xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒေါ်စုကြည် ပုဂံခရီးစတင်

Monday, July 4, 2011

ဒေါ်စုကြည် ပုဂံခရီးစတင်


 
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ပထဆုံးအကြိမ် ခရီးထွက်လာခဲ့သော ဒေါ်စုကြည်သည် ယနေ့နံနက် ၈ နာရီ ၃ဝ မိနစ်တွင်ပုဂံသို့ လေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။ လေဆိပ်တွင် ကြိုတင်ရောက်ရှိနေသော ဒေါ်စုကြည်၏သားဖြစ်သူနှင့် NLD အဖွဲ့များက ကြိုဆိုကြကြောင်းသိရပါသည်။

"လုံခြုံရေးအခြေအနေကတော့ တော်တော်လေးတင်းကျပ်တဲ့သဘောပဲ..အရပ်ဝတ် လုံခြုံရေးတွေနေရာတော်တော် များများမှာတွေ့ရတယ်..အထူးသဖြင့်တော့ အာနန္ဒာတို့ ရွှေစည်းခုံတို့၊ မနူဟာဘုရားတို့လို ဘုရားတွေမှာပိုပြီးများတယ် "  ဟုပုဂံဒေသခံတစ်ဦးကပြောပါသည်။

အမည်မဖေါ်လိုသူလေဆိပ်ဝန်ထမ်းတစ်ဦးကမူ " လာကြိုတဲ့သူတွေက မန္တလေးနဲ့ ရန်ကုန်က ကြိုတင်ရောက်နေတဲ့ သူတွေပဲများပါတယ် ဒီကခရီးသွားတွေနဲ့ဆိုတော့ ပိုများသွားတာပေါ့ ဒီလောက်ပါဘဲ အခြေအနေကတော့အေးအေးဆေးဆေးပါ " ဟုပြောကြားပါသည် ။

" သူ့သားရယ်၊ သူ့သား လက်ဆောင်ပေးထားတဲ့ ခွေးကလေးရယ် ပုဂံဟိုတယ်ရဲ့ Riverside မှာ အပန်းဖြေနေပါတယ်။ အခု မနက် ၁ဝ နာရီ အထိ ဘယ်မှ မသွားသေးပါဘူး။ ဟိုတယ်ထဲမှာပဲ ရှိနေပါသေးတယ် ...သူ့သားကတော့ မနေ့ထဲက ကားနဲ့ရောက်နေတာ" ဟုအမည်မဖေါ်လိုသူ လုံခြုံရေးဝန်ထမ်းတစ်ဦးကပြောကြားပါသည်။



ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူး ခရီးစဉ်သို့ Myanmar Times, Weekly Eleven,The Voice, မန္တလေးနန်းမြင့် စသည့် ပြည်တွင်းသတင်းဂျာနယ်အချို့မှ သတင်းထောက်များ သတင်း ရယူကြသည်ကို တွေ့ရသော်လည်း နိုင်ငံခြား သတင်းဌာနများမှ သတင်းသမားအင်အားက ပိုများသည်ကို တွေ့ရကြောင်းလည်း သတင်းရရှိပါသည်။