xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ၀န်ကြီးဦးအောင်ကြည် ဒေါ်စုကြည်နှင့်တွေ့ဆုံ အစိုးရသစ်လက်ထက်ပထမဆုံးတွေ့ဆုံမှုဖြစ်

Monday, July 25, 2011

ဝန်ကြီးဦးအောင်ကြည် ဒေါ်စုကြည်နှင့်တွေ့ဆုံ အစိုးရသစ်လက်ထက်ပထမဆုံးတွေ့ဆုံမှုဖြစ်

" ဒီဥစ္စာက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ၊ ရှေ့လျှောက် လုပ်သွားစရာရှိတဲ့ ကိစ္စတွေရဲ့ အများကြီးရဲ့ အစ ခြေလှမ်းတစ်ခုလို့ ပြောမယ် ဆိုရင်တော့ ပြောနိုင်ပါတယ် "
 
 သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်မှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင် ဆန်းစုကြည်တို့သည် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင်  တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်းသတင်းရရှိပါသည်။

''တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်တွေကို မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်၊ ဘာစကား ပဲပြောပြော၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်၊
ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါ။ ဒါပဲ မျှော်လင့်ပါတယ်''
 
 ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည် တို့သည် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် မွန်းလွဲ ၁ နာရီ မှ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မီဒီယာများနှင့် ဆက်လက် တွေ့ဆုံခဲ့ပါသည်။ ယခုတွေ့ဆုံမှုသည် မြန်မာအစိုးရသစ်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရထိပ်တန်း တာဝန်ရှိသူတို့၏ ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်ပါသည် ။

မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့ပါသည်။အဆိုပါ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ-


''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက် အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၀ မိနစ် အထိ လာရောက် တွေ့ဆုံခဲ့ပါသည်။


ဤသို့ တွေ့ဆုံမှုအတွက် နှစ်ဖက်စလုံးက အပြုသဘော ရှုမြင်ကြပြီး ကျေနပ်အားရမှု ရှိခဲ့ကြပါသည်။ ပြည်သူ လူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ကို ဆွေးနွေးခဲ့ကြပါသည်။
 
ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င် ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူခဲ့ကြပါသည်''ဟူ၍ ဖြစ်ပါသည်။

NLD ပါတီကတော့ ခုတွေ့ဆုံမှုနဲ့ပတ်သက်ပြီးကြေညာချက်တစ်စောင်ကို မနက်ဖြန်မှာ ထုတ်ပြန်မယ်လို့ သိရပါတယ် ။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန နှစ်ခု၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။