xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြောက်ကိုရီးယား၏ ဆိုက်ဘာတိုက်ခိုက်မှုကာကွယ်ရန် တောင်ကိုရီးယားက ဆိုက်ဘာသင်တန်းကျောင်းဖွင့်မည်

Sunday, July 3, 2011

မြောက်ကိုရီးယား၏ ဆိုက်ဘာတိုက်ခိုက်မှုကာကွယ်ရန် တောင်ကိုရီးယားက ဆိုက်ဘာသင်တန်းကျောင်းဖွင့်မည်

 
မြောက်ကိုရီးယားနိုင်ငံတွင် ကွန်ပြူတာကွန်ယက်များအတွင်းဖေါက်ထွင်းတိုက်ခိုက်နိုင်သူ (Hacker) ၃၀၀၀ ဦးခန့် လေ့ကျင့်ထားရှိပြီးဖြစ်ကြောင်း မြောက်ကိုရီးယားမှ ထွက်ပြေးလာသူ ပါမောက္ခတစ်ဦး၏ အဆိုကို ကိုးကား၍ တောင်ကိုရီးယားသတင်းများတွင်ဖေါ်ပြခဲ့ကြပါသည် ။

အဆိုပါသတင်းထွက်ပေါ်လာပြီး မကြာမီမှာပင်မြောက်ကိုရီးယားနိုင်ငံမှ အင်တာနက် တိုက်ခိုက်မှု များ မြင့်တက်လာမှုကို ကာကွယ်ရန် အတွက် တောင်ကိုရီးယားစစ်တပ်က ဆိုက်ဘာ စစ်ဆင်ရေးကျောင်းကို ၂၀၁၂ ခုနှစ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်ပါသည်။
 
အဆိုပါဆိုက်ဘာစစ်ဆင်ရေး ကျောင်း၏ စာသင်နှစ်မှာ လေးနှစ် ဖြစ်ပြီး တစ်နှစ်လျှင် ကျောင်းသား ၃၀ လက်ခံသွားမည် ဖြစ်ပြီးသင်ရိုးများတွင် အန္တရာယ်ပြုသည့် အင်တာနက် သင်္ကေတ၀ှက်များကို ချိုးဖောက်နည်း၊ ဆိုက်ဘာစစ်ဆင်ရေး အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရန် နည်းလမ်းနှင့် ဆိုက်ဘာ တိုက်ခိုက်လာနိုင်မှုများကို ကာကွယ်ရန် အတွက် အခြား IT နည်းပညာများပါ ပါဝင်မည် ဖြစ်ကြောင်း တောင်ကိုရီးယားတပ်မတော် မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
ဆိုက်ဘာ စစ်ဆင်ရေးကျောင်းတွင် တက်ရောက်မည့် ကျောင်းသားများ အတွက် ကျောင်းလခ ကို တောင်ကိုရီးယား တပ်မတော်က ကျခံသွားမည်ဟု ဆိုပါသည်။

 
မြောက်ကိုရီးယား စစ်ဘက် ထောက်လှမ်းရေးအဖွဲ့သည် တောင်ကိုရီးယား အကြီးဆုံး ဘဏ်တစ်ခုကို မေလ အတွင်း ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယား အစိုးရ ရှေ့နေများက ယုံကြည်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Voice Of Myanmar