xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ့ရွှေ့ပြောင်းလုပ်သားများပြန်မည်ကို ထိုင်း စိုးရိမ်

Tuesday, February 8, 2011

မြန်မာ့ရွှေ့ပြောင်းလုပ်သားများပြန်မည်ကို ထိုင်း စိုးရိမ်

မြန်မာလုပ်သားများ

အလုပ် သမား ထောင်ပေါင်း များစွာ လိုအပ်မည်ဟု ဆိုထားသော ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်ရန် ထိုင်းနိုင်ငံ ရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ပြည်တော် ပြန်ကြမည်ကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူ အချို့က စိုးရိမ်နေကြောင်း ဘန်ကောက်မြို့တော် အခြေစိုက် မြန်မာ စီးပွားရေး သုတေသီ အချို့က The Voice Weekly သို့ ပြောကြားသည်။
ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ဇန်န၀ါရီလ ဒုတိယပတ်တွင်း က ကျင်းပခဲ့သော Internattional Migration in Thailand and Southeast Asiaး Policies and Practices ခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲသို့တက်ရောက်လာသော ထိုင်းအစိုးရအရာရှိများ၊ ရွှေ့ပြောင်း လုပ်သားဆိုင်ရာ ပညာရှင်များက ထိုစိုးရိမ် ချက်ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ထိုင်းနိုင်ငံမှ ပြည်တွင်းစုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၅ ရာခိုင် နှုန်းမှ ၇ ရာခိုင်နှုန်းမှာ ဦးရေ နှစ်သန်း ကျော်သော ရွှေ့ပြောင်းလုပ်သမား များ၏ ထုတ်လုပ်မှုတန်ဖိုးဖြစ်နေရာ ယင်းရွှေ့ပြောင်းအလုပ်သမားများ ပြန် လည်ထွက်ခွာသွားခြင်းဖြင့် ထိုင်း စီးပွားရေးကို တစ်စုံတစ်ရာရိုက်ခတ်မှု ရှိနိုင်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

