xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: SSC ဆေးရုံ က Hot News Weekly ဂျာနယ်ကိုတရားစွဲ

Wednesday, July 6, 2011

SSC ဆေးရုံ က Hot News Weekly ဂျာနယ်ကိုတရားစွဲ

SSC ခေါ်ရွှေဂုံတိုင် အထူးကုဆေးရုံက ပြည်တွင်းထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ Hot News Weekly ဂျာနယ်မှာ ဖော်ပြထားတဲ့ သတင်းဆောင်းပါး တပုဒ်နဲ့ ပတ်သက်ပြီး ဆေးရုံ ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတယ် ဆိုပြီး အသရေဖျက်မှု၊ ထိခိုက်နစ်နာမှုတွေနဲ့ SSC ဘက်က ဒီကနေ့ ရန်ကုန် တရားရုံး ၂ ခုမှာ အမှုတင်တရားစွဲဆိုလိုက်ကြောင်းသတင်းရရှိပါတယ် ။

၂၀၁၁ ခုနှစ် ဇွန်လ ပထမပတ်ထုတ် Hot News Weekly ဂျာနယ်ထဲမှာ ပုဂ္ဂလိကဆေးရုံ SSC ရဲ့ ၀န်ဆောင်မှုဆိုပြီး ၀န်ဆောင်မှု အားနည်းချက်တွေကို ဝေဖန်ရေးသား ဖော်ပြထားတဲ့ သတင်းဆောင်းပါး အပေါ်မှာမူ တည်ပြီး SSC ရွှေဂုံတိုင်ဆေးရုံနဲ့ Hot News Weekly ဂျာနယ် အကြားမှာ တင်းမာမှုတွေ ပြီးခဲ့တဲ့ လကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး SSC ဘက်က ဒီရေးသားဖော်ပြချက် အပေါ်မှာ အကြောင်းအရာ မမှန်ကန်ဘူးဆိုပြီး ပြန်လည်တောင်းပန် ဖော်ပြပေးဖို့ Hot News Weekly ဂျာနယ်ကို သတိပေးပြောကြားခဲ့ပြီးနောက် ခုလိုတရားစွဲဆိုမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ကြောင်းလဲသိရပါတယ် ။


Hot News Weekly ဘက်ကတော့ သူတို့ ရေးသားဖော်ပြချက်ဟာ အဖြစ်မှန်၊ အခြေအနေမှန်ကို ရေးသားဖော်ပြတာဖြစ်ပြီး ရွှေဂုံတိုင်ဆေးရုံဘက်က ဒီလုပ်ရပ်အပေါ်မှာ ပြန်လည် တရားစွဲဆိုဖို့ ရှိတယ်လို့ ဂျာနယ် တာဝန်ရှိသူတဦးကတုန့်ပြန်ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ် ။
 
ပြီးခဲ့တဲ့လအတွင်းကလည်း ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်ဖြစ်တဲ့ လျှပ်တစ်ပျက်ဂျာနယ်မှာ ဆောင်းပါးရှင် သံလျှက် အမည်ခံ ဇင်မင်းဆွေက မြန်မာ့ဆေးလောကနှင့်ဆရာဝန်လောကကို ထိုးနှက်ရေးသားခဲ့မှု များကြောင့် ဆရာဝန်လောကနှင့် မီဒီယာသမားများအကြား တင်းမာမှုများ ဖြစ်ပေါ် လာခဲ့ပါတယ် ၊ ဒါ့အပြင် ရွှေအမြုတေမှ ဦးဝင်းငြိမ်းက VOA နှင့်တွေ့ဆုံခန်းတစ်ခု တွင် ဆရာဝန်များနှင့် အထူးကုဆေးရုံများကို ပြစ်တင်ပြောကြားမှုများကြောင့် ဆရာဝန်များနှင့် မီဒီယာများကြာားတွင် တင်းမာမှုများပိုမို ဖြစ်ပေါ်ကာ ခုလို နောက်ဆက်တွဲဖြစ်စဉ်တွေ ဖြစ်ပေါ် လာတာ ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်းရှိကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar