xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင် ဘာတွေလုပ်နေပါလိမ့်

Friday, July 8, 2011

တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင် ဘာတွေလုပ်နေပါလိမ့်

တိုင်းပြည်ထူထောင်ရာတွင် စတုတ္ထမဏ္ဍိုင်အဖြစ်ပါဝင်ကြပါမည်ဆိုသော သတင်းသမားကြီးများ၏ အားကိုး ဗဟုသုတဖြစ်ဖွယ်သတင်းများ

- ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူးထွက်
- ဒေါ်အောင်ဆန်းစုကြည်၏သားခွေးတစ်ကောင်နှင့်အတူ ပုဂံသို့ ၁ ရက်ကြိုရောက် နေ
- ပုဂံလေဆိပ်တွင် ခွေးတစ်ကောင်နှင့်အတူ သားဖြစ်သူကင်မ်အဲရစ်လာကြို
- ဒေါ်အောင်ဆန်းစုကြည် ယနေ့ဘုရားမဖူးသေးဟုဆို
- ဒေါ်အောင်ဆန်းစုကြည် River Side တွင်သားငယ်ကင်မ်အဲရစ် လက်ဆောင်ပေး ထားသော ခွေးတစ်ကောင်နှင့် အတူ အပန်းဖြေနေ ။
- ဒေါ်အောင်ဆန်းစုကြည်အလှူငွေလက်မခံရန် အာဏာပိုင်များကန့်သတ်ဟု ကြားရ ။
- ဒေါ်အောင်ဆန်းစုကြည်တကယ်ဘုရားဖူးထွက်သောအခါ အာဏာပိုင်များမနှောက်ယှက်
- ဒေါ်အောင်ဆန်းစုကြည် မကျီးပင်ကြီးအောက်တွင် ဓါတ်ပုံအရိုက်ခံ
-ဒေါ်စုကိုမြင်ရ၍ ဒေသခံများငိုကြွေးကြ
- ဒေါ်အောင်ဆန်းစုကြည် တမာပင်အောက်မှ နာမည်မရှိသော ထမင်းဆိုင်လေးတွင်ထမင်းစားလေပြီ
- ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအား မန္တလေးမှ ၅၀ ရန်ကုန်မှ ၂၀ စုစုပေါင်း ၇၀ ဖြင့် ဆောင်ရွက် ။
- ဒေါ်အောင်ဆန်းစုကြည် ပုပ္ပါးတောင်သို့ရောက် ရှိ ခရီးစဉ်လျို့ဝှက်ထားသော်လည်း စရဖမှ ကြိုသိနေ ။
- ဒေါ်စုခရီးစဉ် အမေရိကန်အကောင်းမြင် 
- ဒေါ်စု အင်ကြင်းပင်သွားကြည့် ၊ ယခုသတင်းတင်ချိန်တွင် အင်ကြင်းပင်အောက်ရောက်နေပြီ
- ဇီးအိုသစ်လှရွာတွင်ထမင်းစားမည့်အစီ အစဉ်ဖျက် ၊ ပါလာသောထမင်းများအားရွာသားများသို့ဝေ
-သောကြာနေ့ဒေါ်စု အဲမန္တလေးလေကြောင်းဖြင့်ရန်ကုန်ပြန်မည် ။
- ခွေးနှင့်သားက ကားနှင့်ပြန်မည် ။

ကဲ...ဒီတစ်ပတ်တော့ ဒီသတင်းတွေနဲ့ပဲ တိုင်းပြည်တည်ဆောက်ကြစို့

ဒေါက်တာဆိတ်ဖွား