xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သံမှူးကြီး ဦးကျော်ဝင်း အမေရိကန်နိုင်ငံတွင်နိုင်ငံရေးခိုလှုံ

Monday, July 4, 2011

သံမှူးကြီး ဦးကျော်ဝင်း အမေရိကန်နိုင်ငံတွင်နိုင်ငံရေးခိုလှုံ

 ဦးကျော်ဝင်း
ဝါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်တဲ့ သံမှူးကြီး ဦးကျော်ဝင်းဟာ သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်ကြောင်းသတင်းရရှိပါတယ် ။ 
သူဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၁၉၈၀ ခုနှစ်တည်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန် ၊ စပိန် ၊ အိန္ဒိယ ၊ ဘရာဇီးနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ခုအမေရိကန်ပြည်ထောင်စုမှာ သံမှူးကြီးအဆင့်နဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ် ။
အမည်မဖေါ်လိုသူနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကတော့ " ခုသူ့အသက်က ၆၀ ပြည့်တော့မယ်ဗျာ..ပြန်လာရင်အငြိမ်းစားယူရတော့မယ်..ခုအမေရိကန်မှာတာဝန်ထမ်းဆောင်တာ သူ့ရဲ့နောက်ဆုံး Assgiment ပဲ ..ဒီတော့သူ့ဘ၀သူကျောင်းပြီး အမေရိကန်မှာနေချင်လို့ လုပ်တာပါ ..အစိုးရနဲ့ဘာမှမဆိုင်ပါဘူး "ဟု ပြောကြားသွားပါသည် ။
" နောက်တစ်ခုက ခုဝန်ကြီးဖြစ်နေတဲ့ ဦးဝဏ္ဏမောင်လွင် ၀န်ကြီးမဖြစ်ခင် UNမှာတာဝန်ထမ်းဆောင်ရင်း  ၀ါရှင်တန်ဒီစီမှာနေတုန်းက သူမရိုးမသားလုပ်ခဲ့တာတွေရှိတယ် ဥပမာဗျာ..ဦးဝဏ္ဏမောင်လွင်ရဲ့အသုံး စရိတ်တွေကို တမင်ညစ်ပြီး စစ်တာမျိုး မလိုအပ်ဘဲဖိအားပေးတာမျိုးတွေလုပ်ခဲ့တယ် ခု ဟိုက၀န်ကြီးဖြစ်နေပြီဆိုတော့ သူ့လိပ်ပြာသူမလုံဘဲ ခုလိုလုပ်သွားတာပါ..အဖြေကဒါပါဘဲ.. ဘာမှအမျိုးချစ်လို့ တိုင်းပြည်ချစ်လို့မဟုတ်ပါဘူး..ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကတော့ သူလုပ်စားတာ ခံရဦးတော့မှာပေါ့ဗျာ.. " ဟု အဆိုပါ အရာရှိက ပြောဆိုသွားပါသည် ။

သူဟာ အရင်သူ့နေရာမှာတာဝန်ထမ်းဆေင်ခဲ့ပြီး အမေရိကန်အစိုးရထံခိုလှုံသွားသူ ဦးအောင်လင်းထွဋ် နဲ့လည်း ရင်းနှီးသူ တစ်ဦးဖြစ်ကြောင်း သတင်းရရှိပါတယ် ။