xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လာမည့်နွေရာသီ တွင် ယခင်နှစ် ကထက် လျှပ်စစ် ဓာတ်အား တိုးမြင့် ရရှိမည်

Tuesday, February 8, 2011

လာမည့်နွေရာသီ တွင် ယခင်နှစ် ကထက် လျှပ်စစ် ဓာတ်အား တိုးမြင့် ရရှိမည်


လာမည့် နွေရာသီ တွင် ယခင် နှစ် နွေရာသီ ကထက် လျှပ်စစ် ဓာတ် အား တိုးမြင့် ရရှိမည့် ဖြစ်ကြောင်း၊ လာမည့် တစ်လ၊ နှစ်လ အတွင်း လျှပ် စစ် ဓာတ်အား ယခု အတိုင်း ဖြန့်ဝေ ပေးသွား မည်ဖြစ်ပြီး အချိန်ပိုင်း အ လှည့်ကျ စနစ်ဖြင့် လျှပ်စစ် ဓာတ်အား ပေးဝေရန် မရှိ သေးကြောင်း ရန်ကုန် မြို့တော် လျှပ်စစ ဓာတ်အား ပေးဝေ ရေးအဖွဲ့မှ သိရသည်။
“ရေအား လျှပ်စစ် တိုးတာရယ်၊ သဘာဝ ဓာတ်ငွေ့အပြည့် အ၀ ရတာ ရယ် တို့ကြောင့် လာမယ့် တစ်လ၊ နှစ်လ အတွင်း အခုအတိုင်း ပဲ လျှပ် စစ် ဓာတ်အား ပေးသွားမယ်။ စက်မှု ဇုန် တွေကိုလည်း ညဦးပိုင်း အများ ပြည်သူ အပန်းဖြေတဲ့ အချိန် ကလွဲလို့ တစ်ရက်ကို နာရီ ၂၀ လောက် လျှပ်စစ် ဓာတ်အား ပေးဝေ သွားမှာပါ။  လျှပ်စစ် ၀န်ထမ်း တွေ အနေနဲ့ ဓာတ် အား ကို စဉ်ဆက် မပြတ် ပေးနိုင်အောင် စီစဉ် နေပါ တယ်။ အခိုက် အတန့် စက်ချွတ်ယွင်း လို့ ဥပမာ ထရန် စဖော်မာ ပျက်တာတို့၊ မြေအောက် ကြိုးတွေ ပေါက်သွား တာတို့ စတဲ့အ ချက် တွေကြောင့် မီးပျက် ရင်လည်း အမြန်ဆုံး ပေးနိုင်အောင် ကြိုးစား သွား မှာပါ။ ဘယ်နေရာ မှာမှ တစ် ရက်လုံး မီးပျက် သွားတယ်လို့ မရှိ ရအောင် ဆောင်ရွက် ပါတယ်။ ပြီးခဲ့ တဲ့ လက ၃၅ လမ်းမှာ စက်ချို့ယွင်း ပြီး မီးပျက် တာကို မိုဘိုင်း ဓာတ်အား ပေးစက် ချပြီး လမ်းထဲ နေတဲ့ သူတွေ ရေတင် နိုင်အောင် လျှပ်စစ်ဓာတ် အား ပေးခဲ့ ပါသေးတယ်” ဟု ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အားပေး ဝေရေး အဖွဲ့မှ ၀န်ထမ်း တစ်ဦးက ဆိုသည်။
မင်္ဂလာ တောင်ညွန့် မြို့နယ် အ တွင်း နေထိုင်သူတစ်ဦးက “အခု အ တော အတွင်း ကျွန်မတို့ ဘက်မှာ မီး မှန်မှန် လာတယ်။ ပျက်ရင် လည်း ခဏပဲ၊ သိပ်မကြာဘူး၊ ပြန်လာ တယ်။ ပြီးခဲ့တဲ့ ၂၀၁၀ နွေဦး ကာလ ဒီလို အချိန်ဆို ကျွန်မတို့ ဆီမှာ မီး အလှည့် ကျနဲ့ တစ်ရက် ကို နှစ်ကြိမ် ပေးတယ်” ဟုဆိုသည်။
ထွန်းလင်း
မြန်မာပို့စ်