xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: Yingluck နဲ့ ကွာခြား လားလားမျှ မအပ်စပ်ပါတဲ့ မဟဝါ

Wednesday, July 13, 2011

Yingluck နဲ့ ကွာခြား လားလားမျှ မအပ်စပ်ပါတဲ့ မဟဝါ

ထိုင်းနိုင်ငံမှာ Yingluck Shinawatra ဆိုတဲ့ အမျိုးသမီးက Pheu Thai ပါတီကို ကိုယ်စားပြုလို့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီတဲ့ဗျား။ ကျုပ်တို့ကတော့ ဒီအမျိုးသမီးကို ကောင်းကောင်းမသိပေမယ့် ထိုင်းနိုင်ငံရဲ့ လူများစု တောသူ တောင်သားတွေကို ကိုယ်စားပြုလို့ နိုင်ငံရေး လုပ်ခဲ့တဲ့ သူ့အကို Thaksin Shinawatra ကိုတော့ နည်းနည်းသိခဲ့တာ ကြောင့်၊ သူကလည်း သူ့အကိုလမ်းကိုပဲ ဆက်လျှောက်မယ်လို့ သိရတဲ့အတွက်ကြောင့် လက်ခုပ် မတီးဖြစ်ပေမယ့် ခပ်သဲ့သဲ့ ပြုံးရင်း လုံးဝကျေနပ်မိ ခဲ့ပါ့ဗျား။
ကျုပ်တို့လိုပဲ အိမ်နီးချင်း ထိုင်းနိုင်ငံရေးကို စိတ်ဝင်စားသူ မြန်မာတစ်ချို့ ကလည်း Yingluck Shinawatra အနိုင်ရ တာကို အသိအမှတ်ပြု ကျေနပ်ကြ၊ ဝမ်းမြောက်စကား ဆိုကြတာကို ကြားမိ၊ ဖတ်မိပါရဲ့။ အဲဒီသူတွေကြားထဲ ကျုပ်တို့ရဲ့ အနောက်နိုင်ငံထုတ် စာခြောက်ရုပ်ကြီးကလည်း ဝမ်းသာပါသတဲ့လေ။ အင်း---ကိုယ့်သမီးလောက်ရှိတဲ့ ဟာလေးက ထိုင်းနိုင်ငံရဲ့နိုင်ငံရေးမှာ အရေးပါလှတဲ့ ဘုရင်နဲ့ရော၊ သြဇာကြီးတဲ့ စစ်တပ်နဲ့ရော ပြေလည်အောင် ရှင်သန်ရုန်းကန်ရင်း အတိုက်အခံတွေကို နင်းချေ ကျော်ဖြတ်သွားခဲ့တာဟာ သူ့အတွက် ဘဝတစ်သက်တာ သင်ခန်းစာ ဖြစ်လောက်စရာပေမို့ ရှက်ပြုံးလေးနဲ့ တစ်သက်လုံးဆွေးရင်း ဝမ်းသာခြင်းသတင်းကို သူ့ခမျာ ပို့်ရရှာတာပေါ့လေ။

