xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ယုတ်မာ ရိုင်းစိုင်းလွန်းသော နတ်ဆိုးများ

Tuesday, February 8, 2011

ယုတ်မာ ရိုင်းစိုင်းလွန်းသော နတ်ဆိုးများ

အခု ရက်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲကြောင့် သတင်းတွေက တစ်နေ့ တစ်မျိုး မရိုးရအောင် အမျိုးမျိုး ထွက်လာ တယ်ဗျာ။ မြန်မာနိုင်ငံရဲ့ သမိုင်း မှတ်တိုင် တစ်ခုဖြစ်တဲ့ လွှတ်တော်အစည်းအဝေး တွေကိုလည်း လက်ရှိ နိုင်ငံတော် အစိုးရက တည်တည်ငြိမ်ငြိမ်နဲ့ ပြည်သူတွေ စိတ်တိုင်းကျ အဆင့်လိုက် အဆင့်လိုက် ကျင်းပသွားတာကို ကမ္ဘာက စောင့်ကြည့်ပြီး ကြိုဆိုတဲ့ နိုင်ငံတွေက ကြိုဆိုလို့ ကြံဖန် အပြစ်တွေ ပြောတဲ့ နိုင်ငံတွေကလည်း ရှိတာပေါ့ဗျာ။

မြန်မာပြည်မှာ အခုလို ပြည်သူတွေ ဆန္ဒကို အစိုးရနဲ့ ပြည်သူ မျှတကြည်ဖြူစွာနဲ့ အကောင်အထည် ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ ခရီးလမ်းအတွက် အဟန့်အတားတွေက နည်းလမ်းရှာပြီး အော်ကြဟစ်ကြ ကြံစည်ကြနဲ့ သတင်းလိမ်တွေ စီမံချက် အရွဲ့အစောင်း တွေနဲ့ တော်တော် ကို့ယိုကားယား နိုင်တာကိုလည်း တွေ့ရသဗျာ။

ရွေးကောက်ပွဲကြီး လုပ်ပြီးနောက် NLD နဲ့ တိုင်းဖျက် ပြည်ဆူ သက်ကြားအို တစ်စုနဲ့ ဒေါ်စုကြည်ကလည်း ဒုတိယ ပင်လုံ ညီလာခံ ခေါင်းစဉ်နဲ့ တိုင်းပြည်ကို အလစ်သုတ်ဖို့ ကြိုးစားလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတင် ဘယ်ကမလဲ အမေရိကန် အပါအ၀င် အနောက် အင်အားကြီး နိုင်ငံတွေက ဒေါ်စုကြည်တို့ စတင် တောင်းဆိုပြီး ပိတ်ပါ ပိတ်ပါလို့ အော်ခဲ့တဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေဟာ ပြည်သူတွေကို ထိခိုက်နစ်နာတာ ပြည်သူတွေက မြင်သိပြီး ထောက်ပြလာတဲ့ အခါ နိုင်ငံတကာက လက်ညိုးထိုးလာတော့ ဒေါ်စုကြည်က ဘာပြောသလဲဆိုတော့ ပြည်သူကို တကယ် ထိခိုက် နစ်နာ စေတယ်ဆိုရင် စီးပွားရေး ပိတ်ဆို့မှုတွေအပေါ် ပြန်လည် သုံးသပ်ပါမယ်လို့ ဆိုခဲ့တယ်။

တကယ်တော့ ဒေါ်စုကြည်တို့ NLD ရဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့ မြန်မာစကားမှာ ပြောပြောနေတဲ့ မင်းသားကြီး မလုပ်ရ ပတ်မကြီးထိုးခွဲ ဆိုသလိုပါပဲ။ ယနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ မြန်မာ ပြည်သူတွေရဲ့ စိတ်ဓာတ်ဟာ လွန်ခဲ့တဲ့ ၁၉၈၈ လောက်တုန်းက အတွေးအမြင် အသိတွေလောက် မဟုတ်တော့ဘူး ဆိုတာကို ဒေါ်စုကြည်တို့ သိသင့်ပါတယ်။ နောက်တစ်ချက်က ဒေါ်စုကြည်တို့အနေနဲ့ Hero လုပ်ရရင်ပြီးရော ပြောလိုက်တဲ့ တောင်းဆိုလိုက်တဲ့ အခြေအနေတွေ ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ရေနစ်သူ ၀ါးကူထိုးသလို ဖြစ်နေတယ်ဆိုတဲ့ အခြေခံ အကြောင်းတရားကို လျစ်လျူရှုနေ သလိုပါပဲ။ ဘာကြောင့် ဒီလို လုပ်နိုင်သလဲ။ ပြောနိုင်သလဲ။ အဖြေက အရှင်းကြီးပါ။ တိုင်းပြည်နဲ့ နိုင်ငံသားတွေ ဖြစ်ချင်ရာ ဖြစ် ငါတို့ ပါတီ ရပ်တည်နေရင်ပြီးရော။ ငါတို့ ထင်ပေါ်နေရင် ပြီးရော ဆိုတဲ့ စိတ်ဓာတ် အရင်းခံကြောင့် ဆိုတာ အလွန် ထင်ရှားနေပါတယ်။


