xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာသံအရာရှိတစ်ဦး အမေရိကန်တွင်ထပ်မံခိုလှုံပြန်

Wednesday, July 13, 2011

မြန်မာသံအရာရှိတစ်ဦး အမေရိကန်တွင်ထပ်မံခိုလှုံပြန်

 ဦးစိုးအောင်
 
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးစိုးအောင်က အမေရိကန်နိုင်ငံမှာ ခှိုလှုံခွင့်တောင်းခံချက်ကို ဇူလိုင်လ ၁၃ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို အကြောင်းကြားလိုက်ကြောင်း သတင်းရရှိပါတယ် ။

ဦးစိုးအောင်ဟာ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ၁၉၇၉ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်ရင့်  ၀န်ထမ်းတဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက ၀ါရှင်တန်မြို့တော် မြန်မာသံရုံးမှာ ပထမ အတွင်းဝန်အဖြစ် ရောက်ရှိတာဝန်ထမ်းဆောင်နေတာဖြစ်ကြောင်း သိရပါတယ် ။

ဦးစိုးအောင်ဟာ၂၀၀၅ ခုနှစ်က အမေရိကန်ကားမှာ ခှိုလှုံခဲ့တဲ့ ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ၊ ဒီနှစ် ဇူလိုင်လ ၄ရက်နေ့ကခိုလှုံခဲ့တဲ့ သံမှူးကြီး ဦးကျော်ဝင်း ပြီးရင် ၀ါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကနေ အမေရိကန်ပြည်ထောင်စုမှာ ခှိုလူံဖို့ ဆုံးဖြတ်ခဲ့တဲ့ တတိယမြောက် သံအရာရှိဖြစ်ပါတယ်။
သူဟာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မြန်မာသံရုံး၊ ထိုင်းနိုင်ငံနဲ့ စကာင်္ပူ မှာရှိတဲ့ မြန်မာသံရုံးတွေမှာလည်း တာဝန် ထမ်းဆောင်ခဲ့ဘူးသူ ဖြစ် ပြီးခုလိုနိုင်ငံရေးခိုလှုံရတာနဲပပတ်သက်ပြီး အသေးစိတ်မသိရှိရသေးသော်လည်း ဇူလိုင်လ ၄ ရက်နေ့ကနိုင်ငံရေးခိုလှုံသွားတဲ့ သံမှူးကြီး ဦးကျော်ဝင်းကိစ္စ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန်မှာ ခုလို ထပ်မံခိုလှုံသွားတာဖြစ်ကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar