xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဖောက်ခွဲရေးသမားများဓာတ်ပုံကို ရောင်စုံဗီနိုင်းဖြင့် ဘူတာရုံများတွင် ကပ်ပြီ

Tuesday, July 19, 2011

ဖောက်ခွဲရေးသမားများဓာတ်ပုံကို ရောင်စုံဗီနိုင်းဖြင့် ဘူတာရုံများတွင် ကပ်ပြီ

 
 ဖောက်ခွဲရေးသမားများဓာတ်ပုံ ပါရှိသည့် ရောင်စုံဗီနိုင်းများကို ပြည်သူများသိရှိစေရန် အတွက် မြန်မာနိုင်ငံအနှံတွင်ရှိသော မီးရထားဘူတာရုံများတွင် စတင်ကပ်ပေးထားပြီဖြစ်ကြောင်း သိရသည်။
 
    "အရင်က ဗုံးအပါအ၀င် ဖောက်ခွဲရေးသမား တွေရဲ့ ရုပ်ပုံပါတဲ့စက္ကူနဲ့ပဲ နံရံကပ်ကြော်ငြာ သတိပေးခဲ့ပါတယ်။ ဒီတစ်ခါတော့ ပြီးခဲ့တဲ့နှစ်က သတင်းအရ ဖောက်ခွဲရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တဲ့သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ကြောင့် အရင်လူစာရင်းထက်ပိုတဲ့ မသင်္ကာဖွယ်လူတွေကို တွေ့ ရပါတယ်။ ဒီတစ်ခါ ဗီနိုင်းကြော်ငြာကို မီးရထား ရဲလုံခြုံရေးတာဝန်ယူထားတဲ့ မြန်မာနိုင်ငံအနှံက ဘူတာအားလုံးမှာ ကြော်ငြာထား တာဖြစ်ပါတယ်"ဟု နေပြည်တော်ဘူတာကြီး မြန်မာ့မီးရထား မှတာဝန် ရှိသူတစ်ဦးက ပြောသည်။
 
    ယခင်က A4 A3 စက္ကူနံရံကပ်ကြော်ငြာ များတွင် ရှင်မွေလ၊ စိုင်းဆမ်နှင့် စိုင်းအိုက်တို့ သုံးဦးပါရှိသော်လည်း ယခုဗီနိုင်းကြော်ငြာချက်တွင်မူ အောင်ကိုကို (ခ) ကိုကိုနိုင်၊ အေမီကျော်၊ ကျော်သီဟနှင့် သက်ထွန်း တို့ လေးဦးထပ်တိုးပါဝင်လာပြီး စုစုပေါင်း ဖောက်ခွဲရေး သမားခုနစ်ဦး၏ရုပ်ပုံများပါဝင်ကြောင်း သိရသည်။

 
    လက်ရှိမြန်မာတစ်နိုင်ငံလုံးတွင် မီးရထား ဘူတာရုံ ၁၀၀၀ခန့်ရှိပြီး မီးရထားရဲလုံခြုံရေးတာဝန်ယူ ထားသည့် ဘူတာများသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါဝင် စုစုပေါင်းဘူတာ ၆၅ခုကျော်သာရှိသေး ကြောင်း အဆိုပါနေပြည်တော်ဘူတာကြီး မြန်မာ့မီးရထား မှ တာဝန်ရှိသူကပြောသည်။
 
"မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့မီး ရထားရဲလုံခြုံရေးတာဝန်ယူထားတဲ့ဘူတာ တွေရဲ့နေရာအနှံ့မှာ လိုက်လံနံရံကပ်ကြော် ငြာအသိပေးထားပါတယ်။ ဒါမှ ဘူတာ အတွင်း ၀င်ထွက်သွားလာနေတဲ့ ခရီးသည် နဲ့မိဘပြည်သူအပေါင်းသိရှိပြီး အသိပေးမှု၊ သတင်းပေးမှုတွေ လုပ်လာနိုင်မှာပါ"ဟု ယင်းက ထပ်ပြောသည်။
 
    "အခုဗီနိုင်းနဲ့ကြော်ငြာချက်က အခုမှစကပ်တာပါ။ ရန်ကုန်ဘူတာကြီးမှာ တော့ နေရာအနှံ့ ကပ်နေပါတယ်။ စုစု ပေါင်း ၁၅နေရာလောက်ရှိမယ်"ဟု ရန်ကုန် ဘူတာကြီးမြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
      ယခုကဲ့သို့ (ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အန္တရာယ် ပေးသည့် ဖောက်ခွဲရေး သမားများ အလိုရှိ သည်) ကြော်ငြာချက်ကို ခရီးသွား ပြည်သူ များ သတိပြုစိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
 
    "အခုလို ဟိုနားဗုံးပေါက်၊ ဒီနား ပေါက်ကွဲမှုဖြစ်နဲ့ မကြာခဏကြားနေရ တော့ ကိုယ်တိုင်မကြုံတွေ့ရပေမယ့် ဘယ် သူလုပ်တာလဲ၊ ဘယ်သူဖောက်ခွဲတာလဲ။ ဘယ်သူတွေသေလို့ဘယ်သူတွေ ထိခိုက် နစ်နာသလဲဆိုတာ လူတိုင်းစိတ်ဝင်စား နေကြပါတယ်။ အခုလို သက်ဆိုင်ရာက ထုတ်ပြန်တော့ ဘာပြောပြော သိခွင့်တော့ ရတာပေါ့"ဟု ရန်ကုန်ဘူတာကြီးအတွင်း မှ ခရီးသည်ဦးကျော်နိုင်က ပြောသည်။
 
    တာဝန်သိပြည်သူ မည်သူမဆို ဖောက်ခွဲရေးသမားများနှင့် ပတ်သက်၍ မသင်္ကာဖွယ်တွေ့ရှိပါက၊ သတင်းပေးလိုပါ က နီးစပ်ရာဘူတာရုံများရှိ ရထားရဲတပ်ဖွဲ့၊ တပ်ခွဲ၊ တပ်စု၊ တပ်စိတ်၊ ရဲစခန်းများသို့ လည်းကောင်း၊ ဖုန်း-၀၆၇-၂၁၇၉၀၊ ၀၆၇- ၂၄၀၆၁တို့သို့လည်းကောင်း သတင်းပေး နိုင်ကြောင်း အဆိုပါဗီနိုင်းကြော်ငြာမှ သိရ သည်။
Credit: Yangon Media Group