xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အာဆီယံ ပညာရေးမြှင့်တင်မှုစီမံကိန်း၌ မြန်မာပါဝင်

Saturday, February 19, 2011

အာဆီယံ ပညာရေးမြှင့်တင်မှုစီမံကိန်း၌ မြန်မာပါဝင်

အာဆီယံ ဒေသ အတွင်း ပညာ ရေး မြှင့်တင်မှု စီမံကိန်း ကို ငါးနှစ်ကြာ စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ရာ မြန်မာ အပါအ၀င် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အားလုံး ပူးပေါင်း ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်း အရ ဇန်န၀ါရီ နှောင်းပိုင်း တွင် ကျင်းပ ခဲ့သည့် ဆဋ္ဌ မ အကြိမ်မြောက် အာဆီယံ ပညာ ရေး ၀န်ကြီးများ အစည်းအဝေး (6th Ased) တွင် အာဆီယ ဒေသ တွင်း နိုင်ငံ များ၏ ပညာရေး အဆင့်အ တန်း ကမ္ဘာ့ အဆင့်မီ စေရန် မဟာဗျူ ဟာ စီမံကိန်းများ ချမှတ် ဆောင်ရွက် ရေးကို အလေးထား ဆွေးနွေး ခဲ့ ကြောင်း၊ WPE အမည်ရှိ ပညာရေး အဆင့်မြှင့် တင်မှု ငါးနှစ်ကြာ စီမံကိန်း ကို အဓိက အားဖြင့် လေးပိုင်း ခွဲ ဆောင်ရွက် မည်ဖြစ်ရာ ပညာရေး အ ဆင့် အတန်း မြှင့်တင်ရေး၊ ပညာရေး မှ တစ်ဆင့် ထွက်ပေါ် လာသည့် စွမ်း ဆောင်ရည် မြှင့်တင်ရေး၊ တစ်သက် တာလုံး လေ့လာ ဆည်းပူးမှု (life long learning) နှင့် ပရော် ဖက်ရှင် နယ်ဖွံ့ဖြိုး တိုးတက်မှု စသည် တို့ပါ ၀င်ကြောင်း၊
အဆိုပါ အစီအစဉ် အရ နယ်စပ် ဖြတ် ကျော် မိုဘိုင်း ဖုန်း အသုံး ပြု နှင့် အပြည်ပြည် ဆိုင်ရာ ပညာ ရေး မြှင့်တင်မှု စီမံကိန်း များကို အ ကောင်းဆုံး ပံ့ပိုး ကူညီလျက် ရှိကြောင်း၊ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက် အ ၀န်း၏ ပညာရေး ရည်မှန်းချက် များ ကို အကောင် အထည် ဖော်ဆောင် ရွက်နိုင်ရန်  WEP က ရည်မှန်းထား ကြောင်း၊ အဆိုပါ စီမံကိန်း သည် အာဆီယံ ဒေသ အတွင်း နေထိုင်သော လူဦးရေသန်း ၆၀၀ အတွက် အရေး ပါသည့် အခန်းကဏ္ဍမှ ပါဝင် လျက်ရှိ ကြောင်း၊ အာဆီယံ ဒေသ အတွင်းနေ ထိုင်သည့် လူဦးရေ စုစုပေါင်း သည် ကမ္ဘာ့ လူဦးရေ ၏ ၁၀ ရာခိုင်နှုန်း ဖြစ် သည့် အတွက် အဓိက ပံ့ပိုး ကူညီခြင်း ဖြစ်ကြောင်း၊ ယူနီဆက် အဖွဲ့ကြီး က လည်း အာဆီယံ ဒေသ အတွင်း နိုင်ငံ များ၏ ပညာရေး မြှင့်တင်မှု စီမံကိန်း ကို ကူညီ ပံ့ပိုးရန် ကမ်းလှမ်း ထား ကြောင်း၊ မြန်မာနိုင်ငံ သည်လည်း အရှေ့တောင် အာရှ ပညာရေး ၀န်ကြီး များ အဖွဲ့အစည်း (SEAMEO) ၌ အဖွဲ့ဝင် နိုင်ငံ အဖြစ် ပါဝင်ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။
Credit : Myanmar post