xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သင်္ဘောဖြင့် ကုန်စည်သယ်ပို့ခြင်း တစ်ခေတ်သစ်လာဖွယ်ရှိ

Wednesday, February 2, 2011

သင်္ဘောဖြင့် ကုန်စည်သယ်ပို့ခြင်း တစ်ခေတ်သစ်လာဖွယ်ရှိ


ကုန်းလမ်းပို့ဆောင်ရေးတွင် ၁၀ဘီး ၊ ၁၂ဘီး အစရှိသော ကုန်တင်ယာဉ်ကြီးများ၏  တင်ယူနိုင်သည့် ကုန်တန်ချိန်ကို လျှော့ချသတ်မှတ်လိုက်ခြင်းကြောင့် ရေကြောင်းကုန်စည်တင်ရန် လုပ် ငန်းရှင်များက စိတ်ဝင်စားလာ သည့် အတွက် သင်္ဘောဆောက်လုပ်မှု ပိုမိုများပြားလာကြောင်း အလုံ သင်္ဘောကျင်းမှ သိရသည်။”ကုန်းလမ်းထက် ရေကြောင်း လိုင်းက ကုန်ကျစရိတ် သက်သာ တာ ကြောင့် လက်ရှိ ဆောက်လုပ် နေတဲ့ လုပ်ငန်းရှင်တွေက သင်္ဘော စင်းရေ တိုးပြီး ဆောက်လုပ်လာကြ တယ်။ သင်္ဘောကျင်းမှာ အရင်က တစ်စင်းဆောက်တဲ့ သူ တွေ က အခု ၂ စင်း၊ ၃ စင်း ဆောက်လာကြ တယ်”ဟု အလုံသင်္ဘောကျင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်၌ သင်္ဘောစင်း ရေ ၁၂ စင်း နှင့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်တွင် သင်္ဘောစင်းရေ ၂ဝ စင်း ဆောက် လုပ်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် တွင် သင်္ဘော ၂၅ စင်းခန့် ဆောက်လုပ်နိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။”
တချို့ လုပ်ငန်းရှင်တွေဆိုရင် ရေကြောင်းလိုင်းက ကုန်တင်ကား ထက် ရက်ကြာပေမယ့် ကုန်ကျ စရိတ်သက်သာပြီး ပျက်စီးဆုံးရှုံးမှု နည်း တာကြောင့် တင်ပို့လာကြ တာ”ဟု ပြည်တွင်းရေကြောင်းမှ တာဝန်ရှိသူတစ်ဦးက သူ၏အမြင် ကို ပြောသည်။သင်္ဘောဆောက်လုပ်မှုများ၌ ဆီတွဲသင်္ဘောများ အပြင် အထွေ ထွေသင်္ဘောများ ဆောက်လုပ်မှု များပြီး ပြည်ပမှ အာဆီယံရင်းနှီး မြှုပ်နှံမှု ဝင်ရောက်လာပါက လက်ရှိ ဆောက်လုပ်မှုထက် ပိုမိုများပြား လာနိုင်ကြောင်း အလုံ သင်္ဘောကျင်းမှ တာဝန်ရှိသူတစ်ဦးက ထပ်လောင်း ပြောသည်။

Credit : Popular News