xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အပြုံးမပျက် စစ်မှုထမ်းဆောင်ခဲ့သော ကိုးရီးယား သရုပ်ဆောင် ကင်ဂျေဝန်

Wednesday, February 2, 2011

အပြုံးမပျက် စစ်မှုထမ်းဆောင်ခဲ့သော ကိုးရီးယား သရုပ်ဆောင် ကင်ဂျေဝန်

သရုပ်ဆောင် ကင်ဂျေဝန်


အမြဲရွှင်ပြသောမျက်နှာနှင့်အပြုံးချိုချိုများကြောင့်မြန်မာပရိသတ်များကြားကျော်ကြားသောတောင်ကိုရီးယား
သရုပ်ဆောင် ကင်ဂျေဝန် (Kim Jae-won) သည် သူ၏ စစ်မှုထမ်းကာလ ပြီးဆုံး သောကြောင့် ဇန်နဝါရီလ ၂၄ ရက်နေ့က တောင်ကိုရီးယား တပ်မတော်မှ အထွက်တွင် ပရိသတ် ၂၀၀ ကျော် လာရောက် ကြိုဆိုနှုတ်ဆက်ကြသည်။
လာမည့်လတွင် အသက် ၃၀ ပြည့်တော့မည့် ကင်ဂျေဝန်က စစ်တပ်ထဲတွင် ၂ နှစ်ခန့်နေဖို့ စဉ်းစားရသည်မှာ ခက်ခဲသော အလုပ်ဖြစ်ကြောင်း သို့သော် များပြားလှသော အတွေ့အကြုံများ ရရှိကြောင်း ဆိုပါသည်။
Honey Honey ၊ Romance ၊ My Love Patzzi၊  My Sister-in-Law is 19 စသော ဒရာမာ ဇာတ်လမ်းများနှင့် နာမည်ကျော်လာသူ ကင်ဂျေဝန်သည် စစ်မှုထမ်း တာဝန်ပြီးဆုံးပြီး အရပ်သားဘဝသို့ ပြန်လည်ရောက်ရှိသည့် အထိမ်းအမှတ်အဖြစ် ပရိသတ် မိတ်ဆက်တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။
Credit : ပုသိမ်မြို့တော်