xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တိုင်းဖျက် ပြည်ဆူ လုပ်ကိုင်သူ အမျိုးသားရေး ဘုံရန်သူ

Friday, February 11, 2011

တိုင်းဖျက် ပြည်ဆူ လုပ်ကိုင်သူ အမျိုးသားရေး ဘုံရန်သူ

NLD ရဲ့ နိုင်ငံတော် အစိုးရ ဆန့်ကျင်ရေးမှ လူမှုရေး ပဋိပက္ခများမှ လူထု အုံကြွရေး လှုံ့ဆော်မှု အရှိန်အဟုန်မြှင့် လာသည်နဲ့ အမျှ NLD မှ အဓိက အခြေပြု လှုပ်ရှားနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဖော်ဆောင်ရေး ဆိုတဲ့ နိုင်ငံရေး၊ မဟာဗျူဟာ အထောက်အကူပြု လူထု လှုပ်ရှားမှုအတွက် လူငယ်ကွန်ယက် ဖြန့်ကျက် လှုပ်ရှားမှု၊ ဒေါ်စုကြည်ရဲ့ ဆန္ဒတူညီမှုအရ လှုပ်ရှားနေကြတဲ့ Media Network လှုပ်ရှားမှုတွေဟာ ယခု မျက်မှောက် ကာလမှာ အရှိန်အဟုန် မြှင့်တဲ့ အဆင့်ကို ရောက်ရှိ လာတယ်လို့ သုံးသပ်တွေ့ရှိရမှာ ဖြစ်ပါတယ်။
NLD ရဲ့ အရှိန်မြှင့်တင် လှုပ်ရှားလာမှု တွေဟာ တိုင်းနဲ့ ပြည်နယ်တွေမှာ အရှိန်ယူ လှုပ်ရှားနေတဲ့ လူငယ်ကွန်ရက် လှုပ်ရှား မှု၊ လူငယ်တွေနဲ့ လက်ဝဲ နိုင်ငံရေး သမားတွေကို ရှေ့တန်းတင် လှုပ်ရှားမှုတွေဟာ နယ်စပ် လှုပ်ရှားမှု၊ လူမှုရေး အထောက်အကူ ပြုမှုတွေကို အခြေခံထားပြီး ဆန် ထောက်ပံ့ပေးမှု၊ နာရေးကူညီမှုအသင်း ကဲ့သို့ လှုပ်ရှားမှုတွေကို နိုင်ငံတကာ နိုင်ငံရေးအဆင့်မှာ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုများ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ အီးယူ နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ အပေါ် ဆက်လက် ထောက်ခံတဲ့ သဘောထားတွေကို အလေးအနက်ထား ၀ါဒဖြန့် လုပ်ဆောင်လာကြောင်း မြင်တွေ့ ကြားသိကြရမှာ ဖြစ်ပါတယ်။
NLD ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ လှုပ်ရှားမှုတွေဟာ နိုင်ငံတော်အစိုးရ အပေါ် ဆန့်ကျင်သဘောထား ရှိသူတွေကလည်း ဟန်ချက်ညီ ထောက်ခံမှုတွေ ပြုလာပြီး ယင်းတို့ရဲ့ အဓိက ဦးတည်ချက်မှာ ၁၉၈၈ ကကဲ့သို့ ဒုတိယအကြိမ် လူထု ဆူပူ အုံကြွမှု ဖြစ်စေရေးသို့ ဦးတည်နေကြောင်း NLD အတွင်း ပါဝင်နေကြသော သူများကပင် ထုတ်ဖော် ပြောဆိုနေကြောင်း ကြားသိရပါတယ်။
ယခု ကျရောက်တော့မယ့် ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့ ကျင်းပမယ့် NLD ရဲ့ ပြည်ထောင်စုနေ့ ပုံဖော်မှုဟာ နိုင်ငံတော်အတွင်း ဆူပူမှုတွေ ဖြစ်ရေးကို ဦးတည် စည်းရုံးမယ့် သဘောလက္ခဏာ ရှိနေပါတယ်။ ဒါ့အပြင် NLD နဲ့ အတူ ပါဝင် လှုပ်ရှားမှုတွေမှာ ဒေါ်စုကြည် ကိုယ်တိုင် ရှေ့တန်းထွက် ဦးဆောင်ပြီး ပါဝင်မယ်လို့ မျှော်လင့်နေကြတယ်လို့ ထင်မြင်ယူဆနေပုံ ရပါတယ်။
ဒီလို NLD / CRPP အမည်ခံ အမျိုးသားရေး အစွန်းရောက်တွေရဲ့ လှုပ်ရှားမှုတွေအပေါ် နိုင်ငံရေး အဖွဲ့အစည်းအချို့ ကလည်း ဆန့်ကျင်မှုတွေ ပြင်းပြင်းထန်ထန် လုပ်နေကြောင်း ကြားသိကြရပါတယ်။ ဒါကြောင့် NLD နဲ့ CRPP တို့ရဲ့ တိုင်းဖျက် ပြည်ဆူ လုပ်ရပ်တွေ အပေါ် ပြည်သူများ အကျိုး လိုလားတဲ့ တကယ့် နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ရှိသူတွေက တော့ ပြတ်ပြတ် သားသား တိတိကျကျ ကန့်ကွက်နေကြ ပါကြောင်းနဲ့ သူတို့ရဲ့လုပ်ရပ်တွေဟာ နိုင်ငံသား အားလုံးအတွက် ဘုံရန်သူ လုပ်ရပ်များပင် ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံ သားတိုင်းကလည်း တည်ငြိမ် အေးချမ်းစွာနဲ့ လူမှုဘ၀ကို တည်ဆောက် လိုကြပါကြောင်း ပြည်သူများ ကိုယ်စား တင်ပြလိုက် ရပါတယ်။ ကိုပြည်ချစ်
Credit: ကျေးစေတမန်