xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: NLD တွင်ဟောပြောမည့် နိုင်ငံတော်သမ္မတ၏အကြံပေး ဦးမြင့်၏ စီးပွားရေးဆိုင်ရာဟောပြောပွဲဘာကြောင့်ပျက်

Monday, July 11, 2011

NLD တွင်ဟောပြောမည့် နိုင်ငံတော်သမ္မတ၏အကြံပေး ဦးမြင့်၏ စီးပွားရေးဆိုင်ရာဟောပြောပွဲဘာကြောင့်ပျက်

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေးဦးမြင့်ဟာ NLD ရုံးချုပ်မှာ စီးပွားရေး ဆိုင်ရာ ဟောပြောပွဲတစ်ခုကို ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် ၁၂း၃၀ မှာ ပြုလုပ်ဘို့ စီစဉ်ထားရာမှာ အစီစဉ်ပျက်သွားကြောင်း သတင်းရရှိပါတယ် ။
 
ဒီအစီအစဉ်ပျက်ရတာနဲ့ ပတ်သက်လို့ အကြောင်းရင်းကို သေချာမသိရသေးပေမယ့် NLD ကပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကတော့ နေပြည်တော်က ဖုန်းဆက်ပြီးတားမြစ်တာကြောင့် ဖြစ်တယ် ဆိုပြီး ပြောကြေားတာကို  ပြည်ပ မီဒီယာတစ်ခုဖြစ်တဲ့ ဧရာဝတီမှာဖေါ်ပြထားပေမယ့် ဘယ်သူဘယ်ဝါက တားမြစ်တယ်ဆိုတာကိုတော့ ဖေါ်ပြမထားပါဘူး ။

အခမ်းအနားကိုတက်ရောက်ဘို့စောင့်ဆိုင်းနေတဲ့ အမည်မဖေါ်လိုသူ စီးပွားရေးသမားတစ်ဦး ကို မေးမြန်းကြည့် ရာမှာတော့ " ဟောပြောမယ့် ဆရာဒေါက်တာဦးမြင့်က မအားတော့လို့ပါ လို့ အကြောင်းပြပြီး အစီအစဉ် ကိုဖျက်သွားတယ်လို့သိရပါတယ်...ဒါကိုပဲ NLD တာဝန်ရှိသူတွေက နေပြည်တော်က ဖိအားပေးလို့ ဖြစ်မှာဆိုပြီး သုံးသပ်နေကြတာပါ .. " ဟု ပြောကြားသွားပါသည် ။

" နောက်ဖြစ်နိုင်တာ တစ်ခုက ဆရာဦးမြင့်က ဒီပွဲလုပ်တာဟာ NLD ရဲ့ အဓိကဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအစိုးရရဲ့ ဆင်းရဲမှုတိုက်ဖျက်ရေး စီအစဉ်တွေ အခက်အခဲတွေ ရှေ့အလားအလာတွေကို သမ္မတရဲ့ အကြံပေးဆိုတော့ နှစ်ဘက်မျှပြီး တွေးတော ဆုံးဖြစ်နိုင်အောင် ပညာရှင်ရှုဒေါင့်ကနေသုံးသပ်ပြောချင်ပုံရပါတယ် ...ဒါပေမယ့် ဒေါ်စုက ဒီပွဲကို ကျန်းမာရေးမကောင်းလို့ ဆိုပြီး မတက်ဘူးလို့ပြောတယ်ဗျာ.. ..အဲဒီကျန်းမာရေးမကောင်းလို့ စီးပွားရေးဆိုင်ရာ ဟောပြောပွဲကို မတက်တဲ့ ဒေါ်စုက ဒီနေ့မနက် ၁၀ နာရီမှာ သူနဲ့အတူ ပုဂံကို လိုက်ခဲ့ကြတဲ့ သတင်းထောက်တွေနဲ့သူ့အိမ်မှာ တွေ့နေတယ်လေ..ဒီတော့ ဦးမြင့်ကလဲ မအားတော့လို့ဆိုပြီး အစီအစဉ်ကို ဖျက်လိုက်တာလဲ ဖြစ်နိုင်တယ်ဗျ...   " ဟု အဆိုပါ စီးပွားရေးသမားကပင် ၄င်း၏ အမြင်ကို သုံးသပ်ပြောကြား သွားပါသည် ။

ဒီဟောပြောပွဲသတင်းကို အတတ်နိုင်ဆုံး ဖုံးဖိထားဖို့ သဘောတူခဲ့ကြပေမယ့် ပါတီတာဝန်ရှိသူတချို့ရဲ့ မီဒီယာတချို့ထံ ပြောပြချက်တွေကို စီးပွားရေးပညာရှင် ဦးမြင့်အနေနဲ့ ဘ၀င်မကျဖြစ်ခဲ့ဟန် တူတယ်လို့ ပြောဆိုမှုများလည်းရှိကြောင်းသိရပါတယ် ။

အဆိုပါ NLD ရုံးချုပ်တွင် ပြုလုပ်သော ကာရာအိုကေပြိုင်ပွဲ ၊ ဈေးရောင်းပွဲ ၊ ပန်းချီပြပွဲ အစရှိသော ပွဲများကိုပင် မလွတ်တမ်း တက်လေ့ရှိတဲ့ ဒေါ်စုဟာ ဒီပွဲမတက်တာဟာ  ရိုးသားမှုရှိပါရဲ့လား ၊ အစိုးရနဲ့ပတ်သက်နေသူတွေရဲ့စကားမို့ မှားမှားမှန်မှန် နားမထောင်ချင်လို့ ခုလိုရှောင်နေတာလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေကြောင်းလဲ သတင်းရရှိပါတယ် ။

Voice Of Myanmar