xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပကတိအခြေအနေမှန်ကို မြင်တတ်ကြပါ

Saturday, February 5, 2011

ပကတိအခြေအနေမှန်ကို မြင်တတ်ကြပါ


 Universal Periodic Review Working Group ရဲ့ (၁၀)ကြိမ်မြောက် အစည်းအဝေး ကျင်းပနေစဉ်

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ လူ့အခွင့် အရေးကောင်စီ Universal Periodic Review Working Group ရဲ့ (၁၀)ကြိမ်မြောက် အစည်းအဝေး ကျင်းပခဲ့ ပါတယ်။ အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး ဆိုင်ရာ အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတွေအပေါ် ဇန်န၀ါရီလ ၂၇ ရက်နေ့မှ ဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြ ပါတယ်။
ဒီလို မြန်မာနိုင်ငံအပေါ်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရာမှာ အချို့အချို့သော နိုင်ငံတွေဟာ နိုင်ငံကြီးသား မပီသစွာနဲ့ မြန်မာနိုင်ငံအပေါ်မှာ သွေးတိုးစမ်း ဖိနှိပ်လိုတဲ့ သဘောနဲ့ ပြောဆို မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ ဒီလိုအခြေအနေတွေကို ကြုံလာရတဲ့အခါမှာ မြန်မာကိုယ်စားလှယ် အဖွဲ့အနေနဲ့ မြန်မာ့ဂုဏ်သိက္ခာ မြန်မာနိုင်ငံရဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်တွေကို အတိ အလင်း ပြသနိုင်ခဲ့ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအ၀န်းမှာ ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားတဲ့ မူဘောင် စည်းမျဉ်း စည်းကမ်း တွေကို အတိအကျ လိုက်နာ ကျင့်သုံးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ယခုအစည်းအဝေးမှာလည်း သတ်မှတ် ထားတဲ့ စည်းကမ်း ဘောင်တွေကို ကျော်လွန်ပြီး မြန်မာနိုင်ငံအပေါ် သုံးနှုန်းတဲ့စကားလုံးတွေ မေးမြန်းတဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေအပေါ်မှာ မြန်မာ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ တိတိကျကျ ပြတ်ပြတ်သားသား အချက်အလက် သေသပ်စွာနဲ့ တုန့်ပြန် ချေပနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒုတိယရှေ့နေချုပ် ဒေါက်တာထွန်းရှင်ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး ကိစ္စများနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အ၀န်းမှာ နားလည်မှု လွဲမှားနေတာ နှစ်ပေါင်း အလွန်ကြာမြင့်နေပြီ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်တွေကိုလည်း တရားဝင် ရှင်းပြနိုင်ခဲ့ပါတယ်။ ဒါကို ပြည်ပရောက် ဆန့်ကျင်ဘက် အဖွဲ့အစည်း တွေက ကိုယ့်နိုင်ငံသိက္ခာကျအောင် ထင်ရာတွေ ရေးသား ၀ါဒဖြန့်ပြီး မြန်မာနိုင်ငံကို ကမ္ဘာ့အလည်မှာ အရှက်ရစေမယ့် သတင်းတွေကို ထုတ်လွှင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တစ်ချို့သတင်းဌာနတွေဆိုရင် ဒုတိယရှေ့နေချုပ် ဒေါက်တာထွန်းရှင်ရဲ့ နာမည်ကိုတောင် မှန်အောင် မရေးနိုင် မပြောနိုင်ပါဘူး။ အဲဒီလို သတင်းဌာနတွေ က မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး အခြေအနေကို ဘယ်လိုများ မှန်အောင် မျှတအောင် ရှုမြင် သုံးသပ်နိုင် မှာလဲ။ ဒါဟာ ကလေးတောင် နားလည်နိုင်တဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်။
