xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လစ်ဗျား သူပုန်ကို ဗြိတိန်က အစိုးရအဖြစ်အသိအမှတ်ပြု

Thursday, July 28, 2011

လစ်ဗျား သူပုန်ကို ဗြိတိန်က အစိုးရအဖြစ်အသိအမှတ်ပြု

 
လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ အစိုးရထဲက သံတမန်တွေ အားလုံးကို ဗြိတိန်က တရားဝင် လုံးဝ လက်မခံတော့ဘဲ လစ်ဗျားသူပုန်တွေ ဖွဲ့စည်းထားတဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ လို့ သူ့ကိုယ်သူအမည်ပေးထားတဲ့အဖွဲ့ကိုပဲ လစ်ဗျားနိုင်ငံရဲ့ တရားဝင်မှုရှိတဲ့ အစိုးရအဖြစ် အသိအမှတ် ပြုလိုက်ပြီလို့  ပြောကြားလိုက်ပြီး သူပုန်ဘက်ကနေပေါ်ပေါ်တင်တင် ရပ်တည်ကြောင်း ပြသလိုက်ပါတယ်။
 
အတိုက်အခံတွေရဲ့ တရားဝင်မှုက လစ်ဗျားနိုင်ငံတ၀န်းမှာ ပိုပြီး တိုးမြင့်လာနေ တယ်၊ အောင်မြင် မှုတွေလည်း ပိုရလာနေတယ်ဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံပြီး အခုလို လုပ်ဆောင်ရတာလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိခ် (William Hague) က အကြောင်းပြပါတယ်။


 အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ် အပါအ၀င်အနောက်အုပ်စု နိုင်ငံ ၃၀ ကျော်က အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီကို လစ်ဗျားနိုင်ငံရဲ့ ကြားဖြတ်အစိုးရအဖြစ် သတ်မှတ်ထားကြတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဆိုရင် လစ်ဗျားသူပုန်တွေရဲ့ရုံးတစ်ခုကိုသူ့နိုင်ငံတွင်းမှာဖွင့်ခွင့်ပေးထားကာ တစ်ပါးနိုင်ငံရဲ့ပြည်တွင်းရေးကို လူ့အခွင့်အရေးအကြောင်းပြပြီး ပြောင်ကျကျ ၀င်ရောက်စွတ် ဘက်နေတာဖြစ်တယ်လို့ ဝေဖန်သူတွေ လဲရှိနေပါတယ်။

 နေတိုးစစ်အုပ်စုတွေရဲ့ စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ လစ်ဗျားပြည်သူတွေအသက်ဆုံးရှုံးခဲ့ရပြီး ရေပေးဝေရေး ၊ လျှပ်စစ်မီးဖြန့်ဖြူးရေး အစရှိတဲ့ မြို့ပြစံနစ်များပျက်စီးကာ ပြည်သူအမြောက်အများ ဒုက္ခဆင်းရဲရောက်နေကြပေမယ့် ကုလသမဂ္ဂ အပါအ၀င် မည်သည့်အဖွဲ့အစည်းကမှ ကန့်ကွက်ကြတာမရှိတဲ့အတွက် လစ်ဗျား ပြည်သူတွေဟာ ဒုက္ခရောက်မြဲရောက်နေကြရတယ်လို့ လေ့လာသူတွေကသုံးသပ်နေကြကြောင်း သတင်းရရှိပါတယ် ။

 Voice Of Myanmar