xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နေတိုးစစ်အုပ်စု ဗုံးကြဲမှုကြောင့် ရွာသားများသေဆုံး၊ အာဖဂန်ပြည်သူရာပေါင်းများစွာဆန္ဒပြ

Friday, July 8, 2011

နေတိုးစစ်အုပ်စု ဗုံးကြဲမှုကြောင့် ရွာသားများသေဆုံး၊ အာဖဂန်ပြည်သူရာပေါင်းများစွာဆန္ဒပြ

 
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြိုကတော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာရှိ Khost ဒေသတွင် ရာပေါင်းများစွာသော အာဖဂန်ပြည်သူများက အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်တွေကို ကြာသာပတေးနေ့က ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိပါတယ် ။

ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ နေတိုးလေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ Kabalkhil ရွာမှာရှိတဲ့ နေအိမ် တစ်ခုပေါ်ကို ကျရောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူ တစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့အတွက် ဒါကိုကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြ ပြည်သူတွေက ပြောပါတယ် ။
 




 
" လေယာဉ်ဗုံးကြဲချတာ ဗုဒ္ဓဟူးနေ့ကလေ..အဲဒါဒီအိမ်ပေါ်ကိုကျပြီးတော့ အနည်းဆုံး ၁၃ ယောက်လောက်သေ ကုန်တယ် အားလုံးက အရပ်သားတွေပါ ခလေးတွေကအများစုပါ" ဟု Marjan Khan အမည်ရှိ မျက်မြင်တစ်ဦး၏ ပြောကြားချက်ကို ဆင်ဟွာသတင်းတစ်ရပ်မှာဖေါ်ပြထားပါတယ် ။


ဆန္ဒပြသူရာပေါင်းများစွာဟာ အစိုးရဆန့်ကျင်ရေးနဲ့ နေတိုးစစ်အုပ်စု ဆန့်ကျင်ရေးကြွေးကြော် သံတွေကို ကြွေးကြော် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အဆိုပါဆန္ဒပြပွဲကြောင့် လမ်းတွေပိတ်ဆို့သွား ခဲ့ပြီး နေ့လည်ပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ လူစုခွဲသွားကြကြောင်း သတင်းရရှိပါတယ် ။


အာဖဂန်နစ္စတန်နိုင်ငံသို့နေတိုးတပ်များ ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် အာဖဂန်ပြည်သူ အမြောက်အ များ သေကြေ ဒဏ်ရာရလျက်ရှိရာ  ဇူလိုင်လ ၆ ရက်နေ့အထိ နှစ်ဖက်ထုတ်ပြန်သောစာရင်းများအရ ၃၄၀၅၄ ဦး သေဆုံးပြီး ၄၁၆၃၈ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည် ။


Voice Of Myanmar