xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သမ္မတအကြံပေးဦးမြင့် NLDတွင်ဟောပြောမည့်ပွဲ ကျန်းမာရေးအကြောင်းပြပြီးဒေါ်စုကြည်ရှောင်နေ

Sunday, July 10, 2011

သမ္မတအကြံပေးဦးမြင့် NLDတွင်ဟောပြောမည့်ပွဲ ကျန်းမာရေးအကြောင်းပြပြီးဒေါ်စုကြည်ရှောင်နေ

 စီးပွားရေးပညာရှင် ဦးမြင့်
 
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေးဦးမြင့်ဟာ NLD ရုံးချုပ်မှာ စီးပွားရေး ဆိုင်ရာ ဟောပြောပွဲတစ်ခုကို မနက်ဖြန် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် ၁၂း၃၀ မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ် ။

ဒီဟောပြောပွဲကို NLD မှဒုတိယ ဥက္ကဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်မှုဆောင် ဆိုသူများတက်ရောက်ကြမှာဖြစ်ပြီး ဒေါ်စုကြည်ကတော့ ကျန်းမာရေး အကြောင်းပြပြီး ဒီပွဲကို မတက်ရောက်ဘူးလို့သိရပါတယ်။

ဦးမြင့်ဟာ ဒေါ်စုကြည်နဲ့ ရင်းနှီးသူလို့ လူသိများပြီး ယခင်ကလည်း NLD ကို ၀င်ထွက်သွားလာနေတာဖြစ်ပြီး သမ္မတကြီးရဲ့ အကြံပေး တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာတော့ ယခုတစ်ကြိမ်ဟာ ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ် ။

NLD နဲ့နီးစပ်သူတစ်ဦးကတော့ " အဲဒီဟောပြောပွဲကို ဒေါ်စု မတက်ဘူးလို့သိရပါတယ် ..ကျန်းမာရေးသိပ်မကောင်းလို့ဆိုပြီး မတက်တာလို့ပြောတယ် ၊ ကျွန်တော့အထင်တော့ သမ္မတ အကြံပေးရဲ့ပွဲကိုသူတက်ရင် နိုင်ငံရေးအရ အောက်ကျတယ်ထင်လို့ ရှောင်နေတာထင်ပါတယ်..ကျန်းမာရေးက အကောင်းကြီးပါ ကျွန်တော် မြင်နေတာပဲဗျာ.. " ဟု ပြောကြားသွားပါသည် ။

အချို့အတိုက်အခံတွေကတော့ ဦးမြင့်ဟာ မြန်မာနိုင်ငံရဲ့လက်ရှိ စီးပွားရေးအခြေအနေတွေကို ဟောပြောပြီး NLD အတွင်းမှာ စီးပွားရေးဆိုင်ရာအယူအဆတွေ သဘောထားကွဲလာအောင် ရည်ရွယ်ချက်ထားတာမျိုး ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်ပြောဆိုနေမှုတွေရှိကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar