူရှပ်နီဝတ်တို့အကြား အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီး ပထမဆုံးကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပါ တယ်။

လက်ရှိဝန်ကြီးချုပ် အဘီဆစ်ဝပ်ချာချီဝပ် မဲပေးနေစဉ်
 
လွှတ်တော်အမတ် နေရာ ၅၀၀ အတွက် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ မဲပေးခွင့်ရှိသူ ၄၇.၃ သန်းက နိုင်ငံတစ်ဝှမ်းမှာဖွင့်လှစ်ထားတဲ့ မဲရုံပေါင်း ၉၀၈၆၀ ရုံမှာမဲပေးနေကြတာဖြစ်ပါတယ် ။


ခုရွေးကောက်ပွဲဟာ လက်ရှိအာဏာရန်ကြီးချုပ် အဘီဆစ်ရဲ့ ဒီမိုကရက်ပါတီ နဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ညီမ ယင်းလတ် ရှင်နာဝပ်ထရာ ဦးဆောင်တဲ့ ဖွေထိုင်းပါတီတို့ အဓိက ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ် ။
 
ညနေ ၆ နာရီလောက်ဆိုရင်တော့ အနိုင်အရှုံး ရလဒ်အကြမ်းကို သိရှိရမှာဖြစ်ပြီး အတည်ပြုချက်ရရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားပါမည် ။