xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထိုင်းရွေးကောက်ပွဲ ယင်းလတ်ရှင်နာဝပ် အနိုင်ရ

Sunday, July 3, 2011

ထိုင်းရွေးကောက်ပွဲ ယင်းလတ်ရှင်နာဝပ် အနိုင်ရ

 
ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပြည်ပမှာ ရောက်နေတဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ညီမဖြစ်သူ ယင်လပ် ရှင်နာဝပ် (Yingluck Shinawatra) က အနိုင်ရလိုက်ပြီး လက်ရှိဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က သူရှုံးနိမ့်တဲ့အကြောင်း အသိအမှတ်ပြု လက်ခံလိုက်ပြီဖြစ်ကြောင်းသိရပါတယ် ။
လက်ရှိထိုင်းဝန်ကြီးချုပ် အဘီဆစ်က သူ့ရဲ့ပြိုင်ဘက် ယင်လပ် ရှင်နာဝပ် အနိုင်ရတဲ့အတွက် ဂုဏ်ယူတဲ့အကြောင်း  ပြောဆိုခဲ့ပါတယ်။ယင်လပ် ရှင်နာဝပ်ဟာ ဖွေထိုင်းပါတီ (Pheu Thai) ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာ ပြီဖြစ်ပါတယ် ။

လေ့လာသုံးသပ်သူတွေက ဖွေထိုင်းပါတီ အနိုင်ရလိမ့်မယ်လို့ ကြိုတင် ခန့်မှန်းထားကြတာဖြစ်ပြီး ။ထိုင်းနိုင်ငံရဲ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် နေရာ ၅၀၀ ရှိတဲ့အထဲမှာ ဖွေထိုင်းပါတီက နေရာ ၂၆၂ နေရာ အနိုင်ရတဲ့အကြောင်း  မဲ ၈၆% ရေတွက်ပြီးချိန်မှာ ရလဒ်တွေအရသိရပါတယ် ။