xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရးမှူးရွေးချယ်ရေးဆိုင်ရာ မူကြမ်းပြည်သူ့လွှတ်တော်ရေးဆွဲနေ

Tuesday, July 5, 2011

ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရးမှူးရွေးချယ်ရေးဆိုင်ရာ မူကြမ်းပြည်သူ့လွှတ်တော်ရေးဆွဲနေ

 အိမ်ထောင်စုတစ်စုလျှင် အဆိုပြု ဆန္ဒမဲ တစ်မဲနှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ် ခန့်အပ်ရမည့်  မူကြမ်း တစ်ရပ်ကို ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ ရေးဆွဲပြုစုနေပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့ အုပ်ချုပ်ရေးပိုင်းတွင် အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဆိုင်ရာ မူကြမ်းတစ်ရပ်ကို လာမည့်လွှတ်တော်အစည်းအဝေးအမီ ရေးဆွဲလျက်ရှိကြောင်း၊ အစည်းအဝေးတွင် ဆုံး ဖြတ်အတည်ပြုသွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဥာဏ စိုးက အတည်ပြု ပြောကြားသည်။
"မေ ၂၃ရက်ကစပြီးကျင်းပတဲ့ ရေးရာကော်မတီတွေဝင်နဲ့ တိုင်းဒေသကြီး၊ ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ လွှတ်တော်လုပ် ငန်းဆိုင်ရာဆွေးနွေးပွဲမှာ မူကြမ်းရေးဆွဲနေတာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာကိုယ်တိုင် ဦးဆောင်ရေးဆွဲနေပါတယ်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကတော့ တည်ဆဲ သူကြီးလက်စွဲလို့ခေါ်တဲ့ ကျေးရွာအုပ်ချုပ်ပုံ ဥပဒေအပေါ် ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ဖို့ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန ကို မှတ်ချက်ပေးဖို့ရှိပါတယ်။ ဥပမာ- ဧည့် စာရင်းလိုမျိုး။ ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးအရ ဧည့်စာရင်းလိုအပ်ပါတယ်လို့ လွှတ်တော်မှာတင်ပြလာရင် ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူရမှာဖြစ် ပါတယ်"ဟု ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။
အဆိုပါမူကြမ်းတွင် သက်ဆိုင်ရာ ရပ်၊ ကျေးအဆင့် စိုက်ပျိုးရေးမန်နေဂျာ၊ ကျန်း မာရေးမှူး၊ ကျောင်းဆရာ၊ ရဲအရာရှိစသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိ ရပ်ဖများပါဝင်သည့် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းရန်ထည့်သွင်းရေးဆွဲထားကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် အဆိုပြုဆန္ဒ မဲတစ်မဲနှုန်းဖြင့် မဲပေးရမည်ဖြစ်ပြီး မဲအများဆုံးလေးဦးကို တစ်အိမ်ထောင် မဲ တစ်မဲနှုန်း သို့မဟုတ် (၁၈)နှစ်ပြည့် ပြီးသူတိုင်း မဲတစ်မဲနှုန်းပေးနိုင်ရန်ညှိ နှိုင်းလျက်ရှိကြောင်း သိရသည်။
"တစ်ရပ်ကွက်ကို (၁၈)နှစ်ပြည့် သူတိုင်းသာ မဲပေးရရင် ကျယ်ပြန့်သွားမယ်။ တစ်အိမ်ထောင် တစ်ယောက် ဆိုရင် လုံလောက်မယ်ထင် တယ်"ဟု ဒေါက်တာမြတ်ဥာဏစိုးကပြောသည်။
ရက်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဝန်ထမ်းများကို အစိုးရသစ်တက် ပြီးနောက် အချို့သောရပ်ကွက် များတွင် ပြန်လည် အသစ်ရွေးချယ်ခဲ့ပြီး အချို့ရပ်ကွက်များတွင် မူလဥက္ကဋ္ဌတာဝန်ယူထားသူကို ပင်ဆက်လက်ခန့်ထားဆဲဖြစ်သည်ဟု သိရသည်။
၂၀၀၈ခုနှစ်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၉တွင် ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ် တာဝန်ပေးဆောင်ရွက်စေရမည်ဟု ဖော်ပြထားသည်။

Credit : Yangon Media Group