xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပြည်တွင်းဘဏ်အချို့ ATM ငွေထုတ်စက်များ အသုံးပြုတော့မည်

Saturday, February 19, 2011

ပြည်တွင်းဘဏ်အချို့ ATM ငွေထုတ်စက်များ အသုံးပြုတော့မည်

ပြည်တွင်း ပုဂ္ဂလိက ဘဏ် အချို့တွင် ATM (Automatic Teller Machine) ငွေ ထုတ် စနစ်အား စတင် အသုံးပြုရန် စီစဉ် နေပြီ ဖြစ်ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဘဏ်လုပ် ငန်း အသိုင်းအ၀ိုင်း မှ သိရသည်။ အဆိုပါ ATM ငွေထုတ် စနစ် ဆိုသည်မှာ မိမိတို့၏ လက်ရှိ ငွေပမာဏ အား ATM စက်ရှိရာ နေရာ ဒေသ များတွင် ATM ငွေထုတ် ကတ်ဖြင့် အ လွယ် တကူ ထုတ်ယူ နိုင်သည့် စနစ်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဘဏ်အနေနဲ့ သက်ဆိုင် ရာက ခွင့်ပြုချက် ရတာနဲ့ ၀န်ဆောင်မှု ပေးဖို့ ပြင်ဆင် ထားပါတယ်။ ဒီ ATM စနစ်နဲ့ ပတ်သက်ပြီးတော့ အမေရိကန်၊ စင်ကာပူ နဲ့ တရုတ် နိုင်ငံ တွေမှာလည်း လေ့လာ ပြီးပါပြီ။ ခုချိန် မှာ တခြား ပုဂ္ဂလိက ဘဏ် အချို့ကလည်း ပြင်ဆင် နေပြီ ဆိုတာကိုလည်း သိရ ပါတယ်” ဟု ကမ္ဘောဇ ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြား သည်။
အဆိုပါ ATM ငွေထုတ် စနစ်ကို ယခင်က မြန်မာ မေဖလားဝါး ဘဏ်တွင် အသုံးပြု ခဲ့ဖူး ကြောင်း၊ ၂၀၀၃ ခုနှစ် နောက်ပိုင်း မှစ၍ ပြည် တွင်း ၌ ဘဏ် အကျပ်အတည်းများ ဖြစ်ပွား ခဲ့ ခြင်းကြောင့် အဆိုပါ ATM ငွေထုတ်ကတ် စနစ်မှာ ရပ်ဆိုင်း သွားခဲ့ ခြင်းဖြစ်ကြောင်း ထပ်မံ သိရ သည်။
“ဒီစနစ်ကို သုံးဖို့ နည်းစနစ်တွေ အများ ကြီး လိုအပ် တယ်။ အထူး သဖြင့် အွန်လိုင်း နဲ့ ဆော့ဖ်ဝဲ စနစ် တွေပါ ကောင်းဖို့ လိုတယ်။ “ကျွန် တော်တို့ ဘဏ်အနေ နဲ့လည်း ကြိုတင် ပြင်ဆင် ထား ပြီးပါပြီ” ဟု ATM ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“ATM ငွေထုတ် စနစ် ဆိုတာက ရန်ကုန်ဘဏ် မှာ ထည့်ထားတဲ့ ငွေကို မန္တလေး ဒါမှ မဟုတ် တခြား နယ်ဘက် မှာ ရှိတဲ့ ဘဏ်ကနေ ကိုယ်ပိုင် အကောင့် နဲ့ ထုတ်ယူ နိုင်တဲ့ ငွေထုတ် ကတ် စနစ်ပါပဲ” ဟု ဘဏ် လုပ်ငန်း ကျွမ်းကျင်သူ တစ်ဦးက ထပ်မံ ရှင်းပြသည်။ ထို့အပြင် ယခုလက်ရှိ အချိန်၌ ဘဏ် လုပ်ငန်းများ တိုးပွား လာမှုကြောင့် ပုဂ္ဂလိက ဘဏ် အချို့မှာ credit card နှင့် debit card များကိုပါ အသုံးပြု ရန် ပြင်ဆင် နေပြီ ဖြစ်ကြောင်း ထပ်မံ သိရ သည်။
အဆိုပါ စနစ်များ တွင်လည်း credit card စနစ်မှာ ဘဏ်က customer  အပေါ် တွင် ယုံကြည်မှုဖြင့် သွင်းယူ ထားသည့် ငွေ ပမာဏ ထက် ကျော်လွန် သုံးစွဲ ခွင့်ရှိပြီး သတ် မှတ် ထားသော အချိန် ကာလ တွင် ပြန်ဆပ် ရ သည့် စနစ် ဖြစ်ကြောင်း၊ debit card စနစ်မှာ မိမိ သွင်းထား သည့် စာရင်းရှိ ငွေပမာဏ အ တိုင်း သာ သုံးစွဲခွင့် ရှိသည့် စနစ်ဖြစ်ကြောင်း လည်း သိရသည်။
Credit : Myanmar Post