နိုင်ငံတွေရဲ့ အကြံပြုချက်ပေါင်း ၁၉၀ ကျော် ပါဝင်တဲ့ အစီရင်ခံစာကို မြန်မာ့အရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကနေ ဇန်န၀ါရီ ၃၁ ရက်နေ့က အတည်ပြု လိုက်ပါတယ်။ ဒီအကြံပြုချက် တွေထဲမှာ မြန်မာနိုင်ငံ အစိုးရဘက်က လက်ခံတာတွေ ပါသလို ငြင်းပယ်မှု တွေလည်း ရှိပါတယ်။ ဒီလို ငြင်းပယ်တဲ့ အချက်တွေကို ကြည့်ရင် မြန်မာနိုင်ငံ အစိုးရဟာ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်နေတယ် ဆိုတာ ပေါ်လွင် နေတယ်လို့ ပြည်ပရောက် လုပ်စား နိုင်ငံရေးသမား တွေက ဝေဖန်ပါတယ်။
ဂျနီဗာမြို့က လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတွေရဲ့ အကြံပြုချက်တွေကို မြန်မာ့အရေး ဆွေးနွေးတဲ့ လုပ်ငန်းအဖွဲ့ အစည်းအဝေးကနေ အတည်ပြုလိုက်တဲ့ အကြံပြုချက်ပေါင်း ၁၉၀ ကျော်မှာ အချို့အချက် တွေကို မြန်မာနိုင်ငံအစိုးရအနေနဲ့ ထောက်ခံခဲ့ပြီး အချို့အချက်တွေကိုတော့ ပယ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အနောက်နိုင်ငံအချို့က သတင်းဌာတွေနဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေဖြစ်ပြီး မြန်မာနိုင်ငံ မကောင်း ကြောင်းပြောမှ ထမင်းစားရ ထမင်းဝနေကြတဲ့ အဖွဲ့တွေကတော့ မြန်မာနိုင်ငံအခြေအနေနဲ့ လိုက်လျောညီထွေ မဖြစ်လို့ ပယ်ချခဲ့တာတွေကို အပြုသဘောက သတင်းထုတ်ပြန်ခြင်း မရှိဘဲ မြန်မာအစိုးရကပဲ တမင် ပယ်ချတဲ့ ပုံစံမျိုးဖြစ်အောင် ရေးသား ထုတ်လွှင့်ခဲ့ ကြတာကို တွေ့မြင်ကြား သိကြရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်မှုတွေကို ဒေသတွင်း နိုင်ငံများက နားလည် လက်ခံနေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇန်န၀ါရီလ ၁၆ရက်နေ့က အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ အလွတ်သဘော အစည်းအဝေးနဲ့ အာဆီယံညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွေက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပါအ၀င် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိနေပြီဖြစ်လို့ ဒီတိုးတက်မှုတွေကို တုံ့ပြန်သောအနေနဲ့ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းသင့်တယ်လို့ ဆွေးနွေးသွားကြတာကို တွေ့မြင်ကြားသိကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းတွေကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာ စံနှုန်းများနဲ့ အညီ ဆောင်ရွက်နေပြီး အပြုသဘောဆောင်တဲ့ တိုးတက်မှုများရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပကတိအခြေကို နိုင်ငံတကာအသိုက်အ၀န်းက မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်မှသာ နိုင်ငံတစ်နိုင်ငံအပေါ်မှာ ဆက်ဆံမှုဟာ မျှတမှုရှိမှာ ဖြစ်ပါတယ်။ ဒါဟာလည်း တကယ့်ကို လူ့အခွင့်အရေးကို ရှေ့ရှုတဲ့ ဆက်ဆံမှု ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်နဲ့ မြန်မာနိုင်ငံရဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေ အပေါ်မှာ နိုင်ငံရေး ရည်ရွယ်ချက်တွေ၊ စွပ်စွဲဝေဘန် ပြစ်တင်မှုတွေနဲ့ နိုင်ငံရေး သိက္ခာကျဆင်းအောင် တမင်လုပ်ဆောင်နေတဲ့ နိုင်ငံတွေနဲ့ ကိုယ့်နိုင်ငံ အပေါ် မဟုတ်တာတွေ ပြောဆို ရေးသားမှ ထမင်းစားနေရတဲ့ ပြည်ပြေး ဒုစရိုက်ကောင်တွေရဲ့ နိုင်ငံရေး လုပ်ကြံမှု သတင်းတွေဟာ တကယ့် အဖြစ်မှန်တွေကို တိတိကျကျ သေသေချာချာ ကမ္ဘာကို ချပြလိုက်တဲ့အခါ နေလာ နှင်းပျောက် အခြေအနေသို့ ရောက်သွား မည်သာ ဖြစ်ကြောင်း တင်ပြလိုက် ရပါတယ်။ မောင်မင်းချင်း
credit : ကျေးစေတမန်