xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ လာပြီ

Wednesday, February 2, 2011

မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ လာပြီ


နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကဥပဒေအမှတ်(၈/၂၀၁၁)ဖြင့် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေကို၂၀၁၁ခုနှစ်၊ဇန်န၀ါရီ၂၇ရက်ကထုတ်ပြန်လိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည့်
အပေါ် စီးပွားရေးပညာရှင် များက အောက်ပါအတိုင်းသုံးသပ်ပြောကြားလျှက်ရှိကြောင်း သိရပါသည်။
    ''ဒီစီးပွားရေးဇုန် ဥပဒေမူကြမ်းကို ၂၀၀၅-၂၀၀၆ ကတည်းကနေ စတင်ရေးဆွဲ ခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေပေါ်လာတာကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ ကြိုဆို ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုလို မြန်မာ အထူးစီးပွားရေးဇုန်ဥပဒေ  ပေါ်ထွက်လာပြီ ဖြစ်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ယခုထက်ပိုပြီး ၀င်လာနိုင်တယ်။ တိုင်းပြည် ၀င်ငွေလဲ တိုးတက်လာမှာဖြစ်သလို အလုပ် အကိုင်အခွင့်အလမ်းတွေလဲ အများကြီးပေါ် ပေါက်လာမှာဖြစ်တယ်။ နိုင်ငံတကာ အသိ အမှတ်ပြုငွေနဲ့ လုပ်ကိုင်ရမှာဖြစ်တဲ့အတွက် ဒီလုပ်ငန်းရှင်တွေနဲ့ပတ်သက်နေတဲ့ အလုပ် သမားကနေအစ အားလုံး နိုင်ငံခြားငွေတွေ ကို ရရှိကြမှာဖြစ်တဲ့အတွက် တိုင်းပြည်စီးပွား ရေး ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာလိမ့် မယ်လို့ ယုံကြည်ပါတယ်''ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က သုံး သပ်ပြောကြားပါသည်။
ပြည်ပစီးပွားရေးလုပ်ငန်းရှင်များကို သီးသန့် လုပ်ကိုင်ခွင့်ပေးမည့် ပထမဆုံးသော အထူးစီးပွားရေး ဇုန်သုံးဇုန်ကို မြန်မာနိုင်ငံတွင်တည်ဆောက်ရန် စီစဉ် လျက်ရှိခဲ့သည့်အတွက် ယင်းဇုန်ကြီးများတွင်လာရောက် လုပ်ကိုင်မည့်လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြဋ္ဌာန်းနိုင်ရန် စက်မှုဇုန်ဥပဒေတစ်ရပ်ကို စတင်ရေးဆွဲခဲ့ကြောင်း သိရသည်။  
    ''ဒီဥပဒေထွက်လာဖို့မျှော်လင့်နေတာ ကြာပါ ပြီ။ အင်မတန်မှကောင်းပါတယ်''ဟု စီးပွားရေးပညာရှင် ဆရာခင်မောင်ညို(ဘောဂဗေဒ)က ပြောသည်။
    ယင်းဥပဒေတွင် အခန်း၁၂ခန်းပါရှိသည်။ အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း(၂) ရည်ရွယ်ချက်များ၊ အခန်း(၃) အထူးစီးပွားရေးဇုန်၊ အခန်း(၄)  မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၅) ရင်းနှီးမြှုပ်နှံသူ၏ အခွင့်အရေးများ၊ အခန်း(၆) ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏သီးခြားတာဝန်များ၊ အခန်း (၇) မြေအသုံးပြုခြင်း၊ အခန်း(၈) ဘဏ်နှင့်ငွေရေးကြေး ရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း၊ အခန်း(၉) အကောက်ခွန်ဦးစီးဌာနက စီမံခန့်ခွဲခြင်းနှင့် ကုန်ပစ္စည်း များစစ်ဆေးခြင်း၊ အခန်း(၁၀) ကူးစက်ရောဂါရှိမရှိစစ် ဆေးခြင်းနှင့် ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရန် သီးသန့် ထားခြင်း၊ အခန်း(၁၁) အလုပ်သမားရေးရာကိစ္စရပ်များ၊ အခန်း(၁၂) အထွေထွေတို့ဖြစ်သည်။
