xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံးအပါအ၀င် အအောက်အဦ ၅လုံး ရှေးမူမပျက် ပြုပြင်

Saturday, February 19, 2011

ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံးအပါအ၀င် အအောက်အဦ ၅လုံး ရှေးမူမပျက် ပြုပြင်

ရန်ကုန်မြို့တော်ရှိ ဝန်ကြီးများ ရုံးအပါအဝင် ရှေးဟောင်းအဆောက် အအုံ ၅ လုံးအား ရှေးမူမပျက် ပြင် ဆင်နေပြီဖြစ်ကြောင်းမြို့ရွာနှင့် အိုး အိမ်ဦးစီးဌာနမှ သိရသည်။ ရှေးဟောင်းအဆောက်အအုံ များဖြစ် သော ဝန်ကြီးများရုံး (သိမ် ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်) မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ရုံး (စွမ်းအင်ဝန်ကြီးဌာန)၊ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ဟိုတယ်နှင့် ခရီးသွား လာ ရေး ဝန်ကြီး ဌာနရုံး(ဆူးလေဘုရားလမ်း၊ ကျောက်  တံတားမြို့နယ်)၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး (မဟာဗန္ဓုလ လမ်း၊ ကျောက်တံတား မြို့နယ်)နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရုံး (ဗိုလ် ဆွန်ပက်လမ်း၊ ပန်းဘဲ တန်းမြို့နယ်) တို့အား မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနနှင့် မြန်မာ နိုင်ငံ အင်ဂျင်နီယာများအသင်း တို့ ကြီးကြပ်၍ ဆောက်လုပ်ရေး ကုမ္ပဏီငါးခုမှ ပြုပြင် နေကြောင်း အိုး အိမ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။”
အစီအစဉ်က ဇန်နဝါရီလ ကတည်းက လုပ်တာပါ။ ဗိသုကာ အသင်း အပါအဝင် ပြည်သူ့ဆောက် လုပ်ရေး၊ အိုးအိမ် ဦးစီးဌာန၊ ရှေး ဟောင်းသုတေသနနဲ့ အထပ်မြင့် အဆောက်အအုံ အရည်အသွေးကြီး ကြပ်ရေး အဖွဲ့ကပညာရှင်တွေပေါင်း ပြီးကော်မတီဖွဲ့လိုက်တယ်။ ပြီးတော့ နည်းပညာ ပိုင်းဆိုင်ရာတွေကို လေ့ လာပြီး တွေ့ရှိချက် တွေနဲ့ အကြံ ဥာဏ်တွေ ပေါင်းစည်းပြီး စပြီးပြင် ဆင်ကြတယ်။ အဓိက ကတော့ ရှေးဟောင်း အဆောက် အအုံ တွေကို ရှေးမူမပျက်ဘဲ ရေရှည် တည်တံ့ ခိုင်မြဲ ဖို့ပါ”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။”ဝန်ကြီးများရုံးဆိုရင် နှစ်ပေါင်း တစ်ရာ မကတော့ဘူး။ အင်္ဂလိပ် ခေတ်ကတည်းက ရှိခဲ့တာဆိုတော့ တော်တော်ကို ပြုပြင်ရမယ်။ အဲဒီ အဆောက်အအုံဟာ အလယ် ပိုင်းမှာ စိမ့်ဝင်နေတာကို နည်းပညာပိုင်း တွေ နဲ့ နှိုင်းဆပြီး ပြုပြင်ရမယ်။ ဟို တုန်းက သံတိုင်တွေကို အုတ်နဲ့ရံပြီး ဆောက်ထားတာ။ ကြာလာတော့ အုတ်တွေကနေ ရေစိမ့်ဝင်ပြီး သံတွေ က သံချေး တက် လာတယ်။ အဆောက်အအုံနှစ်လုံးက ပျက်စီးမှု များတာကို တွေ့ရတယ်။ ဒါကြောင့် ထိန်းသိမ်းမွမ်းမံဖို့အပိုင်းတွေကို အိုးအိမ်ဦးစီးဌာနနဲ့ ပူးပေါင်းပြီး လုပ်ဆောင် ခွင့်ရမှာပါ”ဟု အထက် ပါပုဂ္ဂိုလ်က ဆိုသည်။ လက်ရှိ တွင် ရန်ကုန်မြို့တော် အတွင်း၌ ရှေးဟောင်းအဆောက်အ အုံ ၂ဝဝ ကျော်ရှိပြီး ပို၍ရှေးကျ သော အဆောက်အအုံ ကြီးများကို အဓိက ထားပြင်ဆင် လာပြီဖြစ်ကြောင်း အိုးအိမ်ဦးစီးဌာနမှ သိရသည်။”အသက်အရွယ် ကြီးလာတဲ့ လူကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြရ သလို ရှေးကျတဲ့ အဆောက်အအုံ တွေကိုလည်း နားလည်ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ပေါင်းပြီးလုပ်မှအဆင် ပြေမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံက အင်ဂျင်နီယာ အသင်းက ပညာရှင် တွေနဲ့တိုင်ပင်ပြီးလုပ်ရတာဖြစ်တယ်” ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးကဆို သည်။
Credit : ပေါ်ပြူလာ