xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒုတိယ သမ္မတလောင်းများ ပဏာမရွေးချယ်

Wednesday, February 2, 2011

ဒုတိယ သမ္မတလောင်းများ ပဏာမရွေးချယ်




သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် ခန်းမ၌ ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဒုတိယ သမ္မတလောင်းများကို အဆိုပြု တင်သွင်းခဲ့ကြ သည်။
ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၏ ဒုတိယသမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြီးကြပ်ကွပ်ကဲ၍ လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။
ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် ဒုတိယ သမ္မတလောင်းများ အဆိုပြုရန်အတွက် အဆိုပြုလွှာ ပုံစံ(၁)ကို လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံမှ ထုတ်ယူကြသည်။
ယင်းနောက် အဆိုပြုပြီး ထောက်ခံသော ဒုတိယသမ္မတလောင်းနှင့် သက်ဆိုင်သည့် အချက်အလက်များ ဖော်ပြထားသည့် အဆိုပြုလွှာ ပုံစံ(၁)ကို အခမ်းအနားမှူးမှ တစ်ဆင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြကြသည်။
ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းကြရာ၌ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)မှ ဒေါက်တာ စိုင်းမောက်ခမ်း (ခ) မောင်အုန်းကို မဲဆန္ဒနယ် အမှတ် (၁၁)မှ ဦးအောင်ထွန်းက အဆိုတင်သွင်းပြီး ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ဦးကျော်ဒင် (ခ) ဦးထေးရယ်က ထောက်ခံ၍ လည်းကောင်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာ စိုင်းမောက်ခမ်း(ခ) မောင်အုန်းကို ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးဆိုင်ပေါင်းနပ် က အဆိုတင်သွင်းပြီး ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးနေဝင်းထွန်းက ထောက်ခံ၍ လည်းကောင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာ အေးမောင်ကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာ မြတ်ဉာဏစိုးက အဆိုတင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဖုန်းမြင့်အောင်က ထောက်ခံ၍ လည်းကောင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာအေးမောင်ကို
ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးစိုင်းသန့်ဇင်နှင့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးမင်းမျိုးတင့်လွင်တို့က အဆိုတင်သွင်းပြီး ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးပေါလ်ထန်ထိုင်းက ထောက်ခံ၍ လည်းကောင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာ အေးမောင်ကို မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးနိုင်ထွန်းအုံနှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးကျော်သိန်း တို့က အဆိုတင်သွင်းပြီး မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဗညားအောင်မိုးက ထောက်ခံ၍ လည်းကောင်း အသီးသီးတင်သွင်းကြသည်။

ယနေ့ အမည်စာရင်း တင်သွင်းခံရသော ဒုတိယသမ္မတလောင်း (၂)ဦးမှာ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာ စိုင်းမောက်ခမ်း (ခ) မောင်အုန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာအေးမောင်တို့ဖြစ်သည်။
ထို့နောက် ဒုတိယသမ္မတလောင်း အဆိုပြုလွှာများကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က စိစစ်နိုင်ရန်နှင့် ဒုတိယ သမ္မတလောင်း အမည်စာရင်းကို ပြုစုနိုင်ရန် အစုအဖွဲ့ အစည်းအဝေးကို တစ်ရက် ရပ်နားခဲ့ကြောင်း သိရှိရသည်။