    အဆိုပါစက်မှုဇုန်များကဲ့သို့  ရန်ကုန်၊ သန်လျင် မြို့နယ်တွင်ရှိသော သီလ၀ါစက်မှုဇုန်ကိုလည်း ဂျပန်နိုင်ငံ နှင့် တရုတ်နိုင်ငံများမှ လုပ်ငန်းရှင်များသည် အခြားနိုင်ငံ များထက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပြည်တွင်းမှစီး ပွားရေးလုပ်ငန်းရှင်များ အဓိကရင်းနှီးမြှုပ်နှံလျက်ရှိသော စက်မှုဇုန်များမှာ ရန်ကုန်အနောက်ပိုင်းခရိုင်တွင် လှိုင် သာယာစက်မှုဇုန် ကိုးဇုန်နှင့် ရွှေပြည်သာစက်မှုဇုန် ခြောက်ဇုန်အပါအ၀င် ခရိုင်အလိုက် စက်မှုဇုန်လေးဇုန် ကို ခွဲခြားလုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံအနှံ့တွင် စက်မှု ဇုန်ကြီး ၁၉ဇုန်တွင် ပြည်တွင်းလုပ်ငန်းရှင်များစွာ ရင်းနှီး မြှုပ်နှံလုပ်ကိုင်လျက်ရှိပါသည်။
    ''ဒီဥပဒေကို နိုင်ငံတကာက ပြဋ္ဌာန်းစေချင် တာ။ ဥပမာဆိုရရင် တရုတ်ပေါ့။ FDI လုပ်ချင်သူတွေ အတွက် အဆင်ပြေသွားတာပေါ့။ ဒီဥပဒေက ပြည်တွင်း လုပ်ငန်းရှင်တွေကို မထိခိုက်နိုင်ပါဘူး။ ယေဘုယျအား ဖြင့် ပြည်တွင်းနဲ့မပတ်သက်ဘူး။ စီးပွားရေးဇုန်ဆိုတော့ အများစုက နထစသမအ အတွက်ပဲလေ။ မြန်မာ့စီးပွားရေး တိုးတက်ဖို့ဆိုတာက သူတို့ Respond လုပ်တဲ့အပေါ် မှာ မူတည်တယ်''ဟု ယင်းက ဆက်လက်ပြောသည်။
     အဆိုပါစီးပွားရေးဇုန်ဥပဒေကို ပြည်တွင်း စက်မှုလုပ်ငန်းရှင်များသာမက မြန်မာနိုင်ငံတွင် လာ ရောက်ရင်းနှီးလုပ်ကိုင်လိုသည့် ပြည်ပနိုင်ငံများမှ စက်မှု လုပ်ငန်းရှင်များကလည်း ဤဥပဒေထုတ်ပြန်မည့်အချိန် ကို စောင့်ဆိုင်းခဲ့ကြကြောင်းသိရသည်။
    ''ဥပဒေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့စက်မှုဇုန်ဇာတာဟာ အရင်နဲ့ လုံးဝမတူတော့ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ အကျိုးကျေးဇူး တွေ သိသာစွာရရှိလာတော့မှာဖြစ်ပါတယ်။ ပထမဆုံး ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ယခင် ထက်ပေါ်လာမယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံပြီးလုပ်ကိုင် လာနိုင်တဲ့အတွက် နည်းပညာတွေရလာမယ်။ မြန်မာ နိုင်ငံရဲ့ အထူးစီးပွားရေးဇုန်တွေရဲ့တိုးတက်မှုက ဒီဥပဒေ ပေါ်မှာ မူတည်နေတာကြောင့် နှစ်ဦးနှစ်ဖက် လုပ်သာ ကိုင်သာနဲ့ ညီညီမျှမျှ အခွင့်အရေးတွေကို မျှဝေခံစားခွင့် ရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့စီးပွားရေးတွေဟာ ယခုထက် ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အတွင်း ရေးမှူး ဒေါက်တာမောင်မောင်လေးကပြောသည်။
    စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာ တင်စိုးကလည်း ''င်္ှီုက လုပ်ချင်သူတွေကတော့ နည်း နည်းတော့ လှုပ်လှုပ်ရွရွဖြစ်သွားတာပေါ့။ ဥပဒေပေါ် မူတည်ပြီး စောင့်ကြည့်သွားရမယ်။ စီးပွားရေးဇုန်တွေ ထပ်ပေါ်လာဖွယ်ရှိတယ်''ဟု မှတ်ချက်ပေးခဲ့သည်။
credit ; Yangon Time