xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သံမှူးကြီးဦးကျော်ဝင်းသတင်း အမေရိကန်အစိုးရကန့်သတ်

Tuesday, July 5, 2011

သံမှူးကြီးဦးကျော်ဝင်းသတင်း အမေရိကန်အစိုးရကန့်သတ်

ဦးကျော်ဝင်း

သတင်းလွတ်လပ်ခွင့်အပြည့်အ၀ရှိပါသည်ဆိုသောအမေရိကန်ပြည်ထာင်စုတွင် မြန်မာအကြီးတန်းသံတမန် တစ်ဦးဖြစ်သည့် ဦးကျော်ဝင်း၏ နိုင်ငံရေးခိုလှုံသည့် သတင်းကို နိုင်ငံရေးခိုလှုံခဲ့သည်ဆိုသည့် သတင်းဖေါ်ပြ ချက်နှင့် နောက်ကြောင်းပြန်ဖေါ်ပြချက်များမှလွဲ၍ ဖေါ်ပြခွင့်မရကြောင်းသတင်းရရှိပါသည် ။

ဦးကျော်ဝင်းနဲ့ပတ်သက်ပြီးတွေ့ဆုံမေးမြန်းခြင်း အပါအ၀င် မည်သည့်သတင်းကိုမျှ အစိုးရ၏ ခွင့်ပြုချက်မရမချင်း ထုတ်လွှင့်ချင်းမပြုရန် ကန့်သတ်ထားကြောင်း သိရပါသည်။ ယခုအခါ နိုင်ငံရေး ခိုလှုံခွင့်တောင်းထားသူ သံမှူးကြီးဦးကျော်ဝင်းအား အမေရိကန်အစိုးရမှ ပဏာမ စုံစမ်းမေးမြန်း မှုများ  ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိပါသည် ။


အင်္ဂါနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ လုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုရီယာ နူလန်က ၀ါရှင်တန် မြန်မာသံရုံး သံမှူးကြီး ဦးကျော်ဝင်း အမေရိကန်မှာ ခိုလှုံခွင့် တောင်းခံလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက် တယောက်ရဲ့ အမေးကိုဖြေကြားရာမှာ- “သူ့ဆီကစာ ကျမတို့ လက်ခံရရှိပါတယ်။ သံတမန်ရေး လျှို့ဝှက် ဆက်သွယ်မှုနဲ့ ပတ်သက်လို့ ကျမမှာ တစ်စုံတစ်ရာ ပြောပိုင်ခွင့် မရှိပါဘူး။” ဆိုပြီး ငြင်းဆိုသွားကြောင်းလဲသိရပါတယ် ။

သံမှူးကြီးဟောင်း ဦးကျော်ဝင်းဟာ ၀ါရှင်တန် မြန်မာသံရုံးမှာ တာဝန်ကုန်ဆုံးလို့ မြန်မာနိုင်ငံ ကို ပြန်ရတော့မယ့် အချိန်မှာ ရာထူးကနေ နှုတ်ထွက်ကာ အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Voice Of Myanmar