xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပိတ်ဆို့မှု ရုပ်သိမ်းရန် မစ္စတာရာဇာလီ တောင်းဆို

Friday, February 25, 2011

ပိတ်ဆို့မှု ရုပ်သိမ်းရန် မစ္စတာရာဇာလီ တောင်းဆို

မြန်မာနိုင်ငံအပေါ် အမေရိကန် အပါအ၀င် ဥရောပနှင့် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟောင်း မစ္စတာ ရာဇာလီ အစ္စမေးလ် က တောင်းဆိုလိုက်သည်။ စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် သဘောမတူကြောင်း၊ မြန်မာနိုင်ငံ အနေ နှင့် စတင် ဖွံ့ဖြိုးကြီးပွားသင့်ပြီဟု ရာဇာလီ က ပြောဆို ကြောင်း၊ ယင်းတို့ကို Rediscovering Mediation in the 21st Century ခေါင်းစဉ်ဖြင့် ကျင်းပသော ညီလာခံတခုတွင် ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။ ၄င်းကဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုး တိုးတက်ရန် အချိန်တန်ပြီဖြစ်ကြောင်း ယခုကဲ့သို့ပိတ်ဆို့မှုမျိုး အစတည်းက မဆောင်ရွက်ခဲ့ပါက မြန်မာ အစိုးရ အနေဖြင့်လည်း ယခုလောက် သဘောထားတင်းမာမှုမျိုး တွေ့ရမှာမဟုတ်ကြောင်းေ ပြာကြားသွားခဲ့ပါသည်။