ဒါကြောင့်လည်း အခုရက်ပိုင်း ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှာ အက်စစ် ဆိုတဲ့ သကောင့်သားက ဒေါ်စုကြည်တို့ကို အံကျိတ်ပြီး ဒေါသူပုန် ထပြခဲ့တာပါ။ အက်စစ်နဲ့ ဒေါက်တာလွဏ်းဆွေတို့ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ တူနီးရှားတို့ အီဂျစ်တို့လို ဖြစ်အောင် ဒေါ်စုကြည်ကို သွေးထိုးတဲ့ နည်းဗျူဟာပေါ့ဗျာ။ ဒါကို သေသေချာချာ မသိတဲ့ ရဲဘော်ကျော်သန်းဆိုတဲ့ ဗကပ တရှူးထိုး သမားက ဒေါက်တာလွဏ်းဆွေကို လေပြေနဲ့ အပြစ်တင်ပြီး နိုင်ငံရေး ဇာတ်ကွက်ထဲ ၀င်ကခဲ့ သေးတာပါ။ အဲဒီမှာ ရှုပ်ကုန်တော့တာပဲ။

အဲဒီလို အခြေအနေတွေမှာ ဒေါ်စုကြည်တို့ NLD လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိပဲ ကောက်ကာငင်ကာ နာမည်ပါပြီး ရောဆိုပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိရေး ကြေညာချက် ထုတ်ပြန်ခဲ့တော့ တာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်စုကြည်တို့ရဲ့ စီးပွားရေး ပိတ်ဆို့မှု ဆက်လက်ထားရှိရေး ကြေညာချက်ဟာ အမှန်တကယ်ကိုပဲ မြန်မာပြည်သူတွေကို ထိခိုက်စေတယ် နစ်နာစေတယ်ဆိုတာ အထင်းသားကြီးပါဗျာ။

ဒါကို သိသိရက်နဲ့ သူတို့လုပ်ကွက်ကို ပြချင်တာ တစ်ခုတည်းနဲ့ တိုင်းပြည်နဲ့ နိုင်ငံသားတွေ အပေါ် မငဲ့တတ်တဲ့ ဒေါ်စုကြည်တို့ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကတော့ တကယ့် စိတ်ပျက်စရာပါပဲ။ နောက်တစ်ချက်က ဒေါ်စုကြည်တို့ ဒီလို စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လက် ထားရှိရေး ထုတ်ပြန်စေဖို့ ပြည်ပရောက်နေတဲ့ ဒေါက်တာလွဏ်းဆွေတို့လို ရဲဘော်ကျော်သန်းတို့လို ပြည်ပြေးတွေကလည်း မြှောက်ထိုး ပင့်ကော် လုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒီပြည်ပြေးတွေရဲ့ နှပ်ကြောင်းပေး သတင်းတွေကို အဟုတ်မှတ်ပြီး လုပ်ဇာတ်တွေကို တစ်ခန်းပြီး တစ်ခန်း ကပြတတ်တဲ့ ဒေါ်စုကြည်ရဲ့ စရိုက်ကတော့ မြန်မာပြည်ကို ပြန်ရောက်လာကတည်းက ယနေ့ထိတိုင်အောင်ပါပဲ။

ဒေါ်စုကြည် ဘ၀ကလည်း နိုဘယ်ဆုပေးပြီး အခိုင်းခံရလိုက်၊ ပြည်ပြေးတွေရဲ့ နှပ်ကြောင်းပေး မြှောက်ပင့်မှု သတင်း ကွန်ယက်ထဲမှာ ကပြ ဖျော်ဖြေ အသုံးတော် ခံရလိုက်၊ သူမ အနီးအနားက သက်ကြားအိုတွေရဲ့ ဆရာကြီးလုပ် အခါတော် အပေးခံရလိုက်နဲ့ အဲဒီသံသရာမှာ နစ်မျှောရင်း မြန်မာပြည်သူတွေကို နှစ်ပေါင်း ၂၀ ကျော်ကြာအောင် ဒုက္ခတွေ အလီလီ ဆက်ပေး နေတယ်ဆိုတာ သူမကိုယ်တိုင် သူမ မသိ ဖြစ်နေတာလား။ ဒါမှ မဟုတ် သိသိကြီးနဲ့ ဇွတ်မိုက်နေတာလား ဆိုတာ မြန်မာပြည်သူတွေ အတွက် တကယ် မေးခွန်းထုတ်စရာပါ။

အခုလည်း ဒီစီးပွားရေး ပိတ်ဆို့မှု ဇာတ်လမ်းဟာ သူမ စခဲ့တဲ့ ဇာတ်လမ်း ဖြစ်လေတော့ သူမအနေနဲ့ ပြည်သူတွေကို ငဲ့ကွက်ပြီး အခုမှ ရုတ်သိမ်းလိုက်ရင် တစ်နည်းအားဖြင့် စီးပွားရေး ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးပါလို့ တောင်းဆို လိုက်ရင် သူမနဲ့ NLD သိက္ခာ ကျဆင်းပြီး နိုင်ငံရေး နယ်ပယ်မှာ အရှုံးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သူမဘေးက သက်ကြားအိုတွေရဲ့ စကားအပေါ် နားယောင်ပြီး တိုင်းပြည် ပျက်ချင်ပျက် ပြည်သူတွေ ငတ်ချင်ငတ် သေချင်သေ ငါတို့က တော့ ဆက်ပြီး ပိတ်ဆို့ရေးကိုသာ လုပ်မှာပဲ ဆိုပြီး ဇွတ်အတင်း လုပ်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်စုကြည်နဲ့ NLD ကဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အလွန် ယုတ်မာ ရိုင်းစိုင်းလွန်းသော နတ်ဆိုးတွေသာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မင်းချင်း
Credit : ကျေးစေတမန်
စီးပွားရေးပိတ်ဆို့မှုပြည်သူတွေကို ထိခိုက်မှုရှိမရှိ ပြန်ဖတ်ချင်ရင်