ဒီကြားထဲ သူသတိမထားမိလောက်တဲ့ သူ့နောက်ပါးကနေ သူ့ထဘီစကိုဆွဲရင်း သူ့ကို အမှိုက်ကျင်းထဲ ဆွဲချနေတဲ့ အဖွဲ့တွေက ပြောလာကြပြန်တယ်။ ၉၀ ပြည့်နှစ် ရလဒ်ကိုသာ အကောင်အထည် ဖော်ပေးခဲ့မယ်ဆိုရင် စာခြောက်ရုပ်ကြီးက မြန်မာ နိုင်ငံသမိုင်းမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ခဲ့မှာတဲ့။ အင်း---ဒုက္ခ---ဒုက္ခ--ဒါမျိုးမကြာခဏ ကျုပ်တို့ ကြုံဖူးကြ မှာပါ။ လမ်းပေါ်က ဖြတ်သွားတဲ့ အဖိုးတန်ကားကို ကြည့်ရင်း ကိုယ့်လက်ထဲက အက္ခရာရော ဂဏန်း (၅) လုံး လောက်ပါ လွဲတဲ့ ထီလက်မှတ်ကို ကြည့်ရင်း၊ ဒီထီသာ အက္ခရာရော၊ ဂဏန်းရောတူခဲ့ရင် ဒီကားကြီးက ငါ့ဟာဖြစ်မှာ” ဆိုတာမျိုးပေါ့လေ။ ကိုယ်ချင်းတော့စာမိပါရဲ့။ သူတို့ခမျာလည်း ကပ်တီးမူးလဲလုပ်ဖို့ရာ အားခဲထားတာ၊ တကယ်တမ်း ဖြစ်မလာတော့ ဒီလိုပဲ ကြိတ်မနိုင် ခဲမရ ဖြစ်ကြမှာပေါ့လေ လို့လည်း နားလည်ပေးချင်စိတ် ဖြစ်မိပါရဲ့။
သူတို့ပြောတာနဲ့ပဲ Yingluck Shinawatra ကိစ္စကို ပိုစိတ်ဝင်စားလာလို့ တောလှန်တောင်လှန် လုပ်မိပါရောဗျား။ Yingluck ရဲ့ အဘေးဟာ တရုတ်ပြည် ဂွမ်ဒေါင်ပြည်နယ် ကနေ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း နေထိုင်လာသူ တရုတ်ကြီး ပါတဲ့ဗျား။ Yingluck ရဲ့အဘိုးကျတော့ တရုတ်-ထိုင်းကပြား ဖြစ်ပြီး၊ ဒီလိုနဲ့ အဆင့်ဆင့် ထိုင်း နိုင်ငံသူတွေနဲ့ အကြောင်းဆက် ပေါင်းဖက် ရာကနေ Yingluck ကတော့ တရုတ်သွေး တစ်မူးသားပါတဲ့ ထိုင်းနိုင်ငံသူ ဖြစ်ခဲ့ပါသတဲ့လေ။ ဒီအမျိုးသမီးဟာ နိုင်ငံခြား တိုင်းပြည်တွေ (US တို့ UK တို့) မှာ ထင်ထင်ရှားရှား သွားနေနိုင်လောက်အောင် အခြေအနေတွေ ပြောင်ရောင် ပေမယ့်လည်း ထိုင်းနိုင်ငံထဲမှာပဲ တောက်လျှောက်နေလို့ ထိုင်းနိုင်ငံသားနဲ့ လက်ဆက်ပြီး ထိုင်းသားလေး တစ်ယောက်တောင် မွေးထားသေး သတဲ့ဗျား။ (ထိုင်းနိုင်ငံကို လမ်းကြုံလို့ စိတ်ကစားတာ မဟုတ်ဘဲ နှစ်နှစ်ကာကာ စွဲစွဲမြဲမြဲ ရှိလိုက်ပုံများ၊ ပွဲလန့်မှ ဖျာခင်းဖို့လာတဲ့ ကျုပ်တို့ ဟာကြီးနဲ့တော့ ကွာပါ့)
အရွယ်နဲ့မမျှအောင် သဘောထား ကြီးလိုက်ပုံကိုလည်း ကြည့်ဦး။ ပြီးခဲ့တဲ့ ရှပ်နီ ရှပ်ဝါကိစ္စမှာ ထိုင်းစစ်တပ်က အခြေ အနေအရ မတတ်သာလို့ အုတ်နံရံကို သေနတ်မေးတင်ရင်း (Sniper တောင် ပါသေး) စိမ်ပြေနပြေ ပစ်သတ်ခဲ့တာတွေကို လည်း ပြန်မပြောကြေးတဲ့။ (သူတို့ဆီမှာ မဟုတ်ကဟုတ်က ဖွကြတဲ့ ကလေကဝတွေ မရှိတာလည်း အံ့ဖွယ်တစ်ခုပါဗျ)။
ဒါတွင်မက People’s Power Party ကို တရားရုံးက ဖျက်သိမ်းခဲ့ပြန်တော့လည်း တောင်ပြောမြောက်ပြော လျှောက်မပြောဘဲ ကိုယ့်ကိုကိုယ် ယုံကြည်တဲ့ အလျောက် Pheu Thai Party ကို အသာတကြည် ပြန်ဖွဲ့ခဲ့ကြ ပြန်ရောဗျား။ သူတို့ယုံကြည်တဲ့ အတိုင်းလည်း Pheu Thai Party က အနိုင် ရခဲ့သပေါ့လေ။ Yingluck ဟာ သူ့ပါတီ ခေါင်းဆောင်ရာထူးကို တစ်ခြားသူတွေကို ခဏခဏ လွှဲပေးခဲ့ပြီး စီးပွားရေးကိုသာ စောက်ချလုပ်ချင်ကြောင်း ပြောလည်းပြော လုပ်လည်းလုပ်၊ လုပ်ခဲ့တာတွေကလည်း ကျုပ်တို့ဟာကြီးနဲ့ တော့ကွာပါ့ဗျား။ ကျုပ်တို့ဟာကြီး ကတော့ ပြည်သူကို ပြန်ပေးဆွဲလို့ သူအာဏာရမှ ဝိုင်းကူကြပါ၊ အခုတော့ နေကြပါဦးလို့ ပြည်သူတွေရဲ့ မှောက်နေတဲ့ ထမင်းပန်းကန်ကို တက်နင်းရင်း နိုင်ငံခြား တိုင်းပြည်တွေကို ခပ်ပြင်းပြင်း ပြောခဲ့တာလေ။
ကဲ----ဒီလိုဆိုတော့လည်း Yingluck Shinawatra လို သူဖြစ်မလာတာ ရှင်းနေပြီမို့ သူ့သမိုင်းကိုသာ အပြစ်ဖို့ဖို့ ရှိတော့တာကို ကြည့်ရင်း မြန်မာပြည် ခေါင်းဆောင်စာရင်းမှာ သူမပါနိုင်တော့တာ သဘာဝ ကျလှပါကြောင်း မျောက်လောင်းတို့ကို ထပ်ဆောင်းလို့ ဆိုမိပါသဗျား။
(အောင်ဘု -ကျေးစေတမန်)