xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ၂၀၁၄ အိုလံပစ်ပွဲတော် အထိမ်းအမှတ် မီးရှုးတိုင်ကို ရုရှားတို့က အာကာသထဲထိ သယ်ဆောင်သွားမည်

Sunday, July 10, 2011

၂၀၁၄ အိုလံပစ်ပွဲတော် အထိမ်းအမှတ် မီးရှုးတိုင်ကို ရုရှားတို့က အာကာသထဲထိ သယ်ဆောင်သွားမည်

Russian Olympic Committee President Alexander Zhukov
 
၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံ ဆိုချီမြို့မှာခမ်းနားစွာကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲတော် အထိမ်းအမှတ် မီးရှုးတိုင်ကို အာကာသအထိသယ်ဆောင်သွားဘို့စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုချီအိုလံပစ် ကျင်းပရေးကော် မတီ အကြီးအကဲက ပြောကြားလိုက်ပါတယ် ။

 အိုလံပစ်ပွဲကျင်းပမည့် ဆိုချီမြို့၏ ရေပေါ်ကျွန်းတစ်နေရာ
 
အိုလံပစ်ပွဲတော်မတိုင်မီ အစဉ်အလာအရ မီးရှုးတိုင်ကို ရက်ပေါင်း ၁၂၀ တိုင်အောင် လက်ဆင့်ကမ်းသယ်ဆောင်ကြမည်ဖြစ်ရာ အာကာသအထိ သယ်ဆောင် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၈ ရက် နေ့မှာ ရုရှားမီဒီယာများမှာဖေါ်ပြလိုက်တာဖြစ်ပါတယ် ။ဆိုပါအစီအစဉ် အောင်မြင်ပါက ရုရှားဟာ အိုလံပစ်မီးရှုးတိုင် ကို အာကာသ ထဲသို့ပထမဦးဆုံး သယ်ဆောင်သွားတဲ့နိုင်ငံ ဖြစ်လာမှာဖြစ်ပါတယ် ၊ ဒီအတွက်လဲ အစစ အဆင်သင့် ဖြစ်နေပြီလို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ် ။

ဒီမီးရှုးတိုင်သယ်ဆောင်ရာမှာ အာကာသထဲသို့သယ်ဆောင်သွားမယ့်အပြင် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင် ထိပ် ၊ ကမ္ဘာ့အနက်ဆုံးရေအိုင် ဖြစ်သော ဘိုင်ကယ်လ် ရေအိုင်၏ ရေအောက်ကြမ်းပြင် စသော ထူးခြားသောနေရာများကို အပြေးသမား ၁၄၀၀၀ ကျော်ဖြင့် သယ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည် ။