အသေးစား၊ အလတ်စားနှင့် အကြီး စားစက်မှုလုပ်ငန်းများပါဝင်သော ထားဝယ် အထူးစီးပွားရေးဇုန်တွင် အလုပ် အကိုင် ရရှိရန် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားအချို့က မျှော်လင့်နေသော် လည်း ပြည်တော်ပြန်ခြင်း၊ မပြန်ခြင်းနှင့် ပတ်သက်၍ ပြောဆိုရန် စောနေသေး ကြောင်း ရွှေ့ပြောင်းလုပ်သားအချို့က The Voice Weekly သို့ ပြောကြားသည်။
“အခုတော့ ဒီမှာ ပြောနေကြတာ တော့ရှိတယ်။ ဟိုဘက်မှာ သေချာမှပဲ ပြန်လုပ်မယ်၊ မလုပ်ဘူးဆိုတာ ပြောနိုင် မှာပါ” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီး မဟာချိုင်တွင် အလုပ်လုပ်ကိုင်နေ သော ထားဝယ်ဒေသခံမြန်မာအလုပ် သမားတစ်ဦးက တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။ ထားဝယ်စီမံကိန်းအတွက် အလုပ် သမားများ ကျယ်ကျယ်ပြန့်ပြန့်ခေါ်ယူ ခြင်းမရှိသေးဘဲ စီမံကိန်းအနီးရှိ ကျေး ရွာများမှ အလုပ်ကြမ်းလုပ်သူအချို့ကို သာ ခေါ်ယူလုပ်ကိုင်နေကြောင်း ထား ၀ယ်စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ယခုလဆန်းပိုင်းတွင် The Voice Weekly သို့ ပြောကြားသည်။
“အနည်းဆုံးတစ်ရက်ကို ကျပ် ၃၀၀၀ ပေးပါတယ်” ဟု လက်ရှိလုပ်အားခ နှင့်ပတ်သက်၍ ၎င်းက ရှင်းပြသည်။ စီမံကိန်းအတွက် အလုပ်ကြမ်း လုပ်သူအချို့အပါအ၀င် အင်ဂျင်နီယာ အချို့ကိုပါ ခေါ်ယူနေပြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ထိန်ကြီးကျေးရွာအနီး အခြေစိုက်သော စီမံကိန်းရုံးတွင် သွားရောက်လျှောက်ထားရကြောင်း အလုပ်ရရှိခဲ့သော မြို့ပြအင်ဂျင်နီယာ ဘွဲ့ရ ထားဝယ်မြို့ခံလူငယ်တစ်ဦးက The Voice Weekly သို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က ပြောကြားသည်။ “အခု သုံးလအလုပ်သင်ကာလမှာ လစာတစ်သိန်းခွဲရမယ်။
နေစရိတ်၊ စား စရိတ်ငြိမ်း၊ အ၀တ်လည်းလျှော်စရာ မလိုဘူး။ ဖေဖော်ဝါရီ ၁ ရက်နေ့ အလုပ် စ၀င်ရမယ်” ဟု ၎င်းကဆိုသည်။ အင်ဂျင်နီယာကဲ့သို့သော အလုပ် အကိုင်များအတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်သော်လည်း အလုပ်ကြမ်းသမားများ အတွက်မူ တစ်ရက်လုပ်အားခ အခြေခံနှုန်း ၃၀၀၀ မှ ၃၅၀၀ ကျပ်မှာ နည်းလွန်းကြောင်း ထားဝယ်မြို့ခံအချို့က ဆိုကြသည်။ “ဒီမှာက သာမန်အလုပ်ကြမ်း သမားတစ်ယောက်တောင် ၄၀၀၀ ကနေ ၄၅၀၀ (တစ်ရက်လုပ်အားခ) ရှိတယ်” ဟု မြို့ခံလက်ဖက်ရည်ဆိုင်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးဆက် လက်တိုးတက်နေမည်ဖြစ်ရာ အလုပ်သမား လိုအပ်ချက်ပိုမိုမြင့်တက်နေမည်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အခြေခံအလုပ်သမား တစ်သိန်းခွဲခန့်နှင့် ၂၀၁၂ ခုနှစ်တွင် အခြေခံအလုပ်သမား တစ်သိန်းခွဲကျော် ထပ်မံလိုအပ်ဦးမည်ဖြစ်ကြောင်း International Migration in Thailand and Southeast Asia:Policies and Practices ဆွေးနွေးပွဲတွင် တက်ရောက် ဆွေးနွေး ခဲ့သော ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေး နှင့် လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ (NESDB) ၏ လက်ထောက်အထွေထွေအတွင်း ရေးမှူးချုပ် Dr. Porametee Vimolsivi ၏ စာတမ်းတွင် ဖော်ပြထားသည်။
“ထိုင်းနိုင်ငံသားတွေ မလုပ်ချင် တဲ့ ငါးလုပ်ငန်းတို့၊ ဆောက်လုပ်ရေးတို့ လိုမျိုး အခြေခံအလုပ်အကိုင်တွေအတွက် ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမား ပိုမိုလိုအပ် လာနိုင်ပါတယ်” ဟု ချူလာလောင်ကွန်း တက္ကသိုလ်ရှိ Institute of Security and International Studies (ISIS) မှ ဒါရိုက်တာ Thitinan Pongsudhivak ၏ ပြောဆိုချက် ကို ဇန်န၀ါရီလ ၁၃ ရက်နေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြထားသည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ စာရင်း ဇယားများအရ ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ တရားမ၀င် လုပ်သား ၁ ဒသမ ၃ သန်းကျော်ရှိမည် ဟု ထိုင်းအစိုးရက ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံရှိ အကြီးဆုံးဆောက် လုပ်ရေးကုမ္ပဏီဖြစ်သော Italian-Thai ကုမ္ပဏီသည် ကုန်သွယ်ရေကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါ လာမည်ဆိုသော ထားဝယ်ရေနက်ဆိပ် ကမ်းနှင့် စီးပွားရေးဇုန်ပထမအဆင့်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိလာမည်ဖြစ်သည်။
ခွန်းသုsamp  
The Voice Weekly