xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဘင်္ဂလားဒေ့ရှ် တွင်ဆန္ဒပြမှုများဖြစ်ပေါ်

Thursday, July 7, 2011

ဘင်္ဂလားဒေ့ရှ် တွင်ဆန္ဒပြမှုများဖြစ်ပေါ်

 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ များကြောင့် နိုင်ငံအနှံ့အပြားမှာ ဗုဒ္ဓဟူးနေ့က လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ပါတယ်လို့သိရပါတယ် ။ အစိုးရရုံးများအပါအ၀င် နိုင်ငံတစ်ဝှမ်းရှိ ရုံးများ ကျောင်းများ ကို တနင်္လာနေ့အထိ ပိတ်လိုက်တယ်လို့သိရပါတယ် ။

 
အာဏာရပါတီ အနေနဲ့ အာဏာကို ဆက်ပြီး ချုပ်ကိုင်ခွင့် ရစေနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ချက် တစ်ခုအပေါ် အတိုက်အခံတွေက ဆန္ဒပြ ကန့်ကွက်နေကြတာဖြစ်ကြောင်းလဲသိရပါတယ် ။နိုင်ငံတ၀ှမ်း က ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ပိတ်ထားခဲ့ရသလို အဓိက ဆိပ်ကမ်းဖြစ်တဲ့ စစ်တကောင်း ဆိပ်ကမ်းမှာလည်း လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။


နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်တာတွေကြောင့် ဗုဒ္ဓဟူးနေ့မှာ လူ ၂၀ ထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။အဓိက အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီ BNP ပါတီရဲ့ အကြီးတန်း ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဇိုင်နယ်လ် အက်ဘ်ဒင်န် ဖာရုခ် (Zainal Abdin Farooque) ဟာ ခေါင်းမှာ ဒဏ်ရာရသွားတာကြောင့် ဒါကာမြို့တော်မှာ ဆေးရုံတင်ထားရပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေအတွင်း BNP ပါတီဝင် အတော်များများလည်း အဖမ်းခံခဲ့ရကြောင်းလဲသိရပါတယ် ။

ဆန္ဒပြသူတွေက ကားအစီး ၈၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ကြပြီး လမ်းဘေးအဆောက်အဦများ မှန်များကို ရိုက်ခွဲဖျက်ဆီးခဲ့ကြတာကြောင့် ပျက်စီးမှုတွေ နေရာအနှံ့ ရှိခဲ့တယ်လို့လဲသိရပါတယ် ။

ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအတွက် အစိုးရအနေနဲ့ လိုအပ်တာ မှန်သမျှ လုပ်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီး ဆာဟာရ ခါတွန် (Sahara Khatun) က သတိပေးထားကြောင်း သတင်းရရှိပါတယ် ။